Kantharyar Centre
×

ရန္ကုန္ၿမိဳ႕တြင္ တည္ေဆာက္ထားသည့္ အဲကြန္းပါ အထပ္ျမင့္တုိက္အခ်ဳိ႕ကို ေတြ႕ရစဥ္ ဓာတ္ပံု − ေက်ာ္ဇင္သန္း

စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕သံတမန္လမ္း တိုက္နံပါတ္ အမွတ္ (၁၅) တြင္ ၾသဂုတ္လကုန္က စမ္းသပ္မႈတစ္ခုျပဳလုပ္ခဲ့သည္။ လွ်ပ္စစ္ဓာတ္အား ထိေရာက္စြာ အသံုးျပဳေရးဟု အမည္ေပးထားသည္။


သတိျပဳမိသူနည္းသည့္ လွ်ပ္စစ္ဓာတ္အား ေလလြင့္ေစႏိုင္ေသာ အေလ့အထမ်ားကို သတိထားျပဳ ျပင္လိုက္ရာတြင္ ရက္သတၱတစ္ပတ္အတြင္း လွ်ပ္စစ္ယူနစ္ ၃ ရာခုိင္ႏႈန္းသို႔ ေလွ်ာ့ခ်ႏုိင္ျခင္းျဖစ္သည္။

လွ်ပ္စစ္ဓာတ္အား ေလလြင့္ မႈေလွ်ာ့ခ်ႏိုင္မည့္ အခ်က္သံုးခ်က္ ျဖစ္ေသာ လွ်ပ္စစ္မီးအသံုးျပဳရန္ မလိုသည့္အခ်ိန္တြင္ အီလက္ထ ရြန္နစ္ပစၥည္းမ်ားကို ပိတ္ထား ျခင္း၊ အရည္အေသြးမီသည့္ အီလက္ထရြန္နစ္ ပစၥည္းမ်ား
သံုးစြဲျခင္းႏွင့္ လွ်ပ္စစ္ဓာတ္အားအမ်ားဆံုးအသံုးျပဳရသည့္ အဲကြန္းကို စနစ္တက် သံုးစြဲျခင္းပင္ ျဖစ္သည္။အဆိုပါစမ္းသပ္မႈကို ကမၻာ့ သားရဲတိရစၧာန္ထိန္းသိမ္းေရးအ ဖြဲ႕ (WWF) က ျပဳလုပ္ရာ သိသာသည့္ အက်ဳိး
သက္ေရာက္မႈမ်ား ရွိ၍ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္တြင္ ျဖန္႔ခ်ိခဲ့သည္။

‘‘အဲကြန္းဖြင့္ေတာ့မယ္ဆိုရင္ တံခါးအလံုပိတ္တယ္။ ၿပီးေတာ့ အပူခ်ိန္ ၂၆ ဒီဂရီ ထားလိုက္တယ္။ အသံုးမလိုတဲ့ပစၥည္းေတြ ပိတ္ထားတယ္။ ၿပီးေတာ့ လြန္ခဲ့တဲ့ တစ္ပတ္က အသံုးျပဳခဲ့တဲ့ လွ်ပ္စစ္ ဓာတ္အားယူနစ္ကို မွတ္ထား တယ္။ အဲဒီလို အမူအက်င့္ေလးေတြကို လုပ္ၿပီး ေနာက္တစ္ပတ္မွာ ရလဒ္ေတြကို စစ္ေဆး တိုင္းတာတဲ့ အခါ လွ်ပ္စစ္ဓာတ္အား ၃ ရာခိုင္ ႏႈန္းေလာက္ ေလွ်ာ့ခ်ႏုိင္ခဲ့တယ္’’ ဟု စမ္းသပ္မႈတြင္ ပါ၀င္သူ WWFစြမ္းအင္မန္ေနဂ်ာ ကိုရႊန္းစိုဦး က ေျပာသည္။

ေရအားမွ လွ်ပ္စစ္ဓာတ္အား တစ္ယူနစ္ ထုတ္လုပ္တုိင္း ထုတ္လုပ္တိုင္း အနည္းဆံုး ၉၀ က်ပ္ကုန္က်သည္။ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ရာတြင္ လူအမ်ားအျပား ေရႊ႕ေျပာင္းရျခင္း၊ ေဂဟေဗဒစနစ္ ထိခိုက္ျခင္း၊ သဘာ၀ ပတ္၀န္း က်င္ပ်က္စီးျခင္းတို႔က ဒြန္တြဲေနသျဖင့္ ေငြေၾကးျဖင့္ တြက္ခ်က္၍ မရ သည့္ ဆံုး႐ႈံးမႈမ်ား ရွိေနသည္။

လွ်ပ္စစ္ဓာတ္အားထုတ္ယူ ျခင္းႏွင့္ လွ်ပ္စစ္ဓာတ္အားအက်ဳိး ရွိစြာ အသံုးျပဳေရးတိုက္႐ိုက္ႏွီးႏႊယ္ ပတ္သက္လ်က္ ရွိသည္။ လွ်ပ္စစ္ ဓာတ္အား ထုတ္ယူျခင္းသည္ သဘာ၀ပတ္၀န္းက်င္ကို အနည္းႏွင့္ အမ်ား ထိခိုက္
ေစေသာေၾကာင့္ ထုတ္လုပ္မႈ မ်ားလာမည္ ဆိုပါက သဘာ ၀ပတ္၀န္းက်င္ ထိခိုက္မႈမ်ား ပိုမ်ားလာႏိုင္မည္ ျဖစ္သည္။

