Kantharyar Centre
×

တစ္ေန႔ (၂၅) မိနစ္ ခပ္သြက္သြက္ လမ္းေလွ်ာက္ေပးျခင္းျဖင့္ အသက္ ခုႏွစ္ႏွစ္ခန္႔ ပိုရွည္ႏိုင္ေၾကာင္း က်န္းမာေရး ပညာရွင္မ်ားက ေျပာသည္။

ပံုမွန္ေလ့က်င့္ခန္း ျပဳလုပ္ျခင္းက ႏွလံုးေရာဂါျဖင့္ ႐ုတ္တရက္ ေသဆံုးႏိုင္ေျခ ထက္၀က္ခန္႔ ေလ်ာ့က်သြားေစေၾကာင္း သိရသည္။ အသက္ (၇၀) အထိ ေလ့က်င့္ခန္း မလုပ္ဘဲေနသည့္ လူမ်ားေတာင္ ယင္းနည္းျဖင့္ က်န္းမာေရး ေကာင္းေအာင္ လုပ္ေဆာင္ ႏိုင္ေနဆဲ ျဖစ္ေၾကာင္း ေလ့လာသူမ်ားက ေျပာၾကားခဲ့သည္။

လန္ဒန္ရွိ စိန္႔ေဂ်ာ့တကၠသိုလ္ ေဆး႐ံုမွ ႏွလံုးေရာဂါဆိုင္ရာ ပါေမာကၡ ဆန္ေဂ်းရွာမာက အသက္ (၅၀) ႏွင့္ (၆၀) ၾကား ပုဂၢိဳလ္မ်ားသည္ ျဖည္းျဖည္းမွန္မွန္ျဖင့္ က်န္းမာေရး လႈပ္ရွားမႈမ်ား ျပဳလုပ္႐ံုျဖင့္ ႏွလံုးေရာဂါျဖင့္ ေသဆံုးႏိုင္ေျခ ထက္၀က္ခန္႔ ေလ်ာ့က်သြားႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

အိုမင္းမစြမ္း ျဖစ္လာျခင္းကို ေရွာင္လႊဲမရႏိုင္ေသာ္လည္း အိုမင္းမစြမ္းျဖစ္လာမည့္ အခ်ိန္ကိုမူ ဆြဲထားလို႔ ရႏိုင္ေၾကာင္း၊ အသက္ (၇၀) အရြယ္တြင္ ႏုပ်ဳိဖ်တ္လတ္ၿပီး အသက္ (၉၀) အထိ အသက္ရွည္ရွည္ ေနႏိုင္ေအာင္ လုပ္ေဆာင္ႏိုင္မည္ဟု ဆိုသည္။

အသက္ (၇၀) အရြယ္မွ ေလ့က်င့္ခန္း စတင္ျပဳလုပ္သူမ်ားသည္ ႏွလံုးခုန္ မမွန္သည့္ ေရာဂါျဖစ္ႏိုင္ေျခ နည္းေၾကာင္း သိရသည္။ ႏွလံုးခုန္မမွန္သည့္ ေရာဂါလကၡဏာကို အသက္ (၈၀) ေက်ာ္မ်ားတြင္ ျဖစ္ပြားမႈ (၁၀) ရာခိုင္ႏႈန္းထိ ေတြ႕ရေလ့ရွိသည္။

ေလ့က်င့္ခန္းမွာ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးၿပီး ထိုးထြင္းသိျမင္ႏုိင္စြမ္းကို တိုးတက္ေစသျဖင့္ ဦးေႏွာက္စြမ္းရည္ က်ဆင္းမႈကိုပါ ဟန္႔တားေပးႏိုင္ေၾကာင္း အေထာက္အထား ေတြ႕ရွိရၿပီ ျဖစ္သည္။

လူတိုင္း တစ္ေန႔လွ်င္ ခပ္သြက္သြက္ ေလွ်ာက္ျခင္း၊ ခပ္ဖြဖြေျပးျခင္း အပါအ၀င္ ေလ့က်င့္ခန္း မိနစ္ (၂၀) မွ (၂၅) မိနစ္ခန္႔ ျပဳလုပ္သင့္ေၾကာင္း ပါေမာကၡ ဆန္ေဂ်းရွာ မာက အႀကံျပဳ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Messenger


#Unicode Version

တစ်နေ့ (၂၅) မိနစ် ခပ်သွက်သွက် လမ်းလျှောက်ပေးခြင်းဖြင့် အသက် ခုနှစ်နှစ်ခန့် ပိုရှည်နိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက ပြောသည်။

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးနိုင်ခြေ ထက်ဝက်ခန့် လျော့ကျသွားစေကြောင်း သိရသည်။ အသက် (၇၀) အထိ လေ့ကျင့်ခန်း မလုပ်ဘဲနေသည့် လူများတောင် ယင်းနည်းဖြင့် ကျန်းမာရေး ကောင်းအောင် လုပ်ဆောင် နိုင်နေဆဲ ဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

လန်ဒန်ရှိ စိန့်ဂျော့တက္ကသိုလ် ဆေးရုံမှ နှလုံးရောဂါဆိုင်ရာ ပါမောက္ခ ဆန်ဂျေးရှာမာက အသက် (၅၀) နှင့် (၆၀) ကြား ပုဂ္ဂိုလ်များသည် ဖြည်းဖြည်းမှန်မှန်ဖြင့် ကျန်းမာရေး လှုပ်ရှားမှုများ ပြုလုပ်ရုံဖြင့် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေ ထက်ဝက်ခန့် လျော့ကျသွားနိုင်ကြောင်း ပြောကြားခဲ့သည်။

အိုမင်းမစွမ်း ဖြစ်လာခြင်းကို ရှောင်လွှဲမရနိုင်သော်လည်း အိုမင်းမစွမ်းဖြစ်လာမည့် အချိန်ကိုမူ ဆွဲထားလို့ ရနိုင်ကြောင်း၊ အသက် (၇၀) အရွယ်တွင် နုပျိုဖျတ်လတ်ပြီး အသက် (၉၀) အထိ အသက်ရှည်ရှည် နေနိုင်အောင် လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။

အသက် (၇၀) အရွယ်မှ လေ့ကျင့်ခန်း စတင်ပြုလုပ်သူများသည် နှလုံးခုန် မမှန်သည့် ရောဂါဖြစ်နိုင်ခြေ နည်းကြောင်း သိရသည်။ နှလုံးခုန်မမှန်သည့် ရောဂါလက္ခဏာကို အသက် (၈၀) ကျော်များတွင် ဖြစ်ပွားမှု (၁၀) ရာခိုင်နှုန်းထိ တွေ့ရလေ့ရှိသည်။

လေ့ကျင့်ခန်းမှာ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ထိုးထွင်းသိမြင်နိုင်စွမ်းကို တိုးတက်စေသဖြင့် ဦးနှောက်စွမ်းရည် ကျဆင်းမှုကိုပါ ဟန့်တားပေးနိုင်ကြောင်း အထောက်အထား တွေ့ရှိရပြီ ဖြစ်သည်။

လူတိုင်း တစ်နေ့လျှင် ခပ်သွက်သွက် လျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်း အပါအဝင် လေ့ကျင့်ခန်း မိနစ် (၂၀) မှ (၂၅) မိနစ်ခန့် ပြုလုပ်သင့်ကြောင်း ပါမောက္ခ ဆန်ဂျေးရှာ မာက အကြံပြု ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top