Property Expo
×

ျပီးခဲ့သည့္လက ထုိင္းတြင္ ျဖစ္ပြားခဲ့သည့္ ဆက္တိုက္ ဗံုးခြဲ တိုက္ခုိက္မႈမ်ား၏ လက္သည္မွာ ရဲတပ္ဖြဲ႕ ေၾကညာသလုိ မြတ္ဆလင္ ခြဲထြက္ေရး လႈပ္ရွားသူမ်ား မဟုတ္ဟု ထိုင္းဒုတိယ ဝန္ႀကီးခ်ဳပ္က ေျပာၾကားလုိက္သည္။

ထိုင္းရဲတပ္ဖဲြ႕က ဩဂုတ္လအတြင္း ကမာၻလွည့္ ခရီးသြားမ်ား စည္ကားရာ ေဒသမ်ားကို ပစ္မွတ္ထားခဲ့သည့္ ဗံုးခြဲတိုက္ခုိက္မႈမ်ားကို ႏုိင္ငံေတာင္ပိုင္းရွိ မြတ္ဆလင္ ခြဲထြက္ေရး သူပုန္မ်ားက က်ဴးလြန္ေၾကာင္း ေၾကညာထားသည္။ အဆိုပါ တိုက္ခုိက္မႈမ်ားအတြင္း လူ ၄ ဦးေသဆံုးၿပီး ဒါဇင္ႏွင့္ခ်ီ ဒဏ္ရာမ်ား ရခဲ့သည္။

ထိုင္းႏုိင္ငံေရး ေလ့လာသူမ်ားကလည္း ႏုိင္ငံေတာင္ပိုင္းရွိ မြတ္ဆလင္ဦးေရ မ်ားျပားေသာ ယာလာ၊ နာရာသီဝတ္ႏွင့္ ပတၱနီတို႔တြင္ အေျခစိုက္သည့္ ခြဲထြက္ေရးသူပုန္မ်ားက ယခုတိုက္ခုိက္မႈမ်ားကို ေနာက္ကြယ္မွ စီမံခဲ့ျခင္း ျဖစ္ႏုိင္ေၾကာင္း သံုးသပ္ခဲ့ၾကသည္။ ထုိင္းရဲတပ္ဖဲြ႕သည္ အဆုိပါ ျဖစ္ရပ္မ်ားႏွင့္ ဆက္စပ္၍ သံသယရွိသူ ႏွစ္ဦးကိုလည္း ဖမ္းဆီးထားသည္။

သို႔ေသာ္ ထုိင္းစစ္အစိုးရ၏ ဒုတိယ ဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီးျဖစ္သူ ပရာဝစ္ ဝန္ဆူဝမ္က ရဲမ်ား၏ ေၾကညာမႈႏွင့္ ဆန္႔က်င္ဘက္ ေျပာၾကားသြားခဲ့သည္။ “အခု ဖမ္းထားတယ္ဆိုတဲ့ သံသယ တရားခံ ႏွစ္ေယာက္ဟာ ေတာင္ပိုင္းေဒသေတြက ျဖစ္တယ္ဆိုရင္ေတာင္ ေတာင္ပိုင္းမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြ၊ သူပုန္ထမႈေတြနဲ႔ ဆက္စပ္မႈ မရွိပါဘူး”ဟု ၎က ဆိုသည္။

၎၏ မွတ္ခ်က္သည္ ၿပီးခဲ့သည့္လက ထုိင္းရဲတပ္ဖြဲ႕ ထုတ္ျပန္ထားသည့္ ေၾကညာခ်က္မ်ားႏွင့္ ေျဖာင့္ေျဖာင့္ႀကီး ဆန္႔က်င္ေနသည့္ သေဘာလည္း ျဖစ္သည္။ ထိုင္းတြင္ ဝန္ႀကီးခ်ဳပ္ ပယာရြတ္သ္ ခ်န္အိုခ်ာ ဦးေဆာင္သည့္ အာဏာသိမ္း စစ္အစိုးရ တက္လာၿပီးကတည္းက ႏုိင္ငံေတာင္ပိုင္း ေဒသသံုးခုတြင္ သူပုန္ထ လႈပ္ရွားမႈမ်ား ၆၀ ရာခုိင္ႏႈန္းထိ က်ဆင္းသြားေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပြီးခဲ့သည့်လက ထိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆက်တိုက် ဗုံးခွဲ တိုက်ခိုက်မှုများ၏ လက်သည်မှာ ရဲတပ်ဖွဲ့ ကြေညာသလို မွတ်ဆလင် ခွဲထွက်ရေး လှုပ်ရှားသူများ မဟုတ်ဟု ထိုင်းဒုတိယ ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

ထိုင်းရဲတပ်ဖွဲ့က ဩဂုတ်လအတွင်း ကမ္ဘာလှည့် ခရီးသွားများ စည်ကားရာ ဒေသများကို ပစ်မှတ်ထားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများကို နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင် ခွဲထွက်ရေး သူပုန်များက ကျူးလွန်ကြောင်း ကြေညာထားသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း လူ ၄ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာများ ရခဲ့သည်။

ထိုင်းနိုင်ငံရေး လေ့လာသူများကလည်း နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်ဦးရေ များပြားသော ယာလာ၊ နာရာသီဝတ်နှင့် ပတ္တနီတို့တွင် အခြေစိုက်သည့် ခွဲထွက်ရေးသူပုန်များက ယခုတိုက်ခိုက်မှုများကို နောက်ကွယ်မှ စီမံခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ ဖြစ်ရပ်များနှင့် ဆက်စပ်၍ သံသယရှိသူ နှစ်ဦးကိုလည်း ဖမ်းဆီးထားသည်။

သို့သော် ထိုင်းစစ်အစိုးရ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဝစ် ဝန်ဆူဝမ်က ရဲများ၏ ကြေညာမှုနှင့် ဆန့်ကျင်ဘက် ပြောကြားသွားခဲ့သည်။ “အခု ဖမ်းထားတယ်ဆိုတဲ့ သံသယ တရားခံ နှစ်ယောက်ဟာ တောင်ပိုင်းဒေသတွေက ဖြစ်တယ်ဆိုရင်တောင် တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ သူပုန်ထမှုတွေနဲ့ ဆက်စပ်မှု မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

၎င်း၏ မှတ်ချက်သည် ပြီးခဲ့သည့်လက ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ထားသည့် ကြေညာချက်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့် သဘောလည်း ဖြစ်သည်။ ထိုင်းတွင် ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာ ဦးဆောင်သည့် အာဏာသိမ်း စစ်အစိုးရ တက်လာပြီးကတည်းက နိုင်ငံတောင်ပိုင်း ဒေသသုံးခုတွင် သူပုန်ထ လှုပ်ရှားမှုများ ၆၀ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top