Kantharyar Centre
×

ရက္ရွ္မာ ကြာရွီဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က အက္ဆစ္နဲ႔ပက္ၿပီး တုိက္ခိုက္ခံခဲ့ရလုိ႔ မ်က္ႏွာပ်က္စီးခဲ့ရေပမယ့္ ဘ၀ကို အ႐ႈံးမေပးခဲ့ဘဲ လက္ရွိမွာေတာ့ မိတ္ကပ္ပညာရွင္တဦး ျဖစ္လာခဲ့ပါတယ္။
သူဟာ အက္ဆစ္ေရာင္းခ်ျခင္းကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြမွာ လႈံ႔ေဆာ္သူတဦးအျဖစ္ ပါ၀င္ေနၿပီး အလွအပဆိုင္ရာ အႀကံျပဳခ်က္ ႐ုပ္သံဗြီဒီယိုဖိုင္ေတြကို မွ်ေ၀ေနခဲ့တာပါ။

ရက္ရွ္မာ ကြာရွီဟာ ၂၀၁၄ ခုႏွစ္မွာ ခဲအိုျဖစ္သူက မ်က္ႏွာကို အက္ဆစ္နဲ႔ပက္ၿပီး တိုက္ခိုက္ခံခဲ့ရာကေန အသက္မေသဘဲ လြတ္ေျမာက္လာခဲ့သူပါ။

“က်မရဲ႕ခဲအိုဟာ က်မအစ္မကို အမ်ိဳးမ်ိဳးႏွိပ္စက္ခဲ့တဲ့အျပင္ က်မမ်က္ႏွာကုိလည္း အက္ဆစ္နဲ႔ပက္ခဲ့တာပါ။ အစ္မရဲ႕လက္ကိုလည္း အက္ဆစ္နဲ႔ ပက္ခဲ့ပါတယ္။ အဲဒီေန႔က က်မတို႔ေဘးမွာ လူေတြ ၀ိုင္းေနခဲ့ၾကေပမယ့္ ဘယ္သူကမွ မကူညီႏိုင္ခဲ့ၾကပါဘူး” လို႔ ေျပာပါတယ္။

သူ႔ရဲ႕ဘ၀ဟာ အဲဒီေနာက္မွာေတာ့ လံုး၀ကို ေျပာင္းလဲသြားခဲ့တယ္လို႔ ဆိုပါတယ္။

“က်မ ခြဲစိတ္မႈေတြ လုပ္ၿပီးခဲ့တဲ့အခ်ိန္မွာ က်မရဲ႕မ်က္ႏွာကို ျပန္ၾကည့္လိုက္ေတာ့ ဒါဟာ က်မပါဆိုတာကို ဘယ္လိုမွ မယံုႏိုင္ခဲ့ပါဘူး။ က်မမိသားစု၀င္ေတြကို က်မ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမယ္လို႔ ေျပာခဲ့တယ္။ လူတိုင္းက အသက္ရွင္ေနထိုင္ႏိုင္ျခင္းကို နားလည္ႏိုင္ဖို႔ က်မကို ကူညီေပးခဲ့ၾကပါတယ္။”

ရက္ရွ္မာဟာ အဲဒီေနာက္မွာေတာ့ “အျပစ္အနာအဆာမပါဘဲ ခ်စ္ျခင္းေမတၱာကို ဖန္တီးပါ” လို႔ အမည္ရတဲ့ ပရဟိတလုပ္ငန္းေတြမွာ ပါ၀င္လႈပ္ရွားခဲ့ပါတယ္။

သူဟာ အက္ဆစ္နဲ႔တိုက္ခိုက္ခံရတဲ့ ခုလိုအျဖစ္ေတြရဲ႕ တခုတည္းေသာ ျပယုဂ္တခု ျဖစ္လာခဲ့ပါၿပီ။

ႏွစ္သိမ့္ေဆြးေႏြး ပညာေပးမႈေတြဟာ သူအသက္ရွင္ေနထိုင္ရမယ္ဆိုတဲ့ အစြမ္းသတၱိနဲ႔ ျပန္လည္ရွင္သန္ခြင့္အတြက္ မကူညီႏိုင္ခဲ့ဘူးလို႔ ရက္ရွ္မာက ေျပာပါတယ္။