ထို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အားကို အက်ဳိးရွိစြာ သံုးစြဲေရးသည္ တစ္နည္းအားျဖင့္ သဘာ၀ပတ္၀န္းက်င္ ထိခိုက္မႈကိုလည္း ေလွ်ာ့ ခ်ေပးရာေရာက္သည္ဟု စြမ္းအင္ ကြၽမ္းက်င္ပညာရွင္မ်ားက ဆို သည္။

လက္ရွိ ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အား ထုတ္ယူမႈသည္ ေရ အားလွ်ပ္စစ္မွ ၂၇၇၃ မဂၢါ၀ပ္ (၇၂ရာခိုင္ႏႈန္း)၊ သဘာ၀ဓာတ္ေငြ႕မွ ၁၄၅၂ မဂၢါ၀ပ္ (၁၈ ရာခိုင္ႏႈန္း)၊ ေက်ာက္မီးေသြးမွ ၂၈၅ မဂၢါ၀ပ္ (၈ ရာခိုင္ႏႈန္း)၊ ဒီဇယ္လွ်ပ္စစ္မွ ၆၀ မဂၢါ၀ပ္ (၂ ရာခိုင္ႏႈန္း) စုစုေပါင္း မဂၢါ၀ပ္ ၄၅၇၀ ထုတ္ယူႏိုင္သည့္ စက္တပ္ဆင္အားျဖင့္ လည္ပတ္ ေနသည္။

ထုတ္ယူေနသည့္ မဂၢါ၀ပ္ ၄၅၀၀ ေက်ာ္မွ ႏွစ္စဥ္ ၄၀ ရာခိုင္ ႏႈန္း (မဂၢါ၀ပ္ ၁၈၀၀ ခန္႔)မွာ ေလ လြင့္ပ်က္စီးေနၿပီး မဂၢါ၀ပ္ ၃၆၀၀ ေက်ာ္ကိုသာ သံုးစြဲေနသည္။ ျမန္မာႏိုင္ငံ၏ လက္ရွိ လွ်ပ္စစ္ဓာတ္အားသံုးစြဲမႈသည္ မဂၢါ၀ပ္ ၃၆၀၀ ေက်ာ္မွ ႏုိင္ငံပိုင္ စက္႐ုံ၊ အိမ္၊ ႐ုံး၊ ေဆး႐ုံ၊ ေက်ာင္းမ်ားက ၆၁ ရာခိုင္ ႏႈန္း၊ သမ၀ါယမက ၂၅ ရာခိုင္ႏႈန္း၊ ပုဂၢလိက က ၁၄ ရာခုိင္ႏႈန္းသံုးစြဲေန သည္ဟု အစိုးရက ထုတ္ျပန္ထား သည္။

တစ္ႏိုင္ငံလံုးလွ်ပ္စစ္ဓာတ္ အားသံုးစြဲရန္ ႏွစ္စဥ္လိုအပ္ခ်က္ မွာ မဂၢါ၀ပ္ ၁၀၀၀ ေက်ာ္ရွိေန သည္။ လွ်ပ္စစ္ဓာတ္အားသံုးစြဲမႈ ကလည္း တစ္ႏွစ္လွ်င္ ၁၅ ရာခိုင္ ႏႈန္းတိုးေနသည္။

လူဦးေရ ၅၁ သန္းခန္႔ေနထိုင္ေသာ ျမန္မာႏိုင္ငံတြင္ လက္ရွိလွ်ပ္စစ္ဓာတ္အားသံုးစြဲမႈ ၃၀ ရာခိုင္ႏႈန္းခန္႔သာရွိၿပီး လွ်ပ္စစ္ဓာတ္အား လက္လွမ္းမမီသူ ၇၀ ရာခိုင္ႏႈန္းခန္႔ရွိသည္။

ျမန္မာႏုိင္ငံ၏ လက္ရွိ အေျခအေနသည္ လွ်ပ္စစ္လိုအပ္ခ်က္ မ်ားေနရာ အစိုးရက ေက်ာက္မီး ေသြး၊ ေရအားလွ်ပ္စစ္၊ ဇီ၀ေလာင္စာသံုးလွ်ပ္စစ္ဓာတ္အားထုတ္ယူ ျခင္းႏွင့္ သဘာ၀ဓာတ္ေငြ႕မွ လွ်ပ္စစ္ဓာတ္အား ထုတ္ယူရန္ ျပင္ဆင္ေနသည္။

သဘာ၀ပတ္၀န္းက်င္ ထိခိုက္မႈ နည္းသည့္ ျပန္ျပည့္ၿမဲစြမ္းအင္မွ ၂၀ ရာခိုင္ႏႈန္းခန္႔သာ ထုတ္ယူရန္ လ်ာထားျခင္း ျဖစ္သည္။ ျပည္သူ႕  အစိုးရတက္လာသည့္ ေနာက္ပိုင္းတြင္ ေက်ာက္မီးေသြး စီမံကိန္းမ်ားကို အသစ္ ခြင့္ျပဳေတာ့မည္ မဟုတ္ေသာ္လည္း ေရအားမွ လွ်ပ္စစ္ဓာတ္အား ထုတ္ယူျခင္းတို႔ လုပ္ေဆာင္ရန္ စိုင္းျပင္းေနသည္။

ေရအား လွ်ပ္စစ္ထုတ္ယူမႈ ႏွင့္ ေက်ာက္မီးေသြးမွ လွ်ပ္စစ္ဓာတ္အား ထုတ္ယူမႈသည္ လူထု အမ်ားစု ကန္႔ကြက္သည့္ စီမံကိန္း မ်ားျဖစ္သည္။ ထို႔ေၾကာင့္ လွ်ပ္စစ္ ဓာတ္အား ထုတ္ယူျခင္းသည္ အစိုးရသစ္အတြက္ ရင္ဆိုင္မည့္
ျပႆ နာမ်ား ရွိေနသည္။လွ်ပ္စစ္ဓာတ္အားအက်ဳိးရွိ စြာ သံုးစြဲေရးသည္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္သည့္ အေနအထားမ်ဳိး မဟုတ္ေသာ္လည္း လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈကို ခ်ိန္ခြင္လွ်ာညိႇေပးႏိုင္သည္။

