Kantharyar Centre
×

ရခိုင္ျပည္နယ္ဆုိင္ ရာ အႀကံေပးေကာ္မရွင္ ဥကၠ႒ မစၥတာ ကိုဖီအာနန္၏ရခိုင္ျပည္ နယ္ ခရီးစဥ္တြင္ စစ္ေတြၿမိဳ႕ခံမ်ား ႏွင့္ လူမႈအဖြဲ႕အစည္းမ်ားက ဆႏၵ ထုတ္ေဖာ္မည္ျဖစ္ေၾကာင္း သ တင္းရရွိသည္။

ဆႏၵထုတ္ေဖာ္မႈမ်ားကို စက္တင္ဘာ ၅ ရက္တြင္ စစ္ေတြၿမိဳ႕ ဝကၤပါကြင္း၌ ျပဳလုပ္မည္ျဖစ္ၿပီး မစၥတာ ကိုဖီအာနန္ စစ္ေတြၿမိဳ႕သို႔ ေရာက္ရွိမည့္ စက္တင္ဘာ ၆ ရက္ႏွင့္ ျပန္လည္ထြက္ခြာမည့္ စက္တင္ဘာ ၇ ရက္တြင္ ေလဆိပ္ အဝင္လမ္း၌ ဆႏၵထုတ္ေဖာ္မည္ ျဖစ္ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲကို ဦးေဆာင္သူ ဦးေအးထြန္းက ေျပာသည္။ ဆႏၵထုတ္ေဖာ္ရာတြင္ ‘ကို ဖီအာနန္ ဦးေဆာင္ေသာ ရခိုင္ ျပည္နယ္ အႀကံေပးေရးေကာ္မ ရွင္ကို ဖ်က္သိမ္းေပးေရး ဒို႔အေရး၊ကိုဖီအာနန္ဦးေဆာင္ေသာ ရခိုင္ ျပည္နယ္ အႀကံေပးေရး ေကာ္မ ရွင္ အလိုမရွိ’ စသည့္ေ​ႂကြးေၾကာ္သံမ်ားပါဝင္မည္ဟု ဦးေအးထြန္း က ဆိုသည္။

‘‘ရခိုင္ျပည္နယ္အေရးဟာ ျပည္တြင္းအေရးျဖစ္ပါတယ္။ ျပည္တြင္းပညာရွင္ေတြနဲ႔ ေျဖရွင္း လို႔ရတာကို ႏုိင္ငံတကာကို ဖိတ္ ေခၚသလိုျဖစ္ေနပါတယ္။ ေကာ္မ ရွင္မွာ ႏုိင္ငံျခားသားေတြ ပါဝင္ တာကို လက္မခံႏုိင္တဲ့အတြက္ အခုလို ဆႏၵထုတ္ေဖာ္ပြဲကို စီစဥ္ ရတာ ျဖစ္ပါတယ္’’ ဟု ၎က ဆက္လက္ေျပာၾကားသည္။

ကိုဖီအာနန္အား ဆႏၵထုတ္ ေဖာ္ရန္ ၾသဂုတ္လကုန္ကပင္ ခြင့္ ျပဳခ်က္  တင္ထားၿပီး ၿငိမ္းစုစီ ဥပေဒအရ စည္းကမ္းတက် ဆႏၵ ထုတ္ေဖာ္ရန္  ခြင့္ျပဳေပးထား ေၾကာင္း ရခုိင္ျပည္နယ္ ရဲတပ္ဖဲြ႕ ဒုတိယျပည္နယ္ ရဲတပ္ဖဲြ႕မွဴး ရဲ မွဴးႀကီး ခင္ေက်ာ္က အတည္ျပဳ ေပးသည္။

