Property Expo
×

ဒိုမီနီကန္သမၼတႏုိင္ငံက ေဝးလံေခါင္ဖ်ားတဲ့ရြာေလး Salinas မွာ ေနထုိင္တဲ့ အမ်ဳိးသားတခ်ဳိ႕ဟာ မိန္းကေလးေတြအျဖစ္ ေမြးဖြားသန္႕စင္လာၾကျပီး အပ်ဳိေဖာ္ဝင္ခ်ိန္မွာေတာ့ အမ်ဳိးသားလိင္အဂၤါေတြ ျဖစ္ေပၚလာၾကတာကို  ၾကံဳေတြခံစားၾကရပါတယ္။ ဒီလူေတြကို “အမ်ဳိးသမီးေတြအျဖစ္ေမြးတဲ့ အမ်ဳိးသားေတြ” machihembras လုိ႔ ေခၚပါတယ္။

ဒီအုပ္စုဟာ မ်ဳိးရိုးဗီဇခ်ဳိ႕ယြင္းမႈတစ္ခု ခံစားေနရတာမို႕ သိပၸံပညာရွင္ေတြဟာ သူတုိ႕နဲ႕ပတ္သက္ျပီး အံ့အားသင့္ခဲ့ရပါတယ္။ သူတို႔ဟာ မိန္းကေလးအျဖစ္ေမြးလာၾကေပမယ့္ အပ်ဳိေဖာ္ဝင္ခ်ိန္ေရာက္တဲ့အခါ ေယာက်္ားလိင္အဂၤါေတြ ဖြံ႔ျဖိဳးလာၾကပါတယ္။  Countdown of Life လုိ႔ နာမည္ေပးထားတဲ့ ဘီဘီစီသတင္းမွတ္တမ္းတစ္ခုမွာဆုိရင္ မိန္းကေလးအျဖစ္ ေမြးျပီး အပ်ဳိေဖာ္ဝင္တာနဲ႔ တျဖည္းျဖည္းအမ်ဳိးသား အဂၤါဇာတ္ေတြ ျဖစ္သြားတတ္ၾကတဲ့ ဒီအသုိင္းအဝုိင္းက ကေလးငယ္ေတြရဲ႕ အံ့ဖြယ္ျဖစ္ရပ္အေၾကာင္းကို စူးစမ္းေလ့လာထားပါတယ္။

Johnny ဟာ အဲဒီကေလးမ်ားစြာထဲက တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ဘဝဇာတ္ေၾကာင္းက ျဖစ္ရုိးျဖစ္စဥ္ မဟုတ္ဘူးလုိ႔ ထင္ရေပမယ့္ ဒီ Salinas ရြာမွာက မိန္းကေလးေတြ ေယာက်္ားေလးေတြအျဖစ္ေျပာင္းသြားၾကတဲ့ အျဖစ္အပ်က္ေတြ ေနရာအႏွံ႔ရိွေနေတာ့ ဒါကို အထူးအဆန္းလုိ႔ မျမင္ၾကေတာ့ပါဘူး။ အသက္ ၂၅ ႏွစ္အရြယ္ Johnny ဟာဆုိရင္ ငယ္ငယ္ကတည္းက မိဘေတြက Felecitia လုိ႔ အမည္မွည့္ေပးထားျပီး မိန္းကေလးတစ္ေယာက္ကဲ့သို႔ ၾကီးျပင္းခဲ့ပါတယ္။
“ဂါဝန္အနီေလး ဝတ္ဆင္ေလ့ရိွတာ ျပန္လည္အမွတ္ရတယ္” လုိ႔ သူက ဆုိပါတယ္။

“မိန္းကေလးတစ္ေယာက္အျဖစ္ ေမြးဖြားခဲ့ေပမယ့္ က်ေနာ့္မွာ ဘယ္လိင္တိမ္းညြတ္မႈ ရိွေနမလဲဆိုတာ သူတုိ႔မသိခဲ့ပါဘူး။ ေက်ာင္းသြားရင္ က်ြန္ေတာ္ စကတ္ဝတ္ဆင္ေလ့ရိွတယ္။ ဒါေပမယ့္ က်ြန္ေတာ့စိတ္ထဲ မိန္းကေလးတစ္ေယာက္လုိ ဝတ္စားဆင္ယင္ဖုိ႔ ဘယ္တုန္းကမွ စိတ္မပါခဲ့ဘူး။ အျမဲတမ္း ေယာက်္ားေလးေတြနဲ႔ပဲ ကစားခ်င္ခဲ့တယ္”လုိ႔ သူက ဆုိပါတယ္။

ဒီခ်ဳိ႕ယြင္းခ်က္က သားအိမ္အတြင္း သက္ဆုိင္ရာအမ်ဳိးသားေဟာ္မုန္းျဖစ္တည္မႈ ထုတ္လုပ္မႈကို ဟန္႔တားတဲ့ အင္ဇုိင္းကင္းမဲ့ေနျခင္းေၾကာင့္ ျဖစ္ပါတယ္။ Testosterone အမ်ဳိးသားေဟာ္မုန္းဓာတ္ေတြ ထုတ္၊ မ်ဳိးပြားအဂၤါေတြ ထြက္ျပီး အသံေတြ ေအာလာတဲ့ အပ်ဳိေဖာ္ဝင္ခ်ိန္မတုိင္ခင္ထိေတာ့ သူဟာ ဘာမွမျဖစ္ေသးပါဘူး။  သားအိမ္အတြင္း အေျပာင္းအလဲေတြက မ်ားေသာအားျဖင့္ ၁၂ ႏွစ္အၾကာမွ ျဖစ္ေပၚတတ္ပါတယ္။  Johnny အတြက္ေတာ့ ၇ ႏွစ္အရြယ္မွာ ျဖစ္ပြားခဲ့ပါတယ္။  သူဟာ သူ႕ကိုယ္သူ မိန္းကေလးတစ္ေယာက္လို႕ မခံစားဖူးတာေၾကာင့္ ေယာက်္ားလုံးလုံးျဖစ္သြားျပီးေနာက္မွာ ပိုမိုေပ်ာ္ရႊင္ခဲ့တယ္လုိ႔ သူက ေျပာဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

