Kantharyar Centre
×

ဒီမိုကရက္ သမၼတ ေလာင္း ဟီလာရီကလင္တန္ႏွင့္ ရီပက္ဘေလကန္သမၼတေလာင္း ေဒၚနယ္ထရန္႔၏ ပထမဆံုး သမၼ တ႐ံုးဆိုင္ရာ စကားစစ္ထိုးပဲြ မက်င္းပမီ မစၥစ္ကလင္တန္က ေဒၚနယ္ထရန္႔အေပၚ လူထု ေထာက္ခံမႈ၌ ၄ ရာခုိင္ႏႈန္း ဦး ေဆာင္ေနေၾကာင္း Reuters/Ipsos အမ်ိဳးသားစစ္တမ္းက ေတြ႕ရွိခဲ့သည္။

စက္တင္ဘာ ၁၆ မွ ၂၂ ရက္ ထိ ျပဳလုပ္ခဲ့ေသာ စစ္တမ္းတြင္ မဲေပးဖြယ္ရွိသူ ၄၁ ရာခိုင္ႏႈန္းက ဟီလာရီအေပၚ ေထာက္ခံၿပီး ၃၇ ရာခိုင္ႏႈန္းက ေဒၚနယ္ထရန္႔အ ေပၚ ေထာက္ခံခဲ့သည္။

၂၀၁၆ မဲဆြယ္ပြဲကာလအ တြင္း ဟီလာရီက အမ်ားအားျဖင့္ ထရန္႔ကို ဦးေဆာင္ခဲ့ေသာ္လည္း ဇူလိုင္အတြင္း ဒီမိုကရက္တစ္ႏွင့္ ရီပက္ဘေလကန္ပါတီ ညီလာခံမ်ားေနာက္ပိုင္း ဦးေဆာင္မႈ က်ဥ္းေျမာင္းလာသည္။

 ႏို၀င္ဘာ ၈ ရက္ ေရြးေကာက္ပဲြမတုိင္မီ တစ္လခဲြခန္႔သာ လိုေတာ့သည့္အခ်ိန္တြင္ စက္တင္ဘာ ၂၆ ရက္၌ နယူးေယာက္ၿမိဳ႕ Hofstra တကၠသိုလ္တြင္ ပထမဆံုး စကားစစ္ထုိးပဲြက်င္းပမည္ ျဖစ္သည္။

စုစုေပါင္း စကားစစ္ထိုးပဲြ သံုးႀကိမ္က်င္းပမည္ျဖစ္ၿပီး သမၼတေလာင္း ႏွစ္ဦးၾကား ဆံုးျဖတ္ခ်က္မခ်ရေသးေသာ မဲဆႏၵရွင္မ်ားကို ဆဲြေဆာင္ရန္ ေနာက္ဆံုးအခြင့္အေရးျဖစ္ကာ ႐ုပ္သံတိုက္႐ိုက္ထုတ္လႊင့္မႈကို ႏိုင္ငံသား တစ္သန္းခန္႔က ၾကည့္႐ႈမည္ဟု ေမွ်ာ္လင့္ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :  7Day Daily


#Unicode Version



 ဒီမိုကရက် သမ္မတ လောင်း ဟီလာရီကလင်တန်နှင့် ရီပက်ဘလေကန်သမ္မတလောင်း ဒေါ်နယ်ထရန့်၏ ပထမဆုံး သမ္မ တရုံးဆိုင်ရာ စကားစစ်ထိုးပွဲ မကျင်းပမီ မစ္စစ်ကလင်တန်က ဒေါ်နယ်ထရန့်အပေါ် လူထု ထောက်ခံမှု၌ ၄ ရာခိုင်နှုန်း ဦး ဆောင်နေကြောင်း Reuters/Ipsos အမျိုးသားစစ်တမ်းက တွေ့ရှိခဲ့သည်။

စက်တင်ဘာ ၁၆ မှ ၂၂ ရက် ထိ ပြုလုပ်ခဲ့သော စစ်တမ်းတွင် မဲပေးဖွယ်ရှိသူ ၄၁ ရာခိုင်နှုန်းက ဟီလာရီအပေါ် ထောက်ခံပြီး ၃၇ ရာခိုင်နှုန်းက ဒေါ်နယ်ထရန့်အ ပေါ် ထောက်ခံခဲ့သည်။

၂၀၁၆ မဲဆွယ်ပွဲကာလအ တွင်း ဟီလာရီက အများအားဖြင့် ထရန့်ကို ဦးဆောင်ခဲ့သော်လည်း ဇူလိုင်အတွင်း ဒီမိုကရက်တစ်နှင့် ရီပက်ဘလေကန်ပါတီ ညီလာခံများနောက်ပိုင်း ဦးဆောင်မှု ကျဉ်းမြောင်းလာသည်။

 နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ တစ်လခွဲခန့်သာ လိုတော့သည့်အချိန်တွင် စက်တင်ဘာ ၂၆ ရက်၌ နယူးယောက်မြို့ Hofstra တက္ကသိုလ်တွင် ပထမဆုံး စကားစစ်ထိုးပွဲကျင်းပမည် ဖြစ်သည်။

စုစုပေါင်း စကားစစ်ထိုးပွဲ သုံးကြိမ်ကျင်းပမည်ဖြစ်ပြီး သမ္မတလောင်း နှစ်ဦးကြား ဆုံးဖြတ်ချက်မချရသေးသော မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် နောက်ဆုံးအခွင့်အရေးဖြစ်ကာ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုကို နိုင်ငံသား တစ်သန်းခန့်က ကြည့်ရှုမည်ဟု မျှော်လင့်ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit :  7Day Daily



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top