Property Expo
×
၅.။ပြင်သစ်လူမျိုး
Credit:Yourtango
#Unicode Version
ကမ္ဘာဘယ်သူကမှ ဖောက်ပြန်လိမ်ညာတတ်တဲ့သူတစ်ယောက်ကို လက်တွဲဖော်အဖြစ်ရှိစေလိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ အကြောင်းတရားတွေကြောင့် လိမ်ညာတတ်သူတွေနဲ့ ပတ်သက်ကြရတာတွေ ရှိခဲ့ဖူးပါတယ်။ လိမ်ညာတတ်တဲ့သူတွေမှာ ထူးခြားတဲ့ တိုက်ဆိုင်မှုတွေရှိနေတာကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာအမြင်အရ အလိမ်ညာတတ်ဆုံးသူတွေကတော့-
၁.။ ၉ နဲ့ဆုံးတဲ့ အသက်အရွယ်ရှိသူတွေ
Proceedings of the Natural Academy of Sciences က ပြုလုပ်တဲ့ လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရ အသက် ၂၉၊ ၃၉၊ ၄၉နှစ်အရွယ်ရှိတဲ့သူတွေက ပိုပြီးဖောက်ပြန်တာတွေ့ရှိခဲ့ပါတယ်။ ဆယ်စုနှစ်သစ်တစ်ခုကို ကူးပြောင်းခါနီးမှာ ဘဝရဲ့ ရွေးချယ်စရာတွေကို အပြောင်းအလဲ လုပ်လိုစိတ်တွေ ပြင်းထန်နေတတ်လိုု့ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။
၂.။အရပ်ရှည်တဲ့ ယောက်ျားများ
အိမ်ထောင်ပြင်ပ အပျော်ရှာရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ IllicitEncounters.comတစ်ခုရဲ့ လေ့လာချက်အရ အရပ် ၅ပေ ၁၀လက်မကျော်တဲ့ ယောက်ျားတွေက သာမန်အရပ်ရှိတဲ့ ယောက်ျားတွေထက် ၂ ဆ ပိုပြီးဖောက်ပြန်တာတွေ့ရပါတယ်။
၃.။ရော့ခ်အင်ရိုး ဂီတ ပရိသတ်များ
အခြားစစ်တမ်းတစ်ခုက ဖောက်ပြန်သူအားလုံးရဲ့ ၄၁%က ရော့ခ်အင်ရိုး ပရိသတ်တွေလို့ဆိုပါတယ်။
၄.။IT နယ်ပယ်တွင် အလုပ်လုပ်သော ယောက်ျားများ
သူတို့ရဲ့နူးညံ့တဲ့ ခေါင်းစွပ်အင်္ကျ ီတွေ၊ဆွဲဆောင်မှုရှိရှိ တပ်တတ်တဲ့ မျက်မှန်တွေနဲ့ စိတ်ရှည်သည်းခံမှု တွေကြောင့် အတွေးမှားသွားနိုင်ပေမဲ့ သူတို့ကလည်း အဖောက်ပြန်ဆုံး သူတွေထဲမှာ ပါဝင်ပါတယ်။
၅.။ပြင်သစ်လူမျိုး
ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းအရ ၇၅% သောပြင်သစ်တွေက အိမ်ထောင်ရေး ဖောက်ပြန်တဲ့သူတွေ ဖြစ်တာကို တွေ့ရှိရပါတယ်။
၆.။ဈေးဝယ်ထွက်ရတာ အရမ်းကြိုက်တဲ့သူ
အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံက စတင်ဖောက်ပြန်တဲ့အချိန်မှာ အလှပြင်ပစ္စည်းအတွက် ငွေ အများကြီးအသုံးပြုလာကြတယ်လို့ ဆိုပါတယ်။ ၂၇%က သူတို့ရဲ့ ဝယ်ယူမှုတွေအတွက် လျှို့ဝှက်ကတ်တွေကို အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
၇.။တွစ်တာကို အလွန်အကျွံ အသုံးပြုသူများ
University of Missouri က ပြုလုပ်တဲ့စစ်တမ်းအရ တွစ်တာအသုံးပြုတာများလေ ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေရှိလေဖြစ်ပြီး ပိုပြီး ဖောက်ပြန်တတ်သူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Yourtango
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top