‘‘လွ်ပ္စစ္ဓာတ္အားထုတ္ လုပ္မႈနဲ႔ လွ်ပ္စစ္ဓာတ္အားအ က်ဳိးရွိစြာ သံုးစြဲေရးက တိုက္႐ိုက္ အခ်ဳိးက်ပါတယ္။ ဒီႏွစ္ခုက အတူ တြဲၿပီး လုပ္မွရပါမယ္။ ကြၽန္ေတာ္ တို႔ ႐ုံးက တစ္ပတ္အတြင္း ၃ ရာခိုင္ႏႈန္းေလွ်ာ့ခ် လိုက္ႏိုင္တယ္။ အဲ ဒီလို ၃ ရာခိုင္ႏႈန္းေလာက္ အမ်ားစုကိုယ္စီ ေလွ်ာ့ခ်ၾကမယ္ဆိုရင္ ေလွ်ာ့ခ်လိုက္တဲ့ လွ်ပ္စစ္ဓာတ္ အားက အိမ္တစ္အိမ္သံုးတာလည္းျဖစ္ႏိုင္သလို စက္႐ုံတစ္႐ုံသံုးဖို႔ အ တြက္လည္း ျဖစ္ႏုိင္ပါတယ္။ အဲဒီေတာ့ အရမ္း ထုတ္လုပ္
စရာ မလိုေတာ့ဘူး။ မလိုေတာ့ဘူးဆိုရင္လည္း လွ်ပ္စစ္ထုတ္ယူမႈေၾကာင့္ထိခိုက္လာမယ့္ သဘာ၀ပတ္၀န္း က်င္ကို Save လုပ္ေပးႏုိင္တယ္’’ ဟု ဂ်ာမနီႏုိင္ငံ Flensburg တကၠ သိုလ္တြင္ စြမ္းအင္ႏွင့္ သဘာ၀ ပတ္၀န္းက်င္ စီမံခန္႔ခြဲမႈ မဟာဘြဲ႕ယူထားသည့္ ကိုရႊန္းစိုစိုးဦးက ေျပာသည္။

ျမန္မာႏိုင္ငံမွ သဘာ၀ဓာတ္ေငြ႕အမ်ားဆံုး ၀ယ္ယူေနသည့္ ထုိင္းႏုိင္ငံက လွ်ပ္စစ္ဓာတ္အား ထိေရာက္စြာ သံုးစြဲေရးအသိပညာ ေပးလုပ္ငန္းမ်ားကို လြန္ခဲ့သည့္ ငါးႏွစ္က စတင္ခဲ့သည္။ လွ်ပ္စစ္ ဓာတ္အားကုန္က်မႈ သက္သာေစ သည့္ လွ်ပ္စစ္ပစၥည္းမ်ား သံုးစြဲေရး လႈံ႕ေဆာ္မႈမ်ားႏွင့္ ေလေအးေပး စက္မ်ားစနစ္တက် သံုးစြဲေရးတို႔ ကို အသိပညာေပးခဲ့သည္။

ထိုင္းႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္သည္ တိုင္းျပည္ ၀င္ေငြ (GDP) ကို အေျခခံ၍ တြက္ခ်က္ျခင္း ျဖစ္သည္။ GDP ၁ ရာ ခိုင္ႏႈန္းတိုးလွ်င္ လွ်ပ္စစ္ဓာတ္ အားလိုအပ္ခ်က္ကို ၁ ဒသမ  ၄  ရာ ခိုင္ႏႈန္းလိုအပ္မည္ဟု ထိုင္းစြမ္းအင္ ကြၽမ္းက်င္ပညာရွင္မ်ားက တြက္ခ်က္ေလ့ရွိသည္။

ထုိသုိ႔တြက္ခ်က္ေလ့ရွိသည့္ ထိုင္းႏိုင္ငံတြင္ တစ္ကမၻာလံုးစီး ပြားေရး အႏုတ္လကၡဏာ ေလးၾကိမ္ႀကံဳ ရသည့္အခ်ိန္တြင္ ထိုင္း ႏိုင္ငံ၏ စီးပြားေရးမွာ ထင္သေလာက္ မေကာင္းခဲ့ေသာ္လည္း စြမ္းအင္ လိုအပ္ခ်က္မွာ ရပ္တန္႔သြားျခင္း မရွိရာမွ ထိုင္းစြမ္းအင္ပညာရွင္ မ်ားက စြမ္းအင္ေလလြင့္ေနျခင္းကို သတိျပဳမိျခင္း ျဖစ္သည္ဟု မဲေခါင္စြမ္းအင္ႏွင့္ ေဂဟစနစ္ ေလ့လာေရးကြန္ရက္အဖြဲ႕ ဥကၠ႒ ထိုင္းႏုိင္ငံသား ခြန္ေ၀့ထြန္းကေျပာသည္။