ကိုဖီအာနန္ေရာက္ရွိမည့္ စက္တင္ဘာ ၆ ရက္တြင္ အမ်ိဳး သားမ်ားက ဆႏၵထုတ္ေဖာ္ရန္ႏွင့္ ျပန္မည့္စက္တင္ဘာ ၇ ရက္တြင္ အမ်ိဳးသမီးမ်ားက ဆႏၵထုတ္ေဖာ္ ရန္ ခြင့္ျပဳခ်က္တင္ထားေၾကာင္း သတင္းရရွိသည္။

သုိ႔ေသာ္ ကုိဖီအာနန္အား ဆႏၵထုတ္ေဖာ္ရန္ ရခုိင္တုိင္းရင္း သား အင္အားစုမ်ားအၾကား အ ျမင္ႏွစ္မ်ိဳး  ကဲြျပားေနၿပီး ရခုိင္တုိင္း ရင္းသားအေရးေဆာင္ရြက္ေနေသာ ကိုလင္းခုိင္က ‘‘ဘာမွ ေတာင္မလုပ္ရေသးတာကို ဆႏၵ သြားျပမယ္ဆုိေတာ့ အစ္ကိုတို႔က ဆႏၵမျပခ်င္ဘူး။ ေကာ္မရွင္နဲ႔ ပူး ေပါင္းမယ္။ ဒီျပႆနာကို မေျပ လည္ရင္ေတာင္ ကမၻာကိုအမွန္ အတုိင္းခ်ျပခြင့္ရေအာင္ လုပ္ခ်င္ တယ္’’ဟု ေျပာသည္။

‘‘တူရကီ ႏုိင္ငံျခားေရး၀န္ ႀကီးလာတယ္။ ၀ုန္း၀ုန္းနဲ႔ ဆႏၵျပ ၾကတယ္။ ေနာက္ကင္တားနား၊ ေနာက္တစ္ခါ ရန္ဟီးလီလာ တယ္။ ဆႏၵျပတာက ျပတာပဲ။ သူ တို႔အလုပ္ သူတို႔လုပ္ၿပီး ကမၻာကို ခ်ျပတယ္။ ဘာျဖစ္လဲဆိုေတာ့ ရခုိင္ေတြက ပံုရိပ္မေကာင္းဘူးဆုိ ၿပီး ႏုိင္ငံတကာမီဒီယာေပၚေရာက္ သြားတယ္။ ဒါကိုသင္ခန္းစာယူၿပီး အထိေရာက္ဆံုးျဖစ္ေစခ်င္တာ ပါ’’ဟု ကုိလင္းခုိင္က ဆက္လက္ ေျပာသည္။

ရခိုင္ျပည္နယ္ဆုိင္ရာ အႀကံေပးေကာ္မရွင္ဥကၠ႒ မစၥတာ ကိုဖီအာနန္သည္ စက္တင္ဘာ ၃ ရက္တြင္ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိေနၿပီး စက္တင္ဘာ ၆ ရက္၌ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕သို႔ လာ ေရာက္မည္ျဖစ္ကာ စက္တင္ဘာ ၇ ရက္တြင္စစ္ေတြၿမိဳ႕မွ ျပန္လည္ထြက္ခြာမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

မစၥတာကိုဖီအာနန္၏ ရခိုင္ ျပည္နယ္ ခရီးစဥ္အတြင္း ဆႏၵ ထုတ္ေဖာ္ရန္ စက္တင္ဘာ ၂ ရက္တြင္ သက္ဆုိင္ရာသို႔ ဆႏၵေဖာ္ ခြင့္ျပဳခ်က္ ေတာင္းခံထားေၾကာင္း သိရသည္။

အဆိုပါေကာ္မရွင္တြင္ ကိုဖီ အာနန္အပါအဝင္ ျပည္ပမွ ပုဂၢိဳလ္သံုးဦးထည့္သြင္းဖြဲ႕စည္းျခင္းႏွင့္ ပတ္သက္၍ ျပည္တြင္းေရးကို ႏုိင္ငံျခားသားမ်ားပါဝင္ေဆာင္ရြက္ ခြင့္ျပဳသည္ဆိုကာ ေဝဖန္မႈအခ်ိဳ႕ ရွိေနသည္။

