Kantharyar Centre
×

မန္ခ်က္စတာ − ယူ႐ုိပါလိဂ္ပြဲအတြက္ ဖီယင္ႏုကြင္းသုိ႔ သြားေရာက္ယွဥ္ၿပိဳင္မည့္ အသင္းသား ၂၀ ဦး ကုိ မန္ယူအသင္းက ထုတ္ျပန္ခဲ့ရာတြင္ ၀ိန္းရြန္းေနႏွင့္ ဟင္းနရစ္မစ္တာယန္းတုိ႔သည္ အသင္းတြင္ မပါေသာ နာမည္ေက်ာ္မ်ား ျဖစ္လာသည္။

မန္ခ်က္စတာဒါဘီပြဲတြင္ ပထမပုိင္း၌ လူစားလဲခံရေသာ မစ္တာယန္းႏွင့္အတူ မန္ယူအသင္းတြင္ ဂ်က္ဆီလင္းဂတ္မပါ ၀င္သလုိ ဗလင္စီယာလည္း ခ်န္လွပ္ခံထားရသည္။

ဖီယင္ႏုႏွင့္ပြဲတြင္ ရက္ရ္ွဖို႔ဒ္ ပါ၀င္မည္ဆုိျခင္းကို နည္းျပေမာ္ရင္ဟုိက ထုတ္ေဖာ္ေျပာၾကားထားၿပီး မန္းဖစ္ဒီေပးႏွင့္ တင္မိုသီဖုိဆူမင္ဆာတို႔ ပါ၀င္ကစားဖြယ္ရိွသည္။

အသင္းတြင္ ၎ကစားရသည့္ ေနရာေၾကာင့္ အုိးထရက္ ဖုိ႔ဒ္၌ မေပ်ာ္မရႊင္ျဖစ္ေနသည္ဆုိေသာ မစ္တာယန္းသည္ ဖီယင္ႏုႏွင့္ ပြဲမတုိင္မီ အသင္း၏ ေလ့က်င့္မႈတြင္ မပါ၀င္ခဲ့ေပ။ ယင္း၌ ဖီးလ္ဂ်ံဳးစ္လည္း မေလ့က်င့္ခဲ့့ဟု ဆုိသည္။ ဖီယင္ႏုႏွင့္ပြဲအတြက္ မန္ယူအသင္းသားမ်ားမွာ ဒီဂီယာ၊ ႐ုိမီ႐ုိ၊ ဂြၽန္စတုန္း၊ ဒါမီယန္၊ ေဘလီ၊ ဘလင္း၊ ဖိုဆူမင္ဆာ၊ ႐ုိဂ်ဳိ၊ စေမာလင္း၊ ကာရစ္၊ ဖယ္လုိင္နီ၊ ဟာရီရာ၊ မာတာ၊ မန္းမစ္၊ ေပါ့ဂ္ဘာ၊ ရွႏုိက္ဒါလင္း၊ ယန္း၊ အီဘရာဟီ မုိဘစ္ႏွင့္ ရွက္ရ္ွဖို႔ဒ္တုိ႔ ျဖစ္သည္။   

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မန်ချက်စတာ − ယူရိုပါလိဂ်ပွဲအတွက် ဖီယင်နုကွင်းသို့ သွားရောက်ယှဉ်ပြိုင်မည့် အသင်းသား ၂၀ ဦး ကို မန်ယူအသင်းက ထုတ်ပြန်ခဲ့ရာတွင် ဝိန်းရွန်းနေနှင့် ဟင်းနရစ်မစ်တာယန်းတို့သည် အသင်းတွင် မပါသော နာမည်ကျော်များ ဖြစ်လာသည်။

မန်ချက်စတာဒါဘီပွဲတွင် ပထမပိုင်း၌ လူစားလဲခံရသော မစ်တာယန်းနှင့်အတူ မန်ယူအသင်းတွင် ဂျက်ဆီလင်းဂတ်မပါ ဝင်သလို ဗလင်စီယာလည်း ချန်လှပ်ခံထားရသည်။

ဖီယင်နုနှင့်ပွဲတွင် ရက်ရ်ှဖို့ဒ် ပါဝင်မည်ဆိုခြင်းကို နည်းပြမော်ရင်ဟိုက ထုတ်ဖော်ပြောကြားထားပြီး မန်းဖစ်ဒီပေးနှင့် တင်မိုသီဖိုဆူမင်ဆာတို့ ပါဝင်ကစားဖွယ်ရှိသည်။

အသင်းတွင် ၎င်းကစားရသည့် နေရာကြောင့် အိုးထရက် ဖို့ဒ်၌ မပျော်မရွှင်ဖြစ်နေသည်ဆိုသော မစ်တာယန်းသည် ဖီယင်နုနှင့် ပွဲမတိုင်မီ အသင်း၏ လေ့ကျင့်မှုတွင် မပါဝင်ခဲ့ပေ။ ယင်း၌ ဖီးလ်ဂျုံးစ်လည်း မလေ့ကျင့်ခဲ့ဟု ဆိုသည်။ ဖီယင်နုနှင့်ပွဲအတွက် မန်ယူအသင်းသားများမှာ ဒီဂီယာ၊ ရိုမီရို၊ ဂျွန်စတုန်း၊ ဒါမီယန်၊ ဘေလီ၊ ဘလင်း၊ ဖိုဆူမင်ဆာ၊ ရိုဂျို၊ စမောလင်း၊ ကာရစ်၊ ဖယ်လိုင်နီ၊ ဟာရီရာ၊ မာတာ၊ မန်းမစ်၊ ပေါ့ဂ်ဘာ၊ ရှနိုက်ဒါလင်း၊ ယန်း၊ အီဘရာဟီ မိုဘစ်နှင့် ရှက်ရ်ှဖို့ဒ်တို့ ဖြစ်သည်။   


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top