Kantharyar Centre
×

ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း (သို႔မဟုတ္) ကိုယ္ဝန္မေဆာင္မီ သေႏၶတားေဆးမ်ား ေသာက္သံုးျခင္းေၾကာင့္ မီးဖြားခ်ိန္ ကေလးကိုယ္အဂၤါ ခြၽတ္ယြင္းႏိုင္သည့္ အႏၲရာယ္မရွိေၾကာင္း ေလ့လာမႈတစ္ရပ္ အရ သိရသည္။

ဒိန္းမတ္ႏိုင္ငံတြင္ ေမြးဖြားေသာ ကေလးငယ္ ကိုးသိန္းခန္႔အတြက္ မွတ္တမ္းမ်ား ေလ့လာဆန္းစစ္ရာ၌ ကိုယ္ဝန္ေဆာင္ထားၿပီးေနာက္ သေႏၶတားေဆးေသာက္သံုးေသာ အမ်ိဳးသမီးမ်ားသည္ ကိုယ္လက္အဂၤါခြၽတ္ယြင္းေသာ ကေလးငယ္မ်ား ေမြးဖြားႏိုင္ေျခမရွိေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။

သေႏၶတား ေသာက္ေဆးမ်ား အသံုးျပဳျခင္းႏွင့္ ေမြးဖြားခ်ိန္ ကိုယ္လက္အဂၤါခြၽတ္ယြင္းမႈမ်ားၾကား ဆက္စပ္မႈ တစ္စံုတစ္ရာ မရွိ ေၾကာင္း မိမိတို႔ အတည္ျပဳထားႏိုင္သည္ဟု သုေတသီမ်ားက ေအ အက္ဖ္ပီသတင္းဌာနအား ေျပာၾကားသည္။

လြန္ခဲ့ေသာ ဆယ္စုႏွစ္တြင္ ျပဳလုပ္ခဲ့ေသာ ေလ့လာမႈမ်ားက ေဟာ္မုန္းအေျခခံ သေႏၶတားေဆးမ်ား အသံုးျပဳျခင္းႏွင့္ မီးဖြားခ်ိန္ ကေလးကိုယ္ကာယခြၽတ္ယြင္းမႈၾကား ဆက္ႏႊယ္မႈရွိေၾကာင္း ေဖာ္ျပခဲ့ၾကသည္။

ယခင္ေလ့လာမႈမ်ားစြာတြင္ ကိုယ္လက္အဂၤါခြၽတ္ယြင္းေသာ ကေလးငယ္မ်ား ေမြးဖြားသည့္ အမ်ိဳးသမီးမ်ားႏွင့္ ေလ့လာခဲ့ၿပီး ယခင္က ၎တို႔၏ သေႏၶတားေဆးအသံုးျပဳမႈကို ျပန္လည္ေမးျမန္းထားျခင္းျဖစ္သည္။

ယခုေလ့လာမႈရလဒ္အရ အမ်ိဳးသမီးမ်ား သေႏၶတားေဆး ေသာက္မည္ဆိုပါက ကိုယ္ဝန္ရွိမေနေၾကာင္း ေသခ်ာေစရန္ တစ္လအထိ ေစာင့္စရာမလိုေတာ့ဘဲ သေႏၶတားေဆး စတင္ေသာက္သံုးႏုိင္မည္ျဖစ္သည္။

ယင္းကဲ့သို႔ သေႏၶတားေဆး ေသာက္သံုးျခင္းေၾကာင့္ မေတာ္တဆ ကိုယ္ဝန္ေဆာင္ႏိုင္ျခင္းကို ကာကြယ္ႏိုင္မည္ျဖစ္ၿပီး ကိုယ္ဝန္ရွိေနေၾကာင္း စစ္ေဆးေတြ႕ရွိပါကလည္း သေႏၶသားကို ထိခိုက္ ႏုိင္ျခင္းမရွိဟု သုေတသီမ်ားက ေျပာသည္။

သေႏၶတားေဆးမ်ားကို နည္းလမ္းက်စြာ သံုးစြဲပါက သေႏၶတားေဆးမ်ား မေအာင္ျမင္ျဖစ္ရသည့္ႏႈန္းမွာ ၁ ရာခိုင္ႏႈန္းထက္ ေလ်ာ့နည္းေသာ္လည္း ေဆးေသာက္ရန္ ေမ့ေလ်ာ့ျခင္း၊ ေဆးဝါးအျပန္အလွန္ တုံ႔ျပန္မႈမ်ားႏွင့္ နာမက်န္းျဖစ္ျခင္းတို႔ေၾကာင့္ သေႏၶ တားရန္ မေအာင္ျမင္ျဖစ္ရသည့္ႏႈန္းမွာ ၉ ရာခိုင္ႏႈန္းရွိသည္။

