Property Expo
×

မန္စီးတီးကစားသမား ယာယာတိုေယးကို ခ်န္ပီယံလိဂ္ လူစာရင္းက ခ်န္လွပ္ခဲ့မႈနဲ႔ ပတ္သတ္ၿပီး ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူဟာ နည္းျပဂြါဒီယိုလာကို ဆက္တုိက္ေဝဖန္မႈေတြ ျပဳလုပ္လွ်က္ရွိပါတယ္။
ယာယတိုေယးကို ပြဲထြက္ခြင့္မေပးတဲ့ ကိစၥေတြနဲ႔ပတ္သတ္ၿပီး ဂြါဒီယိုလာနဲ႔ ယာယာတိုေယးေအးဂ်င့္ ဆီလက္က ေဝဖန္မႈေတြ မၾကာခဏ ျပဳလုပ္လွ်က္ရွိေနတာျဖစ္ပါတယ္။ ယာယာတိုေယးကို ခ်န္ပီယံလိဂ္လူစာရင္းက ထုတ္ပစ္လိုက္တာဟာ မန္စီးတီးအသင္းအေနနဲ႔ အာဖရိကမွာရွိတဲ့ ပရိသတ္ေတြကို ဆံုး႐ံႈးရမွာျဖစ္ေၾကာင္း ေအးဂ်င့္ဆီလက္က ေျပာထားပါေသးတယ္။


အခုလည္း နည္းျပဂြါဒီယိုလာဟာ နည္းျပေကာင္းတစ္ေယာက္ မဟုတ္ဘူးလို႔ ေျပာလိုက္ျပန္ပါတယ္။ ဂြါဒီယိုလာ လက္ထက္မွာ ဘာစီလိုနာအသင္း ေအာင္ျမင္မႈ မ်ားစြာရခဲ့တာဟာ နည္းျပစြမ္းေဆာင္ရည္ ေကာင္းလို႔မဟုတ္ပဲ မက္ဆီေၾကာင့္သာ ျဖစ္တယ္လုိ႔ ဆိုပါတယ္။ အရင္နည္းျပေဟာင္း ရစ္ကတ္ တည္ေဆာက္ခဲ့တဲ့ ဘာစီလိုနာကို ဂြါဒီယိုလာက အဆင္သင့္ လႊဲယူခဲ့ၿပီး မက္ဆီရွိေနတာေၾကာင့္လည္း သူကံေကာင္းခဲ့တာျဖစ္တယ္လို႔ ဆီလက္က ေျပာပါတယ္။

ဘိုင္ယန္ျမဴးနစ္လို အသင္းမ်ိဳးကို အမွတ္ေပးဖလား ရေအာင္စြမ္းေဆာင္ႏုိင္တယ္ဆိုတာလည္း အရမ္းကိုလြယ္ကူတဲ့အလုပ္ျဖစ္ၿပီး မိမိရဲ႕ အဘိုးျဖစ္သူ နည္းျပလုပ္ရင္ေတာင္ ခ်န္ပီယံျဖစ္ႏုိင္တယ္လို႔ ကစားသမားရဲ႕ေအးဂ်င့္က ဆိုပါတယ္။ " ဘာစီလိုနာကို မက္ဆီက ေအာင္ျမင္မႈေတြေပးခဲ့တာပါ။ ဂြါဒီယိုလာမဟုတ္ဘူး။ ဘုိင္ယန္ျမဴးနစ္ဆိုတာလည္း ကၽြန္ေတာ့္အဘိုး နည္းျပလုပ္ရင္ေတာင္ ဖလားရႏုိင္တဲ့ အသင္းမ်ိဳးပါ" လို႔ ေျပာပါတယ္။
ဂြါဒီယိုလာဘက္ကေတာ့ ေအးဂ်င့္ျဖစ္သူ ဆီလက္ကို ဒီစကားေတြအတြက္ ျပန္ေတာင္းပန္ခိုင္းထားေၾကာင္း သိရပါတယ္။ ဂြါဒီယိုလာအေနနဲ႔ သူ႔ကုိယ္သူ နည္းျပေကာင္းလို႔ ခံယူတယ္ဆိုရင္ ဆန္းဒါးလန္းလိုအသင္းမ်ိဳး သြားေရာက္ကိုင္တြယ္သြင့္ေၾကာင့္ ဆီလက္က ေဝဖန္ထားပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Mail