‘‘MBK ကုန္တိုက္တစ္ခုရဲ႕ လွ်ပ္စစ္ဓာတ္အားသံုးစြဲမႈက အဲဒီ တုန္းက ေတာ္ေတာ္မ်ားေနတဲ့အ ခါ ထုိင္းပညာရွင္ေတြ မ်က္လံုးျပဴး ကုန္တယ္။ အဲဒီကေနစၿပီး ကြၽန္ေတာ္တို႔ လႈပ္ရွားမႈေတြ လုပ္ခဲ့တာပဲ။ ျမန္မာႏိုင္ငံက ထိုင္းႏုိင္ငံေလာက္ လွ်ပ္စစ္ဓာတ္အားသံုးစြဲ မႈမမ်ားေပမယ့္ အခုကတည္းက စတင္ထားရင္ပိုေကာင္းတယ္’’ဟု လြန္ခဲ့သည့္ ငါးႏွစ္ခန္႔က ထုိင္းႏုိင္ငံတြင္ လွ်ပ္စစ္ဓာတ္အားအက်ဳိးရွိ စြာ သံုးစြဲေရးလႈပ္ရွားမႈမ်ားေပၚ ေပါက္လာပံုကို စြမ္းအင္ပညာရွင္ ခြန္ေ၀့ထြန္းက ဆိုသည္။

လွ်ပ္စစ္ဓာတ္အား အက်ဳိးရွိ စြာ သံုးစြဲေရးသည္ ျပည္သူလူထု ပါ၀င္မွရမည့္အစီအစဥ္ျဖစ္ေသာ ေၾကာင့္ အေလအလြင့္မ်ားရွိေနသည့္ အမူအက်င့္မ်ားကို သတိထား၍ ျပဳျပင္ေျပာင္းလဲရမည္ ျဖစ္သည္။

လွ်ပ္စစ္ဓာတ္အားသံုးစြဲမႈ မ်ားျပားေသာ ဟိုတယ္လုပ္ငန္း မ်ား၊ ေစ်း၀ယ္စင္တာမ်ား၊ ကုန္ တိုက္မ်ားႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ား တြင္ လွ်ပ္စစ္ဓာတ္အားအေလ အလြင့္မျဖစ္ေစရန္ ျမန္မာႏုိင္ငံႏွင့္ ကိုက္ညီေသာ စည္းမ်ဥ္းဥပေဒမ်ား ခ်မွတ္ေပးရမည္ဟု WWF စြမ္းအင္မန္ေနဂ်ာ ကိုရႊန္းစိုစိုးဦးက ေျပာသည္။

ျမန္မာႏိုင္ငံအႏွံ႔အျပားလွ်ပ္ စစ္ဓာတ္အားမရရွိၾကေသးခ်ိန္တြင္ လက္ရွိ ထုတ္လုပ္ေနသည့္ လွ်ပ္စစ္ဓာတ္အားကို ထိေရာက္စြာ အက်ဳိးရွိရွိအသံုးခ်ေရးသည္ လွ်ပ္စစ္ ပိုမိုထုတ္လုပ္ေရးကဲ့သို႔ပင္ အေရးႀကီးလွသည္။ သို႔ ေသာ္ အဆိုပါအခ်က္ကို လူအမ်ားစုသတိမျပဳမိၾကသကဲ့သို႔ ေရပန္းစားမႈလည္း မရွိေပ။

စြမ္းအင္လံုေလာက္စြာရရွိ ေရးႏွင့္ အေလအလြင့္မရွိေအာင္ သံုးစြဲႏိုင္ေရးသည္ ကမၻာ့ႏုိင္ငံမ်ား တြင္ စိန္ေခၚမႈတစ္ရပ္ျဖစ္ ရင္ဆိုင္ေနရၿပီး အဆိုပါျပႆနာကို နည္းလမ္းတက် ေျဖရွင္းႏုိင္ပါက ႏွစ္စဥ္လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို စနစ္တက်ကိုင္တြယ္ႏုိင္မည္ ျဖစ္သည္။

႐ုံးခန္းမ်ား၊ ေရွာ့ပင္းေမာလ္မ်ား၊ ဟိုတယ္မ်ား၊ ေဆး႐ုံမ်ားႏွင့္ အမ်ားပိုင္ အေဆာက္အအံုမ်ား၊ ေက်ာင္းမ်ားတြင္ အသံုးျပဳေန ေသာ လွ်ပ္စစ္စြမ္းအင္မ်ား၌ မလိုလားအပ္ဘဲ စြမ္းအင္မ်ား ေလလြင့္ေပ်ာက္ကြယ္ ေနေသာေၾကာင့္ ကမၻာ့ႏုိင္ငံမ်ားတြင္ စြမ္းအင္လိုအပ္ခ်က္မ်ား ႏွစ္စဥ္ျမင့္တက္လ်က္ ရွိသည္။

ယခင္လွ်ပ္စစ္ႏွင့္ စြမ္းအင္ ၀န္ႀကီးဌာနက ဂ်ပန္၊ ထိုင္းႏုိင္ငံ မ်ားမွ ကုမၸဏီမ်ားႏွင့္ ပူးေပါင္း၍ ဂ်ပန္ႏိုင္ငံႏွင့္ အာရွႏိုင္ငံမ်ားတြင္ အသံုးျပဳေနေသာ စြမ္းအင္ေခြၽတာ သံုးစြဲမႈ စီမံခန္႔ခြဲေရးစနစ္၊ စြမ္းအင္ ေခြၽတာသံုးစြဲေရး ကုမၸဏီမ်ား အေၾကာင္း ေဆြးေႏြးပြဲျပဳလုပ္ေသာ္လည္း က်ယ္ျပန္႔မႈမရွိခဲ့ေပ။