ယင္းေၾကာင့္ သေႏၶတားေဆးေသာက္သံုးမႈ ရပ္လုိက္ၿပီးေနာက္ လအနည္းငယ္အထိ ေပ်ာက္မသြားဘဲ ရွိေနႏိုင္ေသာ သေႏၶတားေဆး အစြမ္းသတၱိမ်ားႏွင့္ သေႏၶသား ထိေတြ႕ႏိုင္သည္။

ယခုေလ့လာမႈကို BMJ ေဆးပညာဂ်ာနယ္တြင္ ေဖာ္ျပထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ကိုယ်ဝန်ဆောင်ချိန်အတွင်း (သို့မဟုတ်) ကိုယ်ဝန်မဆောင်မီ သန္ဓေတားဆေးများ သောက်သုံးခြင်းကြောင့် မီးဖွားချိန် ကလေးကိုယ်အင်္ဂါ ချွတ်ယွင်းနိုင်သည့် အန္တရာယ်မရှိကြောင်း လေ့လာမှုတစ်ရပ် အရ သိရသည်။

ဒိန်းမတ်နိုင်ငံတွင် မွေးဖွားသော ကလေးငယ် ကိုးသိန်းခန့်အတွက် မှတ်တမ်းများ လေ့လာဆန်းစစ်ရာ၌ ကိုယ်ဝန်ဆောင်ထားပြီးနောက် သန္ဓေတားဆေးသောက်သုံးသော အမျိုးသမီးများသည် ကိုယ်လက်အင်္ဂါချွတ်ယွင်းသော ကလေးငယ်များ မွေးဖွားနိုင်ခြေမရှိကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

သန္ဓေတား သောက်ဆေးများ အသုံးပြုခြင်းနှင့် မွေးဖွားချိန် ကိုယ်လက်အင်္ဂါချွတ်ယွင်းမှုများကြား ဆက်စပ်မှု တစ်စုံတစ်ရာ မရှိ ကြောင်း မိမိတို့ အတည်ပြုထားနိုင်သည်ဟု သုတေသီများက အေ အက်ဖ်ပီသတင်းဌာနအား ပြောကြားသည်။

လွန်ခဲ့သော ဆယ်စုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုများက ဟော်မုန်းအခြေခံ သန္ဓေတားဆေးများ အသုံးပြုခြင်းနှင့် မီးဖွားချိန် ကလေးကိုယ်ကာယချွတ်ယွင်းမှုကြား ဆက်နွှယ်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယခင်လေ့လာမှုများစွာတွင် ကိုယ်လက်အင်္ဂါချွတ်ယွင်းသော ကလေးငယ်များ မွေးဖွားသည့် အမျိုးသမီးများနှင့် လေ့လာခဲ့ပြီး ယခင်က ၎င်းတို့၏ သန္ဓေတားဆေးအသုံးပြုမှုကို ပြန်လည်မေးမြန်းထားခြင်းဖြစ်သည်။

ယခုလေ့လာမှုရလဒ်အရ အမျိုးသမီးများ သန္ဓေတားဆေး သောက်မည်ဆိုပါက ကိုယ်ဝန်ရှိမနေကြောင်း သေချာစေရန် တစ်လအထိ စောင့်စရာမလိုတော့ဘဲ သန္ဓေတားဆေး စတင်သောက်သုံးနိုင်မည်ဖြစ်သည်။

ယင်းကဲ့သို့ သန္ဓေတားဆေး သောက်သုံးခြင်းကြောင့် မတော်တဆ ကိုယ်ဝန်ဆောင်နိုင်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပြီး ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း သန္ဓေသားကို ထိခိုက် နိုင်ခြင်းမရှိဟု သုတေသီများက ပြောသည်။

သန္ဓေတားဆေးများကို နည်းလမ်းကျစွာ သုံးစွဲပါက သန္ဓေတားဆေးများ မအောင်မြင်ဖြစ်ရသည့်နှုန်းမှာ ၁ ရာခိုင်နှုန်းထက် လျော့နည်းသော်လည်း ဆေးသောက်ရန် မေ့လျော့ခြင်း၊ ဆေးဝါးအပြန်အလှန် တုံ့ပြန်မှုများနှင့် နာမကျန်းဖြစ်ခြင်းတို့ကြောင့် သန္ဓေ တားရန် မအောင်မြင်ဖြစ်ရသည့်နှုန်းမှာ ၉ ရာခိုင်နှုန်းရှိသည်။

ယင်းကြောင့် သန္ဓေတားဆေးသောက်သုံးမှု ရပ်လိုက်ပြီးနောက် လအနည်းငယ်အထိ ပျောက်မသွားဘဲ ရှိနေနိုင်သော သန္ဓေတားဆေး အစွမ်းသတ္တိများနှင့် သန္ဓေသား ထိတွေ့နိုင်သည်။

ယခုလေ့လာမှုကို BMJ ဆေးပညာဂျာနယ်တွင် ဖော်ပြထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top