Property Expo
×

အင်ဒိုနီးရှား ဘာလီရေပြင်တွင် အမြန်သင်္ဘော ပေါက်ကွဲနေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

    အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းနှင့် Lombok ကျွန်းများအနီးရှိ ပင်လယ်ဆိပ်ကမ်းများ ချိတ်ဆက်ထားသည့် အမြန်သင်္ဘော (Fast boat) တစ်စီး စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပေါက်ကွဲခဲ့ရာ သင်္ဘောပေါ်တွင် ပါသွားသူ တစ်ဦး သေဆုံးခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း သင်္ဘောတွင် သင်္ဘော ဝန်ထမ်း ၅ ဦး အပါအဝင် လူ ၁၄ ဦး လိုက်ပါသွားပြီး ဘာလီ အနောက်ပိုင်းရှိ ဆိပ်ကမ်းမှ Lombok ရှိ ကျော်ကြားလှသည့် အပန်းဖြေနေရာ တစ်ခု ဖြစ်သော Gili Trawangan ကျွန်းသို့ သွားပြီး ၁၀ မိနစ်ခန့်အကြာတွင် သင်္ဘော အင်ဂျင် မီးလောင်ကျွမ်းခဲ့ကြောင်း Karangasem ရဲတပ်ဖွဲ့ အကြီးအကဲ အဆင့်မြင့် ရဲမင်းကြီး Sugeng Sudarso ထံမှ သိရသည်။



အဆိုပါ သင်္ဘောသည် ဘာလီမှ Lombok သို့ ခရီးသွား ဧည့်သည် ဒါဇင်ပေါင်းများစွာအား ပုံမှန် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။


Credit:Thit Htoo Lwin

#Unicode Version
အင်ဒိုနီးရှား ဘာလီရေပြင်တွင် အမြန်သငေ်္ဘာ ပေါက်ကွဲနေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဂျကာတာ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းနှင့် Lombok ကျွန်းများအနီးရှိ ပင်လယ်ဆိပ်ကမ်းများ ချိတ်ဆက်ထားသည့် အမြန်သငေ်္ဘာ (Fast boat) တစ်စီး စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပေါက်ကွဲခဲ့ရာ သငေ်္ဘာပေါ်တွင် ပါသွားသူ တစ်ဦး သေဆုံးခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း သငေ်္ဘာတွင် သငေ်္ဘာ ဝန်ထမ်း ၅ ဦး အပါအဝင် လူ ၁၄ ဦး လိုက်ပါသွားပြီး ဘာလီ အနောက်ပိုင်းရှိ ဆိပ်ကမ်းမှ Lombok ရှိ ကျော်ကြားလှသည့် အပန်းဖြေနေရာ တစ်ခု ဖြစ်သော Gili Trawangan ကျွန်းသို့ သွားပြီး ၁၀ မိနစ်ခန့်အကြာတွင် သငေ်္ဘာ အင်ဂျင် မီးလောင်ကျွမ်းခဲ့ကြောင်း Karangasem ရဲတပ်ဖွဲ့ အကြီးအကဲ အဆင့်မြင့် ရဲမင်းကြီး Sugeng Sudarso ထံမှ သိရသည်။

ယင်း ဖြစ်စဉ်သည် ဒေသစံတော်ချိန် နံနက် ၉း၃၅ နာရီ၌ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသား တစ်ဦးသေဆုံးခဲ့ပြီး ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများနှင့် သေဆုံးသူများအား ဘာလီ ဒန်ပါစာရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ မတော်တဆမှု ဖြစ်ပွားရခြင်းအား စုံစမ်းနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ သငေ်္ဘာသည် ဘာလီမှ Lombok သို့ ခရီးသွား ဧည့်သည် ဒါဇင်ပေါင်းများစွာအား ပုံမှန် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဒေသခံ ခရီးသွား ဝန်ဆောင်မှု စီမံခန့်ခွဲခြင်း အားနည်းချက်ကြောင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top