Royal Maung Bamar Residence
×




Credit : Duwun


#Unicode Version

တီဗွီကြည့်တဲ့ကလေးတွေဟာ စာအုပ်ဖတ်တဲ့ကလေးတွေနဲ့ယှဉ်ရင် တီထွင်နိုင်စွမ်း နည်းပါးလာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ ၁၅ မိနစ်နဲ့ ၁၅ မိနစ်အထက် တီဗွီကြည့်တဲ့ကလေးတွေဟာ စာအုပ်ဖတ်တဲ့ကလေးတွေ၊ jigsaw ဆော့တဲ့ကလေးတွေနဲ့ နှိုင်းယှဉ်ရင် တီထွင်နိုင်တဲ့စိတ်ကူးတွေ နည်းပါးနိုင်ခြေရှိတာ ဖြစ်ပါတယ်။

သုတေသနကို ဗြိတိန်မှ Staffordshire တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး တီဗွီကြည့်ပြီးတဲ့အခါမှာ ကလေးတွေဟာ ကိုယ်ပိုင်အတွေးအခေါ်အယူအဆမျိုး ရုတ်တရက် ပျောက်သွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီလိုပျောက်ဆုံးမှုဟာ ခဏပဲဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့သူ ကထိက ဆာရာရို့စ်က ပြောထားပါတယ်။

ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာ ကလေးတွေရဲ့တိုးတက်မှုကို ထိခိုက်စေတယ်လို့ သူမက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top