ျမန္မာအစိုးရကိုယ္တိုင္ကလွ်ပ္စစ္ဓာတ္အား ထုတ္ယူေရး ႏွင့္ ျဖန္႔ျဖဴးေရးမ်ားတြင္သာ အေလးေပးေဆာင္ရြက္ေနၿပီး လွ်ပ္ စစ္ဓာတ္အားအက်ဳိးရွိစြာအသံုးျပဳ ေရးကို မူ၀ါဒတစ္ရပ္အေနႏွင့္ ျပ႒ာန္းထားျခင္းပင္ မရွိေပ။ လွ်ပ္စစ္ဓာတ္အား ထုတ္ယူျခင္းႏွင့္ အက်ဳိးရွိစြာ သံုးစြဲျခင္းသည္ ႏုိင္ငံတိုင္းအတြက္ လိုအပ္ေသာ မူ၀ါဒတစ္ရပ္ျဖစ္ေသာေၾကာင့္ ပါ၀င္သင့္သည္ဟု စြမ္းအင္ပညာရွင္မ်ားက အႀကံျပဳထားသည္။

လွ်ပ္စစ္ဓာတ္အားေခြၽတာ ရမည္၊ အက်ဳိးရွိစြာအသံုးျပဳရမည္ ဆိုလွ်င္ လူအမ်ားစုသည္ သံုးစြဲေန သည့္ လွ်ပ္စစ္ဓာတ္အားမွ ေလွ်ာ့ ခ်ရမည္ဟု ေျပးျမင္ၾကသည္။ အဂၤလိပ္စကားလံုးတိုက္႐ိုက္ဘာသာ ျပန္မည္ဆိုပါက ထိုသို႔ အဓိပၸာယ္ သက္ေရာက္ေနသည္။ ျမန္မာ စကားလံုး ရွိသည့္ ယင္းစကားလံုး မွာ မီတာခေခြၽတာျခင္း ျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔မွာ စကားလံုး ရွိၿပီးသားပါ။ မီတာခေခြၽတာပါ။ ကိုယ္လည္း အက်ဳိးရွိ၊ သူမ်ား လည္း အက်ဳိးရွိေစတဲ့ ဒီအစီအစဥ္ ေလးမွာ လူတိုင္းပါ၀င္ၾကပါလို႔ ဖိတ္ေခၚခ်င္ပါတယ္’’ဟု WWF လွ်ပ္စစ္ဓာတ္အား အက်ဳိးရွိစြာ သံုးစြဲေရးအစီအစဥ္တြင္ ပါ၀င္ခဲ့သူျပန္ၾကားေရးတာ၀န္ခံ ကိုရဲမင္း သြင္က ေျပာသည္။

WWF က စံျပအေနျဖင့္ စမ္းသပ္ခဲ့ေသာ အဆိုပါအစီအစဥ္ သည္ ေအာင္ျမင္သျဖင့္ လွ်ပ္စစ္ဓာတ္အားပိုသံုးရသည့္ ေလေအး ေပးစက္မ်ားကို တံခါးအလံုပိတ္ ျခင္း၊ အပူခ်ိန္ ၂၆ ဒီဂရီ ထားရွိျခင္း ျဖင့္ သင့္႐ုံးခန္း၊ အိမ္မ်ားတြင္ အပန္းမႀကီးဘဲ စတင္ႏိုင္မည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့် အဲကွန်းပါ အထပ်မြင့်တိုက်အချို့ကို တွေ့ရစဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

စီးပွားရေးမြို့တော် ရန်ကုန်မြို့သံတမန်လမ်း တိုက်နံပါတ် အမှတ် (၁၅) တွင် သြဂုတ်လကုန်က စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ လျှပ်စစ်ဓာတ်အား ထိရောက်စွာ အသုံးပြုရေးဟု အမည်ပေးထားသည်။


သတိပြုမိသူနည်းသည့် လျှပ်စစ်ဓာတ်အား လေလွင့်စေနိုင်သော အလေ့အထများကို သတိထားပြု ပြင်လိုက်ရာတွင် ရက်သတ္တတစ်ပတ်အတွင်း လျှပ်စစ်ယူနစ် ၃ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အား လေလွင့် မှုလျှော့ချနိုင်မည့် အချက်သုံးချက် ဖြစ်သော လျှပ်စစ်မီးအသုံးပြုရန် မလိုသည့်အချိန်တွင် အီလက်ထ ရွန်နစ်ပစ္စည်းများကို ပိတ်ထား ခြင်း၊ အရည်အသွေးမီသည့် အီလက်ထရွန်နစ် ပစ္စည်းများ
သုံးစွဲခြင်းနှင့် လျှပ်စစ်ဓာတ်အားအများဆုံးအသုံးပြုရသည့် အဲကွန်းကို စနစ်တကျ သုံးစွဲခြင်းပင် ဖြစ်သည်။အဆိုပါစမ်းသပ်မှုကို ကမ္ဘာ့ သားရဲတိရစ္ဆာန်ထိန်းသိမ်းရေးအ ဖွဲ့ (WWF) က ပြုလုပ်ရာ သိသာသည့် အကျိုး
သက်ရောက်မှုများ ရှိ၍ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့သည်။

‘‘အဲကွန်းဖွင့်တော့မယ်ဆိုရင် တံခါးအလုံပိတ်တယ်။ ပြီးတော့ အပူချိန် ၂၆ ဒီဂရီ ထားလိုက်တယ်။ အသုံးမလိုတဲ့ပစ္စည်းတွေ ပိတ်ထားတယ်။ ပြီးတော့ လွန်ခဲ့တဲ့ တစ်ပတ်က အသုံးပြုခဲ့တဲ့ လျှပ်စစ် ဓာတ်အားယူနစ်ကို မှတ်ထား တယ်။ အဲဒီလို အမူအကျင့်လေးတွေကို လုပ်ပြီး နောက်တစ်ပတ်မှာ ရလဒ်တွေကို စစ်ဆေး တိုင်းတာတဲ့ အခါ လျှပ်စစ်ဓာတ်အား ၃ ရာခိုင် နှုန်းလောက် လျှော့ချနိုင်ခဲ့တယ်’’ ဟု စမ်းသပ်မှုတွင် ပါဝင်သူ WWFစွမ်းအင်မန်နေဂျာ ကိုရွှန်းစိုဦး က ပြောသည်။