ခုခ်ိန္မွာေတာ့ သူမဟာ အိႏၵိယႏိုင္ငံမွာ အက္ဆစ္ကို လြတ္လြတ္လပ္လပ္ ေရာင္းခ်ခြင့္ ရပ္တန္႔ႏိုင္ဖို႔ လႈံ႔ေဆာ္ေရးလုပ္ငန္းေတြမွာ ပါ၀င္ေနပါတယ္။
READ  C-String အမ်ိဳးသမီးအတြင္းခံ ေၾကာ္ျငာ

အက္ဆစ္ေရာင္းခ်မႈကို ၂၀၁၃ ခုႏွစ္မွာ အိႏၵိယဗဟိုတရား႐ုံးက တားျမစ္ခဲ့ေပမယ့္ လ်စ္လ်ဴ႐ႈခဲ့ၾကၿပီး ႐ူပီးအနည္းငယ္ေလာက္ရွိ႐ုံနဲ႔ ေနရာအႏွံ႔ အက္ဆစ္ေတြကို အလြယ္တကူ ၀ယ္လို႔ရေနတယ္လို႔ ရက္ရွ္မာက ေျပာပါတယ္။

ခုခ်ိန္မွာေတာ့ ရက္ရွ္မာကို အေမရိကန္ႏိုင္ငံမွာ က်င္းပမယ့္ နယူးေယာက္ဖက္ရွင္ ရက္သတၱပတ္ အစီအစဥ္မွာ ပါ၀င္ဖို႔ ဖိတ္ေခၚျခင္း ခံခဲ့ရပါၿပီ။

ဒါဟာ သူ႔ရဲ႕ ပထမဆံုး ႏိုင္ငံတကာ အေတြ႔အႀကဳံတခုျဖစ္ၿပီး တျခား ဒဏ္ရာအနာတရေတြ ရၿပီးမွ လြတ္ေျမာက္လာသူေတြအတြက္ အားအင္တခု ရေစလိမ့္မယ္လို႔ သူမက ေမွ်ာ္လင့္ေနတာပါ။

“ခုလိုဖိတ္ခံရတာဟာ က်မအတြက္ တကယ့္ကို ႀကီးက်ယ္ခမ္းနားမႈတခုပါပဲ။ လူေတြအမ်ားႀကီးကို က်မရဲ႕အေၾကာင္း ေျပာခြင့္ရမယ္။ က်မကိုျမင္ရတဲ့ တျခား ႏွိပ္စက္ခံရသူေတြလည္း အားအင္တခုခု ရေစပါလိမ့္မယ္။ အလွတရားဆိုတာ ရွင္တို႔ရဲ႕မ်က္ႏွာနဲ႔ ျပင္ပသြင္ျပင္ေတြကလာတာ မဟုတ္မွန္း က်မ သင္ယူခဲ့ရပါတယ္။ တကယ္ေတာ့ ရွင္တို႔မွာ ယံုၾကည္မႈရွိရင္ ရွင္တို႔ဟာ လွေနမွာပါပဲ။”

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin pyin

#Unicode Version

ရက်ရှ်မာ ကွာရှီဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အက်ဆစ်နဲ့ပက်ပြီး တိုက်ခိုက်ခံခဲ့ရလို့ မျက်နှာပျက်စီးခဲ့ရပေမယ့် ဘဝကို အရှုံးမပေးခဲ့ဘဲ လက်ရှိမှာတော့ မိတ်ကပ်ပညာရှင်တဦး ဖြစ်လာခဲ့ပါတယ်။
သူဟာ အက်ဆစ်ရောင်းချခြင်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ လှုံ့ဆော်သူတဦးအဖြစ် ပါဝင်နေပြီး အလှအပဆိုင်ရာ အကြံပြုချက် ရုပ်သံဗွီဒီယိုဖိုင်တွေကို မျှဝေနေခဲ့တာပါ။

ရက်ရှ်မာ ကွာရှီဟာ ၂၀၁၄ ခုနှစ်မှာ ခဲအိုဖြစ်သူက မျက်နှာကို အက်ဆစ်နဲ့ပက်ပြီး တိုက်ခိုက်ခံခဲ့ရာကနေ အသက်မသေဘဲ လွတ်မြောက်လာခဲ့သူပါ။

“ကျမရဲ့ခဲအိုဟာ ကျမအစ်မကို အမျိုးမျိုးနှိပ်စက်ခဲ့တဲ့အပြင် ကျမမျက်နှာကိုလည်း အက်ဆစ်နဲ့ပက်ခဲ့တာပါ။ အစ်မရဲ့လက်ကိုလည်း အက်ဆစ်နဲ့ ပက်ခဲ့ပါတယ်။ အဲဒီနေ့က ကျမတို့ဘေးမှာ လူတွေ ဝိုင်းနေခဲ့ကြပေမယ့် ဘယ်သူကမှ မကူညီနိုင်ခဲ့ကြပါဘူး” လို့ ပြောပါတယ်။

