Kantharyar Centre
×

 ၁၃ ႏွစ္ၾကာ မက်င္းပ ျဖစ္ခဲ့သည့္ ရန္ကုန္တိိုင္းေဒသႀကီး ၿမိဳ႕နယ္ေပါင္းစံု အမ်ိဳးသား အ လြတ္တန္းေဘာလံုးၿပိဳင္ပြဲကို ယခု ႏွစ္တြင္ ျပန္လည္က်င္းပမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

၂၀၁၆ ရန္ကုန္တိုင္းေဒသ ႀကီး အစိုးရအဖြဲ႕၀န္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္ေပါင္းစံု အမ်ိဳးသား အ လြတ္တန္းေဘာလံုးၿပိဳင္ပြဲကို အ ေရွ႕ပိုင္းခ႐ိုင္ဇုန္၊ အေနာက္ပိုင္း ခ႐ိုင္ဇုန္၊ ေတာင္ပိုင္းခ႐ိုင္ဇုန္ႏွင့္ ေျမာက္ပိုင္းခ႐ိုင္ဇုန္ စသျဖင့္ ဇုန္ ေလးခုခြဲ၍ စက္တင္ဘာ ၂၄ ရက္ မွ ေအာက္တိုဘာ ၃၁ ရက္အထိ က်င္းပမည္ျဖစ္သည္။


အဆုိပါၿပိဳင္ပြဲတြင္ ရန္ကုန္ တိုင္းေဒသႀကီးအတြင္း ၄၅ ၿမိဳ႕ နယ္ရွိသည့္အနက္ ကိုကိုးကြၽန္း ၿမိဳ႕နယ္မွလြဲ၍ က်န္ ၄၄ ၿမိဳ႕နယ္ ပါ၀င္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး ရန္ ကုန္အေရွ႕ပိုင္းခ႐ိုင္မွ ၁၄ သင္း၊ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္မွ ၁၃ သင္း၊ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္မွ ကိုးသင္းႏွင့္ ရန္ကုန္ေျမာက္ပိုင္း ခ႐ိုင္မွ ရွစ္သင္း ယွဥ္ၿပိဳင္ၾကမည္ ျဖစ္သည္။

ၿပိဳင္ပြဲအတြက္ အုပ္စုခြဲေ၀ ထားရွိမႈအရ ေလးသင္းပါေျခာက္ အုပ္စု၊ သံုးသင္းပါ ငါးအုပ္စုႏွင့္ ငါးသင္းပါ တစ္အုပ္စု ခြဲေ၀ထား ကာ အုပ္စုတစ္ခုစီမွ ပထမရရွိ သည့္အသင္းမ်ားက ၁၆ သင္း ႐ံႈး ထြက္အဆင့္ကို တက္ေရာက္ခြင့္ ရရွိမည္ျဖစ္သည္။

ပထမအဆင့္ႏွင့္ ဒုတိယအ ဆင့္ ပြဲစဥ္မ်ားကို ပေဒသာကြင္း၊ ေျမာက္ဒဂံုကြင္း၊ စလင္းကြင္း၊ ရန္ကုန္ျမက္ခင္းတုကြင္း၊ ေရႊ ျပည္သာကြင္း၊ သန္လ်င္ကြင္း၊ တံြေတးကြင္း စသည့္ သက္ဆိုင္ ရာ ၿမိဳ႕နယ္မ်ားအလိုက္ ေဘာလံုး ကြင္းမ်ား၌ က်င္းပမည္ျဖစ္ေသာ္ လည္း ဗိုလ္လုပြဲကို ေအာင္ဆန္း ကြင္းတြင္ က်င္းပမည္ျဖစ္ေၾကာင္း ၿပိဳင္ပြဲက်င္းပေရးေကာ္မတီမွ သ တင္းရရွိသည္။

‘‘အေၾကာင္းေၾကာင္းေၾကာင့္ မက်င္းပျဖစ္ခဲ့တာေပါ့။ ဒီႏွစ္ ေတာ့ ရန္ကုန္တိုင္းက ေဘာလံုး သမားေကာင္းေတြ ေမြးထုတ္ေပး ႏိုင္ဖို႔ ရည္ရြယ္ခ်က္နဲ႔ ျပန္လည္ က်င္းပတာပါ။ အလြတ္တန္းဆို ေပမယ့္ အဆင့္ျမင့္တန္းနဲ႔ ပထမ တန္းေတြမွာ ကစားဖူးတဲ့သူေတြ၊ ျမန္မာ့လက္ေရြးစင္ ဖူဆယ္ကစား သမားေတြနဲ႔ ျမန္မာလိဂ္ကကစား သမားေတြ ကစားခြင့္မရွိပါဘူး။ ျမန္မာေနရွင္နယ္လိဂ္ယူ-၁၈ လူ ငယ္အသင္းက ကစားသမားေတြ ကိုေတာ့ ခြင့္ျပဳထားပါတယ္’’ဟု တိုင္းေဒသႀကီး အားကစားႏွင့္ ကာယပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴး ဦးေအာင္မိုးက ေျပာၾကားသည္။