 ဒိုမီနီကန်သမ္မတနိုင်ငံက ဝေးလံခေါင်ဖျားတဲ့ရွာလေး Salinas မှာ နေထိုင်တဲ့ အမျိုးသားတချို့ဟာ မိန်းကလေးတွေအဖြစ် မွေးဖွားသန့်စင်လာကြပြီး အပျိုဖော်ဝင်ချိန်မှာတော့ အမျိုးသားလိင်အင်္ဂါတွေ ဖြစ်ပေါ်လာကြတာကို  ကြုံတွေခံစားကြရပါတယ်။ ဒီလူတွေကို “အမျိုးသမီးတွေအဖြစ်မွေးတဲ့ အမျိုးသားတွေ” machihembras လို့ ခေါ်ပါတယ်။

ဒီအုပ်စုဟာ မျိုးရိုးဗီဇချို့ယွင်းမှုတစ်ခု ခံစားနေရတာမို့ သိပ္ပံပညာရှင်တွေဟာ သူတို့နဲ့ပတ်သက်ပြီး အံ့အားသင့်ခဲ့ရပါတယ်။ သူတို့ဟာ မိန်းကလေးအဖြစ်မွေးလာကြပေမယ့် အပျိုဖော်ဝင်ချိန်ရောက်တဲ့အခါ ယောကျ်ားလိင်အင်္ဂါတွေ ဖွံ့ဖြိုးလာကြပါတယ်။  Countdown of Life လို့ နာမည်ပေးထားတဲ့ ဘီဘီစီသတင်းမှတ်တမ်းတစ်ခုမှာဆိုရင် မိန်းကလေးအဖြစ် မွေးပြီး အပျိုဖော်ဝင်တာနဲ့ တဖြည်းဖြည်းအမျိုးသား အင်္ဂါဇာတ်တွေ ဖြစ်သွားတတ်ကြတဲ့ ဒီအသိုင်းအဝိုင်းက ကလေးငယ်တွေရဲ့ အံ့ဖွယ်ဖြစ်ရပ်အကြောင်းကို စူးစမ်းလေ့လာထားပါတယ်။

Johnny ဟာ အဲဒီကလေးများစွာထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့ဘဝဇာတ်ကြောင်းက ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ ထင်ရပေမယ့် ဒီ Salinas ရွာမှာက မိန်းကလေးတွေ ယောကျ်ားလေးတွေအဖြစ်ပြောင်းသွားကြတဲ့ အဖြစ်အပျက်တွေ နေရာအနှံ့ရှိနေတော့ ဒါကို အထူးအဆန်းလို့ မမြင်ကြတော့ပါဘူး။ အသက် ၂၅ နှစ်အရွယ် Johnny ဟာဆိုရင် ငယ်ငယ်ကတည်းက မိဘတွေက Felecitia လို့ အမည်မှည့်ပေးထားပြီး မိန်းကလေးတစ်ယောက်ကဲ့သို့ ကြီးပြင်းခဲ့ပါတယ်။
“ဂါဝန်အနီလေး ဝတ်ဆင်လေ့ရှိတာ ပြန်လည်အမှတ်ရတယ်” လို့ သူက ဆိုပါတယ်။

“မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားခဲ့ပေမယ့် ကျနော့်မှာ ဘယ်လိင်တိမ်းညွတ်မှု ရှိနေမလဲဆိုတာ သူတို့မသိခဲ့ပါဘူး။ ကျောင်းသွားရင် ကျွန်တော် စကတ်ဝတ်ဆင်လေ့ရှိတယ်။ ဒါပေမယ့် ကျွန်တော့စိတ်ထဲ မိန်းကလေးတစ်ယောက်လို ဝတ်စားဆင်ယင်ဖို့ ဘယ်တုန်းကမှ စိတ်မပါခဲ့ဘူး။ အမြဲတမ်း ယောကျ်ားလေးတွေနဲ့ပဲ ကစားချင်ခဲ့တယ်”လို့ သူက ဆိုပါတယ်။

ဒီချို့ယွင်းချက်က သားအိမ်အတွင်း သက်ဆိုင်ရာအမျိုးသားဟော်မုန်းဖြစ်တည်မှု ထုတ်လုပ်မှုကို ဟန့်တားတဲ့ အင်ဇိုင်းကင်းမဲ့နေခြင်းကြောင့် ဖြစ်ပါတယ်။ Testosterone အမျိုးသားဟော်မုန်းဓာတ်တွေ ထုတ်၊ မျိုးပွားအင်္ဂါတွေ ထွက်ပြီး အသံတွေ အောလာတဲ့ အပျိုဖော်ဝင်ချိန်မတိုင်ခင်ထိတော့ သူဟာ ဘာမှမဖြစ်သေးပါဘူး။  သားအိမ်အတွင်း အပြောင်းအလဲတွေက များသောအားဖြင့် ၁၂ နှစ်အကြာမှ ဖြစ်ပေါ်တတ်ပါတယ်။  Johnny အတွက်တော့ ၇ နှစ်အရွယ်မှာ ဖြစ်ပွားခဲ့ပါတယ်။  သူဟာ သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်လို့ မခံစားဖူးတာကြောင့် ယောကျ်ားလုံးလုံးဖြစ်သွားပြီးနောက်မှာ ပိုမိုပျော်ရွှင်ခဲ့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top