သို႔ေသာ္ ရခိုင္ျပည္နယ္အ ေရး အထူးသျဖင့္ ဘဂၤါလီအေရး သည္ ျပည္တြင္းအတြက္သာမက ႏုိင္ငံတကာကလည္း အထူးအာ႐ံုစိုက္ေနသျဖင့္ ႏုိင္ငံတကာက ေလးစား ယံုၾကည္သူမ်ားျဖင့္ ဖြဲ႕ စည္းျခင္းျဖစ္ႏုိင္ၿပီး ဆံုးျဖတ္ရမည့္ေကာ္မရွင္မဟုတ္ဘဲ အႀကံေပးရ မည့္ေကာ္မရွင္သာ ျဖစ္သည္ဆို ကာ အစိုးရ၏ေဆာင္ရြက္မႈအေပၚ ေထာက္ခံသူ အခ်ိဳ႕လည္း ရွိေန သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode  Version

ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်၏ရခိုင်ပြည် နယ် ခရီးစဉ်တွင် စစ်တွေမြို့ခံများ နှင့် လူမှုအဖွဲ့အစည်းများက ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ဆန္ဒထုတ်ဖော်မှုများကို စက်တင်ဘာ ၅ ရက်တွင် စစ်တွေမြို့ ဝင်္ကပါကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး မစ္စတာ ကိုဖီအာနန် စစ်တွေမြို့သို့ ရောက်ရှိမည့် စက်တင်ဘာ ၆ ရက်နှင့် ပြန်လည်ထွက်ခွာမည့် စက်တင်ဘာ ၇ ရက်တွင် လေဆိပ် အဝင်လမ်း၌ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ဦးအေးထွန်းက ပြောသည်။ ဆန္ဒထုတ်ဖော်ရာတွင် ‘ကို ဖီအာနန် ဦးဆောင်သော ရခိုင် ပြည်နယ် အကြံပေးရေးကော်မ ရှင်ကို ဖျက်သိမ်းပေးရေး ဒို့အရေး၊ကိုဖီအာနန်ဦးဆောင်သော ရခိုင် ပြည်နယ် အကြံပေးရေး ကော်မ ရှင် အလိုမရှိ’ စသည့်ကြွေးကြော်သံများပါဝင်မည်ဟု ဦးအေးထွန်း က ဆိုသည်။

‘‘ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းအရေးဖြစ်ပါတယ်။ ပြည်တွင်းပညာရှင်တွေနဲ့ ဖြေရှင်း လို့ရတာကို နိုင်ငံတကာကို ဖိတ် ခေါ်သလိုဖြစ်နေပါတယ်။ ကော်မ ရှင်မှာ နိုင်ငံခြားသားတွေ ပါဝင် တာကို လက်မခံနိုင်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ပွဲကို စီစဉ် ရတာ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကိုဖီအာနန်အား ဆန္ဒထုတ် ဖော်ရန် သြဂုတ်လကုန်ကပင် ခွင့် ပြုချက်  တင်ထားပြီး ငြိမ်းစုစီ ဥပဒေအရ စည်းကမ်းတကျ ဆန္ဒ ထုတ်ဖော်ရန်  ခွင့်ပြုပေးထား ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲ မှူးကြီး ခင်ကျော်က အတည်ပြု ပေးသည်။

ကိုဖီအာနန်ရောက်ရှိမည့် စက်တင်ဘာ ၆ ရက်တွင် အမျိုး သားများက ဆန္ဒထုတ်ဖော်ရန်နှင့် ပြန်မည့်စက်တင်ဘာ ၇ ရက်တွင် အမျိုးသမီးများက ဆန္ဒထုတ်ဖော် ရန် ခွင့်ပြုချက်တင်ထားကြောင်း သတင်းရရှိသည်။