ၿပိဳင္ပြဲတြင္ ပထမဆုကို ဆု ဖလားႏွင့္အတူ က်ပ္သိန္း ၂၀၊ ဒုတိယဆု က်ပ္ ၁၅ သိန္းႏွင့္ တ တိယဆု က်ပ္ ၁၀ သိန္း ခ်ီးျမႇင့္ မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ၁၃ နှစ်ကြာ မကျင်းပ ဖြစ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ အမျိုးသား အ လွတ်တန်းဘောလုံးပြိုင်ပွဲကို ယခု နှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိသည်။

၂၀၁၆ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အ လွတ်တန်းဘောလုံးပြိုင်ပွဲကို အ ရှေ့ပိုင်းခရိုင်ဇုန်၊ အနောက်ပိုင်း ခရိုင်ဇုန်၊ တောင်ပိုင်းခရိုင်ဇုန်နှင့် မြောက်ပိုင်းခရိုင်ဇုန် စသဖြင့် ဇုန် လေးခုခွဲ၍ စက်တင်ဘာ ၂၄ ရက် မှ အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။


အဆိုပါပြိုင်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း ၄၅ မြို့ နယ်ရှိသည့်အနက် ကိုကိုးကျွန်း မြို့နယ်မှလွဲ၍ ကျန် ၄၄ မြို့နယ် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရန် ကုန်အရှေ့ပိုင်းခရိုင်မှ ၁၄ သင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှ ၁၃ သင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်မှ ကိုးသင်းနှင့် ရန်ကုန်မြောက်ပိုင်း ခရိုင်မှ ရှစ်သင်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြိုင်ပွဲအတွက် အုပ်စုခွဲေ၀ ထားရှိမှုအရ လေးသင်းပါခြောက် အုပ်စု၊ သုံးသင်းပါ ငါးအုပ်စုနှင့် ငါးသင်းပါ တစ်အုပ်စု ခွဲဝေထား ကာ အုပ်စုတစ်ခုစီမှ ပထမရရှိ သည့်အသင်းများက ၁၆ သင်း ရှုံး ထွက်အဆင့်ကို တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ပထမအဆင့်နှင့် ဒုတိယအ ဆင့် ပွဲစဉ်များကို ပဒေသာကွင်း၊ မြောက်ဒဂုံကွင်း၊ စလင်းကွင်း၊ ရန်ကုန်မြက်ခင်းတုကွင်း၊ ရွှေ ပြည်သာကွင်း၊ သန်လျင်ကွင်း၊ တွံတေးကွင်း စသည့် သက်ဆိုင် ရာ မြို့နယ်များအလိုက် ဘောလုံး ကွင်းများ၌ ကျင်းပမည်ဖြစ်သော် လည်း ဗိုလ်လုပွဲကို အောင်ဆန်း ကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သ တင်းရရှိသည်။

‘‘အကြောင်းကြောင်းကြောင့် မကျင်းပဖြစ်ခဲ့တာပေါ့။ ဒီနှစ် တော့ ရန်ကုန်တိုင်းက ဘောလုံး သမားကောင်းတွေ မွေးထုတ်ပေး နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြန်လည် ကျင်းပတာပါ။ အလွတ်တန်းဆို ပေမယ့် အဆင့်မြင့်တန်းနဲ့ ပထမ တန်းတွေမှာ ကစားဖူးတဲ့သူတွေ၊ မြန်မာ့လက်ရွေးစင် ဖူဆယ်ကစား သမားတွေနဲ့ မြန်မာလိဂ်ကကစား သမားတွေ ကစားခွင့်မရှိပါဘူး။ မြန်မာနေရှင်နယ်လိဂ်ယူ-၁၈ လူ ငယ်အသင်းက ကစားသမားတွေ ကိုတော့ ခွင့်ပြုထားပါတယ်’’ဟု တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မိုးက ပြောကြားသည်။

ပြိုင်ပွဲတွင် ပထမဆုကို ဆု ဖလားနှင့်အတူ ကျပ်သိန်း ၂၀၊ ဒုတိယဆု ကျပ် ၁၅ သိန်းနှင့် တ တိယဆု ကျပ် ၁၀ သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top