ရေအားမှ လျှပ်စစ်ဓာတ်အား တစ်ယူနစ် ထုတ်လုပ်တိုင်း ထုတ်လုပ်တိုင်း အနည်းဆုံး ၉၀ ကျပ်ကုန်ကျသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် လူအများအပြား ရွှေ့ပြောင်းရခြင်း၊ ဂေဟဗေဒစနစ် ထိခိုက်ခြင်း၊ သဘာ၀ ပတ်ဝန်း ကျင်ပျက်စီးခြင်းတို့က ဒွန်တွဲနေသဖြင့် ငွေကြေးဖြင့် တွက်ချက်၍ မရ သည့် ဆုံးရှုံးမှုများ ရှိနေသည်။

လျှပ်စစ်ဓာတ်အားထုတ်ယူ ခြင်းနှင့် လျှပ်စစ်ဓာတ်အားအကျိုး ရှိစွာ အသုံးပြုရေးတိုက်ရိုက်နှီးနွှယ် ပတ်သက်လျက် ရှိသည်။ လျှပ်စစ် ဓာတ်အား ထုတ်ယူခြင်းသည် သဘာဝပတ်ဝန်းကျင်ကို အနည်းနှင့် အများ ထိခိုက်
စေသောကြောင့် ထုတ်လုပ်မှု များလာမည် ဆိုပါက သဘာ ဝပတ်ဝန်းကျင် ထိခိုက်မှုများ ပိုများလာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ သုံးစွဲရေးသည် တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျှော့ ချပေးရာရောက်သည်ဟု စွမ်းအင် ကျွမ်းကျင်ပညာရှင်များက ဆို သည်။

လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုသည် ရေ အားလျှပ်စစ်မှ ၂၇၇၃ မဂ္ဂါဝပ် (၇၂ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့မှ ၁၄၅၂ မဂ္ဂါဝပ် (၁၈ ရာခိုင်နှုန်း)၊ ကျောက်မီးသွေးမှ ၂၈၅ မဂ္ဂါဝပ် (၈ ရာခိုင်နှုန်း)၊ ဒီဇယ်လျှပ်စစ်မှ ၆၀ မဂ္ဂါဝပ် (၂ ရာခိုင်နှုန်း) စုစုပေါင်း မဂ္ဂါဝပ် ၄၅၇၀ ထုတ်ယူနိုင်သည့် စက်တပ်ဆင်အားဖြင့် လည်ပတ် နေသည်။

ထုတ်ယူနေသည့် မဂ္ဂါဝပ် ၄၅၀၀ ကျော်မှ နှစ်စဉ် ၄၀ ရာခိုင် နှုန်း (မဂ္ဂါဝပ် ၁၈၀၀ ခန့်)မှာ လေ လွင့်ပျက်စီးနေပြီး မဂ္ဂါဝပ် ၃၆၀၀ ကျော်ကိုသာ သုံးစွဲနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် မဂ္ဂါဝပ် ၃၆၀၀ ကျော်မှ နိုင်ငံပိုင် စက်ရုံ၊ အိမ်၊ ရုံး၊ ဆေးရုံ၊ ကျောင်းများက ၆၁ ရာခိုင် နှုန်း၊ သမဝါယမက ၂၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိက က ၁၄ ရာခိုင်နှုန်းသုံးစွဲနေ သည်ဟု အစိုးရက ထုတ်ပြန်ထား သည်။

တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ် အားသုံးစွဲရန် နှစ်စဉ်လိုအပ်ချက် မှာ မဂ္ဂါဝပ် ၁၀၀၀ ကျော်ရှိနေ သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ကလည်း တစ်နှစ်လျှင် ၁၅ ရာခိုင် နှုန်းတိုးနေသည်။

လူဦးရေ ၅၁ သန်းခန့်နေထိုင်သော မြန်မာနိုင်ငံတွင် လက်ရှိလျှပ်စစ်ဓာတ်အားသုံးစွဲမှု ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး လျှပ်စစ်ဓာတ်အား လက်လှမ်းမမီသူ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် လျှပ်စစ်လိုအပ်ချက် များနေရာ အစိုးရက ကျောက်မီး သွေး၊ ရေအားလျှပ်စစ်၊ ဇီဝလောင်စာသုံးလျှပ်စစ်ဓာတ်အားထုတ်ယူ ခြင်းနှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ပြင်ဆင်နေသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းသည့် ပြန်ပြည့်မြဲစွမ်းအင်မှ ၂၀ ရာခိုင်နှုန်းခန့်သာ ထုတ်ယူရန် လျာထားခြင်း ဖြစ်သည်။ ပြည်သူ့  အစိုးရတက်လာသည့် နောက်ပိုင်းတွင် ကျောက်မီးသွေး စီမံကိန်းများကို အသစ် ခွင့်ပြုတော့မည် မဟုတ်သော်လည်း ရေအားမှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းတို့ လုပ်ဆောင်ရန် စိုင်းပြင်းနေသည်။

ရေအား လျှပ်စစ်ထုတ်ယူမှု နှင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုသည် လူထု အများစု ကန့်ကွက်သည့် စီမံကိန်း များဖြစ်သည်။ ထို့ကြောင့် လျှပ်စစ် ဓာတ်အား ထုတ်ယူခြင်းသည် အစိုးရသစ်အတွက် ရင်ဆိုင်မည့်
ပြဿ နာများ ရှိနေသည်။လျှပ်စစ်ဓာတ်အားအကျိုးရှိ စွာ သုံးစွဲရေးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အနေအထားမျိုး မဟုတ်သော်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ချိန်ခွင်လျှာညှိပေးနိုင်သည်။

