Property Expo
×







၎-အရပ်ရှည်တာထက် ပုတာကမှ ကောင်းသေးတယ်"








Credit : Duwun

#Unicode Version

၁-ထိုင်နေတုန်းက အရပ်ရှည်ကြီးထင်နေတာ"

ဒါမျိုး ကျွန်မ ခဏခဏ ကြားရပါတယ်။ ကြားရတဲ့ အချိန်တိုင်းလည်း အောင့်သက်သက်နဲ့ပါ။ သူလည်း အကျိုးမရှိ၊ တစ်ဖက်လူလည်း ခံရခက်မယ့် စကားကို ဘာကြောင့် ပြောကြမှန်း မသိကြပါဘူး။

၂-ဒေါက်ဖိနပ်ကြိုက်တယ်နော်"

ဒေါက်ဖိနပ် အမြဲဝတ်တာကပဲ အပြစ်တစ်ခုလို ဖြစ်နေပါတယ်။ ဒီလိုစကားမျိုးကို ကြားရတာ ကျွန်မက မဖြစ်နိုင်တာကြီးကို အတင်းလိုက်ကြိုးစားနေသလိုပါပဲ။ တခြားမိန်းကလေးတွေလည်း ဒေါက်ဖိနပ် ဝတ်နေကြတာပါပဲ။

၃-တစ်ချို့ ကောင်လေးတွေက ပုမှာကြိုက်တာ"

ကျွန်မ အရပ်ပုတာနဲ့ပဲ ကောင်လေး မရမှာ အမြဲစိုးရိမ်နေရတော့မယ့် ပုံပါ။



၄-အရပ်ရှည်တာထက် ပုတာကမှ ကောင်းသေးတယ်"

ဒီလို စကားမျိုးကလည်း ကျွန်မအတွက် မလိုအပ်ပါဘူး။ ဘယ်လိုမှ စိတ်သက်သာရာ မရစေပါဘူး။

၅-ကောင်းတဲ့ဘက်က တွေးကြည့်လေ၊ ကောင်လေးရလာရင် သူ့ထက် မြင့်မနေတော့ဘူးပေါ့"

ကိုယ့်ထက် အရပ်ရှည်တဲ့ ယောကျာ်းလေးကိုပဲ တွဲရမယ်လို့ ဘယ်သူမှ လာသတ်မှတ်မထားပါဘူး။ ကိုယ်အရပ်ပုနေတယ်ဆိုတာကိုပဲ ဒီစကားကြောင့် ပိုသတိထားမိသွားပါတယ်။

၆-ကန့်လန့်စင်းတွေ မဝတ်နဲ့နော်"

နင် ပုတာ လူသိကုန်မယ်နော်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

၇-ဟိုတစ်ယောက်လည်း နင့်လိုပုတယ်"

ဘယ်မင်းသမီး၊ ဘယ်နာမည်ကျော်လည်း နင့်လိုပုတယ်ဆိုပြီး ခိုင်းနှိုင်းပြောတာက မလိုအပ်ပါဘူး။  ကိုယ့်ဘဝကိုယ် ကျေနပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top