သို့သော် ကိုဖီအာနန်အား ဆန္ဒထုတ်ဖော်ရန် ရခိုင်တိုင်းရင်း သား အင်အားစုများအကြား အ မြင်နှစ်မျိုး  ကွဲပြားနေပြီး ရခိုင်တိုင်း ရင်းသားအရေးဆောင်ရွက်နေသော ကိုလင်းခိုင်က ‘‘ဘာမှ တောင်မလုပ်ရသေးတာကို ဆန္ဒ သွားပြမယ်ဆိုတော့ အစ်ကိုတို့က ဆန္ဒမပြချင်ဘူး။ ကော်မရှင်နဲ့ ပူး ပေါင်းမယ်။ ဒီပြဿနာကို မပြေ လည်ရင်တောင် ကမ္ဘာကိုအမှန် အတိုင်းချပြခွင့်ရအောင် လုပ်ချင် တယ်’’ဟု ပြောသည်။

‘‘တူရကီ နိုင်ငံခြားရေးဝန် ကြီးလာတယ်။ ဝုန်းဝုန်းနဲ့ ဆန္ဒပြ ကြတယ်။ နောက်ကင်တားနား၊ နောက်တစ်ခါ ရန်ဟီးလီလာ တယ်။ ဆန္ဒပြတာက ပြတာပဲ။ သူ တို့အလုပ် သူတို့လုပ်ပြီး ကမ္ဘာကို ချပြတယ်။ ဘာဖြစ်လဲဆိုတော့ ရခိုင်တွေက ပုံရိပ်မကောင်းဘူးဆို ပြီး နိုင်ငံတကာမီဒီယာပေါ်ရောက် သွားတယ်။ ဒါကိုသင်ခန်းစာယူပြီး အထိရောက်ဆုံးဖြစ်စေချင်တာ ပါ’’ဟု ကိုလင်းခိုင်က ဆက်လက် ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်သည် စက်တင်ဘာ ၃ ရက်တွင်ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး စက်တင်ဘာ ၆ ရက်၌ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာ ရောက်မည်ဖြစ်ကာ စက်တင်ဘာ ၇ ရက်တွင်စစ်တွေမြို့မှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မစ္စတာကိုဖီအာနန်၏ ရခိုင် ပြည်နယ် ခရီးစဉ်အတွင်း ဆန္ဒ ထုတ်ဖော်ရန် စက်တင်ဘာ ၂ ရက်တွင် သက်ဆိုင်ရာသို့ ဆန္ဒဖော် ခွင့်ပြုချက် တောင်းခံထားကြောင်း သိရသည်။

အဆိုပါကော်မရှင်တွင် ကိုဖီ အာနန်အပါအဝင် ပြည်ပမှ ပုဂ္ဂိုလ်သုံးဦးထည့်သွင်းဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပြည်တွင်းရေးကို နိုင်ငံခြားသားများပါဝင်ဆောင်ရွက် ခွင့်ပြုသည်ဆိုကာ ဝေဖန်မှုအချို့ ရှိနေသည်။

သို့သော် ရခိုင်ပြည်နယ်အ ရေး အထူးသဖြင့် ဘင်္ဂါလီအရေး သည် ပြည်တွင်းအတွက်သာမက နိုင်ငံတကာကလည်း အထူးအာရုံစိုက်နေသဖြင့် နိုင်ငံတကာက လေးစား ယုံကြည်သူများဖြင့် ဖွဲ့ စည်းခြင်းဖြစ်နိုင်ပြီး ဆုံးဖြတ်ရမည့်ကော်မရှင်မဟုတ်ဘဲ အကြံပေးရ မည့်ကော်မရှင်သာ ဖြစ်သည်ဆို ကာ အစိုးရ၏ဆောင်ရွက်မှုအပေါ် ထောက်ခံသူ အချို့လည်း ရှိနေ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top