‘‘လျှပ်စစ်ဓာတ်အားထုတ် လုပ်မှုနဲ့ လျှပ်စစ်ဓာတ်အားအ ကျိုးရှိစွာ သုံးစွဲရေးက တိုက်ရိုက် အချိုးကျပါတယ်။ ဒီနှစ်ခုက အတူ တွဲပြီး လုပ်မှရပါမယ်။ ကျွန်တော် တို့ ရုံးက တစ်ပတ်အတွင်း ၃ ရာခိုင်နှုန်းလျှော့ချ လိုက်နိုင်တယ်။ အဲ ဒီလို ၃ ရာခိုင်နှုန်းလောက် အများစုကိုယ်စီ လျှော့ချကြမယ်ဆိုရင် လျှော့ချလိုက်တဲ့ လျှပ်စစ်ဓာတ် အားက အိမ်တစ်အိမ်သုံးတာလည်းဖြစ်နိုင်သလို စက်ရုံတစ်ရုံသုံးဖို့ အ တွက်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ အရမ်း ထုတ်လုပ်
စရာ မလိုတော့ဘူး။ မလိုတော့ဘူးဆိုရင်လည်း လျှပ်စစ်ထုတ်ယူမှုကြောင့်ထိခိုက်လာမယ့် သဘာဝပတ်ဝန်း ကျင်ကို Save လုပ်ပေးနိုင်တယ်’’ ဟု ဂျာမနီနိုင်ငံ Flensburg တက္က သိုလ်တွင် စွမ်းအင်နှင့် သဘာ၀ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု မဟာဘွဲ့ယူထားသည့် ကိုရွှန်းစိုစိုးဦးက ပြောသည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့အများဆုံး ဝယ်ယူနေသည့် ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ထိရောက်စွာ သုံးစွဲရေးအသိပညာ ပေးလုပ်ငန်းများကို လွန်ခဲ့သည့် ငါးနှစ်က စတင်ခဲ့သည်။ လျှပ်စစ် ဓာတ်အားကုန်ကျမှု သက်သာစေ သည့် လျှပ်စစ်ပစ္စည်းများ သုံးစွဲရေး လှုံ့ဆော်မှုများနှင့် လေအေးပေး စက်များစနစ်တကျ သုံးစွဲရေးတို့ ကို အသိပညာပေးခဲ့သည်။

ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တိုင်းပြည် ဝင်ငွေ (GDP) ကို အခြေခံ၍ တွက်ချက်ခြင်း ဖြစ်သည်။ GDP ၁ ရာ ခိုင်နှုန်းတိုးလျှင် လျှပ်စစ်ဓာတ် အားလိုအပ်ချက်ကို ၁ ဒသမ  ၄  ရာ ခိုင်နှုန်းလိုအပ်မည်ဟု ထိုင်းစွမ်းအင် ကျွမ်းကျင်ပညာရှင်များက တွက်ချက်လေ့ရှိသည်။

ထိုသို့တွက်ချက်လေ့ရှိသည့် ထိုင်းနိုင်ငံတွင် တစ်ကမ္ဘာလုံးစီး ပွားရေး အနုတ်လက္ခဏာ လေးကြိမ်ကြုံ ရသည့်အချိန်တွင် ထိုင်း နိုင်ငံ၏ စီးပွားရေးမှာ ထင်သလောက် မကောင်းခဲ့သော်လည်း စွမ်းအင် လိုအပ်ချက်မှာ ရပ်တန့်သွားခြင်း မရှိရာမှ ထိုင်းစွမ်းအင်ပညာရှင် များက စွမ်းအင်လေလွင့်နေခြင်းကို သတိပြုမိခြင်း ဖြစ်သည်ဟု မဲခေါင်စွမ်းအင်နှင့် ဂေဟစနစ် လေ့လာရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ထိုင်းနိုင်ငံသား ခွန်ဝေ့ထွန်းကပြောသည်။

‘‘MBK ကုန်တိုက်တစ်ခုရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက အဲဒီ တုန်းက တော်တော်များနေတဲ့အ ခါ ထိုင်းပညာရှင်တွေ မျက်လုံးပြူး ကုန်တယ်။ အဲဒီကနေစပြီး ကျွန်တော်တို့ လှုပ်ရှားမှုတွေ လုပ်ခဲ့တာပဲ။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံလောက် လျှပ်စစ်ဓာတ်အားသုံးစွဲ မှုမများပေမယ့် အခုကတည်းက စတင်ထားရင်ပိုကောင်းတယ်’’ဟု လွန်ခဲ့သည့် ငါးနှစ်ခန့်က ထိုင်းနိုင်ငံတွင် လျှပ်စစ်ဓာတ်အားအကျိုးရှိ စွာ သုံးစွဲရေးလှုပ်ရှားမှုများပေါ် ပေါက်လာပုံကို စွမ်းအင်ပညာရှင် ခွန်ဝေ့ထွန်းက ဆိုသည်။