#Unicode Version
မန်စီးတီးကစားသမား ယာယာတိုယေးကို ချန်ပီယံလိဂ် လူစာရင်းက ချန်လှပ်ခဲ့မှုနဲ့ ပတ်သတ်ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူဟာ နည်းပြဂွါဒီယိုလာကို ဆက်တိုက်ဝေဖန်မှုတွေ ပြုလုပ်လျှက်ရှိပါတယ်။

ယာယတိုယေးကို ပွဲထွက်ခွင့်မပေးတဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီး ဂွါဒီယိုလာနဲ့ ယာယာတိုယေးအေးဂျင့် ဆီလက်က ဝေဖန်မှုတွေ မကြာခဏ ပြုလုပ်လျှက်ရှိနေတာဖြစ်ပါတယ်။ ယာယာတိုယေးကို ချန်ပီယံလိဂ်လူစာရင်းက ထုတ်ပစ်လိုက်တာဟာ မန်စီးတီးအသင်းအနေနဲ့ အာဖရိကမှာရှိတဲ့ ပရိသတ်တွေကို ဆုံးရှုံးရမှာဖြစ်ကြောင်း အေးဂျင့်ဆီလက်က ပြောထားပါသေးတယ်။



အခုလည်း နည်းပြဂွါဒီယိုလာဟာ နည်းပြကောင်းတစ်ယောက် မဟုတ်ဘူးလို့ ပြောလိုက်ပြန်ပါတယ်။ ဂွါဒီယိုလာ လက်ထက်မှာ ဘာစီလိုနာအသင်း အောင်မြင်မှု များစွာရခဲ့တာဟာ နည်းပြစွမ်းဆောင်ရည် ကောင်းလို့မဟုတ်ပဲ မက်ဆီကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်နည်းပြဟောင်း ရစ်ကတ် တည်ဆောက်ခဲ့တဲ့ ဘာစီလိုနာကို ဂွါဒီယိုလာက အဆင်သင့် လွှဲယူခဲ့ပြီး မက်ဆီရှိနေတာကြောင့်လည်း သူကံကောင်းခဲ့တာဖြစ်တယ်လို့ ဆီလက်က ပြောပါတယ်။



ဘိုင်ယန်မြူးနစ်လို အသင်းမျိုးကို အမှတ်ပေးဖလား ရအောင်စွမ်းဆောင်နိုင်တယ်ဆိုတာလည်း အရမ်းကိုလွယ်ကူတဲ့အလုပ်ဖြစ်ပြီး မိမိရဲ့ အဘိုးဖြစ်သူ နည်းပြလုပ်ရင်တောင် ချန်ပီယံဖြစ်နိုင်တယ်လို့ ကစားသမားရဲ့အေးဂျင့်က ဆိုပါတယ်။ " ဘာစီလိုနာကို မက်ဆီက အောင်မြင်မှုတွေပေးခဲ့တာပါ။ ဂွါဒီယိုလာမဟုတ်ဘူး။ ဘိုင်ယန်မြူးနစ်ဆိုတာလည်း ကျွန်တော့်အဘိုး နည်းပြလုပ်ရင်တောင် ဖလားရနိုင်တဲ့ အသင်းမျိုးပါ" လို့ ပြောပါတယ်။

ဂွါဒီယိုလာဘက်ကတော့ အေးဂျင့်ဖြစ်သူ ဆီလက်ကို ဒီစကားတွေအတွက် ပြန်တောင်းပန်ခိုင်းထားကြောင်း သိရပါတယ်။ ဂွါဒီယိုလာအနေနဲ့ သူ့ကိုယ်သူ နည်းပြကောင်းလို့ ခံယူတယ်ဆိုရင် ဆန်းဒါးလန်းလိုအသင်းမျိုး သွားရောက်ကိုင်တွယ်သွင့်ကြောင့် ဆီလက်က ဝေဖန်ထားပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Daily Mail
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top