Property Expo
×






#Unicode Version
တိုက်ကြီးမြို့နယ်တွင် ခဲအိုဖြစ်သူက ဆိုင်ကယ်စီးသင်ပေးမည်ဟု ပြောဆိုကာသားမယားအဖြစ် ပြုကျင့်ခဲ့သည့်အမှုကို သက်ဆိုင်ရာက စက်တင်ဘာ ၂၄ ရက်တွင်အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အစ်မဖြစ်သူ၏ ခင်ပွန်း သန်းဝင်းအောင်
(၃၂ နှစ်)ရောက်လာပြီး ဆိုင်ကယ်စီးသင်ပေးမည်ပြောကာ ခေါ်ဆောင်ခဲ့သည်။

၎င်းကို တောထဲရှိ တဲဟောင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သည်။

ထို့နောက် ဓားထုတ်ပြ၍ ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း
သိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ တိုက်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီး
ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times News
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top