လျှပ်စစ်ဓာတ်အား အကျိုးရှိ စွာ သုံးစွဲရေးသည် ပြည်သူလူထု ပါဝင်မှရမည့်အစီအစဉ်ဖြစ်သော ကြောင့် အလေအလွင့်များရှိနေသည့် အမူအကျင့်များကို သတိထား၍ ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားသော ဟိုတယ်လုပ်ငန်း များ၊ ဈေးဝယ်စင်တာများ၊ ကုန် တိုက်များနှင့် စက်ရုံ၊ အလုပ်ရုံများ တွင် လျှပ်စစ်ဓာတ်အားအလေ အလွင့်မဖြစ်စေရန် မြန်မာနိုင်ငံနှင့် ကိုက်ညီသော စည်းမျဉ်းဥပဒေများ ချမှတ်ပေးရမည်ဟု WWF စွမ်းအင်မန်နေဂျာ ကိုရွှန်းစိုစိုးဦးက ပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားလျှပ် စစ်ဓာတ်အားမရရှိကြသေးချိန်တွင် လက်ရှိ ထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အားကို ထိရောက်စွာ အကျိုးရှိရှိအသုံးချရေးသည် လျှပ်စစ် ပိုမိုထုတ်လုပ်ရေးကဲ့သို့ပင် အရေးကြီးလှသည်။ သို့ သော် အဆိုပါအချက်ကို လူအများစုသတိမပြုမိကြသကဲ့သို့ ရေပန်းစားမှုလည်း မရှိပေ။

စွမ်းအင်လုံလောက်စွာရရှိ ရေးနှင့် အလေအလွင့်မရှိအောင် သုံးစွဲနိုင်ရေးသည် ကမ္ဘာ့နိုင်ငံများ တွင် စိန်ခေါ်မှုတစ်ရပ်ဖြစ် ရင်ဆိုင်နေရပြီး အဆိုပါပြဿနာကို နည်းလမ်းတကျ ဖြေရှင်းနိုင်ပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို စနစ်တကျကိုင်တွယ်နိုင်မည် ဖြစ်သည်။

ရုံးခန်းများ၊ ရှော့ပင်းမောလ်များ၊ ဟိုတယ်များ၊ ဆေးရုံများနှင့် အများပိုင် အဆောက်အအုံများ၊ ကျောင်းများတွင် အသုံးပြုနေ သော လျှပ်စစ်စွမ်းအင်များ၌ မလိုလားအပ်ဘဲ စွမ်းအင်များ လေလွင့်ပျောက်ကွယ် နေသောကြောင့် ကမ္ဘာ့နိုင်ငံများတွင် စွမ်းအင်လိုအပ်ချက်များ နှစ်စဉ်မြင့်တက်လျက် ရှိသည်။

ယခင်လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဂျပန်၊ ထိုင်းနိုင်ငံ များမှ ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဂျပန်နိုင်ငံနှင့် အာရှနိုင်ငံများတွင် အသုံးပြုနေသော စွမ်းအင်ချွေတာ သုံးစွဲမှု စီမံခန့်ခွဲရေးစနစ်၊ စွမ်းအင် ချွေတာသုံးစွဲရေး ကုမ္ပဏီများ အကြောင်း ဆွေးနွေးပွဲပြုလုပ်သော်လည်း ကျယ်ပြန့်မှုမရှိခဲ့ပေ။

မြန်မာအစိုးရကိုယ်တိုင်ကလျှပ်စစ်ဓာတ်အား ထုတ်ယူရေး နှင့် ဖြန့်ဖြူးရေးများတွင်သာ အလေးပေးဆောင်ရွက်နေပြီး လျှပ် စစ်ဓာတ်အားအကျိုးရှိစွာအသုံးပြု ရေးကို မူဝါဒတစ်ရပ်အနေနှင့် ပြဋ္ဌာန်းထားခြင်းပင် မရှိပေ။ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းနှင့် အကျိုးရှိစွာ သုံးစွဲခြင်းသည် နိုင်ငံတိုင်းအတွက် လိုအပ်သော မူဝါဒတစ်ရပ်ဖြစ်သောကြောင့် ပါဝင်သင့်သည်ဟု စွမ်းအင်ပညာရှင်များက အကြံပြုထားသည်။

လျှပ်စစ်ဓာတ်အားချွေတာ ရမည်၊ အကျိုးရှိစွာအသုံးပြုရမည် ဆိုလျှင် လူအများစုသည် သုံးစွဲနေ သည့် လျှပ်စစ်ဓာတ်အားမှ လျှော့ ချရမည်ဟု ပြေးမြင်ကြသည်။ အင်္ဂလိပ်စကားလုံးတိုက်ရိုက်ဘာသာ ပြန်မည်ဆိုပါက ထိုသို့ အဓိပ္ပာယ် သက်ရောက်နေသည်။ မြန်မာ စကားလုံး ရှိသည့် ယင်းစကားလုံး မှာ မီတာခချွေတာခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့မှာ စကားလုံး ရှိပြီးသားပါ။ မီတာခချွေတာပါ။ ကိုယ်လည်း အကျိုးရှိ၊ သူများ လည်း အကျိုးရှိစေတဲ့ ဒီအစီအစဉ် လေးမှာ လူတိုင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်’’ဟု WWF လျှပ်စစ်ဓာတ်အား အကျိုးရှိစွာ သုံးစွဲရေးအစီအစဉ်တွင် ပါဝင်ခဲ့သူပြန်ကြားရေးတာဝန်ခံ ကိုရဲမင်း သွင်က ပြောသည်။

WWF က စံပြအနေဖြင့် စမ်းသပ်ခဲ့သော အဆိုပါအစီအစဉ် သည် အောင်မြင်သဖြင့် လျှပ်စစ်ဓာတ်အားပိုသုံးရသည့် လေအေး ပေးစက်များကို တံခါးအလုံပိတ် ခြင်း၊ အပူချိန် ၂၆ ဒီဂရီ ထားရှိခြင်း ဖြင့် သင့်ရုံးခန်း၊ အိမ်များတွင် အပန်းမကြီးဘဲ စတင်နိုင်မည် ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top