သူ့ရဲ့ဘဝဟာ အဲဒီနောက်မှာတော့ လုံးဝကို ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

“ကျမ ခွဲစိတ်မှုတွေ လုပ်ပြီးခဲ့တဲ့အချိန်မှာ ကျမရဲ့မျက်နှာကို ပြန်ကြည့်လိုက်တော့ ဒါဟာ ကျမပါဆိုတာကို ဘယ်လိုမှ မယုံနိုင်ခဲ့ပါဘူး။ ကျမမိသားစုဝင်တွေကို ကျမ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ ပြောခဲ့တယ်။ လူတိုင်းက အသက်ရှင်နေထိုင်နိုင်ခြင်းကို နားလည်နိုင်ဖို့ ကျမကို ကူညီပေးခဲ့ကြပါတယ်။”

ရက်ရှ်မာဟာ အဲဒီနောက်မှာတော့ “အပြစ်အနာအဆာမပါဘဲ ချစ်ခြင်းမေတ္တာကို ဖန်တီးပါ” လို့ အမည်ရတဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

သူဟာ အက်ဆစ်နဲ့တိုက်ခိုက်ခံရတဲ့ ခုလိုအဖြစ်တွေရဲ့ တခုတည်းသော ပြယုဂ်တခု ဖြစ်လာခဲ့ပါပြီ။

နှစ်သိမ့်ဆွေးနွေး ပညာပေးမှုတွေဟာ သူအသက်ရှင်နေထိုင်ရမယ်ဆိုတဲ့ အစွမ်းသတ္တိနဲ့ ပြန်လည်ရှင်သန်ခွင့်အတွက် မကူညီနိုင်ခဲ့ဘူးလို့ ရက်ရှ်မာက ပြောပါတယ်။

ခုချိန်မှာတော့ သူမဟာ အိန္ဒိယနိုင်ငံမှာ အက်ဆစ်ကို လွတ်လွတ်လပ်လပ် ရောင်းချခွင့် ရပ်တန့်နိုင်ဖို့ လှုံ့ဆော်ရေးလုပ်ငန်းတွေမှာ ပါဝင်နေပါတယ်။
READ  C-String အမျိုးသမီးအတွင်းခံ ကြော်ငြာ

အက်ဆစ်ရောင်းချမှုကို ၂၀၁၃ ခုနှစ်မှာ အိန္ဒိယဗဟိုတရားရုံးက တားမြစ်ခဲ့ပေမယ့် လျစ်လျူရှုခဲ့ကြပြီး ရူပီးအနည်းငယ်လောက်ရှိရုံနဲ့ နေရာအနှံ့ အက်ဆစ်တွေကို အလွယ်တကူ ဝယ်လို့ရနေတယ်လို့ ရက်ရှ်မာက ပြောပါတယ်။

ခုချိန်မှာတော့ ရက်ရှ်မာကို အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် နယူးယောက်ဖက်ရှင် ရက်သတ္တပတ် အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါပြီ။

ဒါဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာ အတွေ့အကြုံတခုဖြစ်ပြီး တခြား ဒဏ်ရာအနာတရတွေ ရပြီးမှ လွတ်မြောက်လာသူတွေအတွက် အားအင်တခု ရစေလိမ့်မယ်လို့ သူမက မျှော်လင့်နေတာပါ။

“ခုလိုဖိတ်ခံရတာဟာ ကျမအတွက် တကယ့်ကို ကြီးကျယ်ခမ်းနားမှုတခုပါပဲ။ လူတွေအများကြီးကို ကျမရဲ့အကြောင်း ပြောခွင့်ရမယ်။ ကျမကိုမြင်ရတဲ့ တခြား နှိပ်စက်ခံရသူတွေလည်း အားအင်တခုခု ရစေပါလိမ့်မယ်။ အလှတရားဆိုတာ ရှင်တို့ရဲ့မျက်နှာနဲ့ ပြင်ပသွင်ပြင်တွေကလာတာ မဟုတ်မှန်း ကျမ သင်ယူခဲ့ရပါတယ်။ တကယ်တော့ ရှင်တို့မှာ ယုံကြည်မှုရှိရင် ရှင်တို့ဟာ လှနေမှာပါပဲ။”

ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top