Property Expo
×

တကယ္ေတာ့ မိမိမွာ အေကာင္းဆုံးသူငယ္ခ်င္းေကာင္းရွိတယ္ ဆိုရင္ မိမိဟာ ကံအေကာင္းဆုံးလူသား တစ္ေယာက္ပါ ။ သူငယ္ခ်င္းေကာင္းဆိုတာ မရွိအတူ ရွိအတူ ဆိုးတိုင္ပင္ ေကာင္းတိုင္ပင္ အေဖာ္ေကာင္းပါ ။ ေပ်ာ္ရႊင္စရာ ဆို ထပ္တူ ဆတိုးေပ်ာ္ရႊင္ေအာင္ လုပ္ေပးနိုင္သလို ဝမ္းနည္းစရာဆိုရင္ ေလၽွာ့ခ်ေပးနိုင္တယ္ ။ ဒါေပမယ့္ တခါတေလေတာ့ ဘယ္ေလာက္ပဲ နားလည္မွုရွိတဲ့ သူအခ်င္းခ်င္း ျဖစ္ပါေစ နားလည္မွု အနည္းငယ္ ကစၿပီး လြဲတတ္ပါတယ္ ။ နားလည္မွု လြဲတယ္ ဆိုတာနဲ႔ ႏွစ္ဦး ႏွစ္ဘက္ နာက်င္ရ စျမဲ ပါ ။ ထိုသို႔ နာက်င္စရာမ်ားေတြ႕တဲ့ အခါ ေျဖရွင္းနိုင္မယ့္ နည္းမ်ားကို ေဖာ္ျပလိုက္ပါတယ္ ။

(၁) ႏွစ္ေယာက္တည္း ေဆြးေႏြးပါ ။
တျခားသူေတြ မရွိတဲ့ အခ်ိန္ ၊ ေနရာ တစ္ေနရာရာမွာ ႏွစ္ေယာက္တည္း ေဆြးေႏြးပါ ။ အရင္ဆုံး သူေျပာတာကို ဆုံးေအာင္ နားေထာင္ေပးပါ ။ သူဘက္က ထင္ျမင္ယူဆခ်က္ ၊ ခံယူခ်က္ေတြကို အဆုံးထိ ေျပာျပတာ ကို စိတ္ေအးေအးထား နားေထာင္ပါ ။

(၂) ၾကားျဖတ္မေျပာပါနဲ႔ ။
သူေျပာျပေနတုန္း မိမိ ခံယူခ်က္ေတြကို ၾကားျဖတ္မေျပာမိပါေစနဲ႔ ။ နားေထာင္ေနတုန္း တခုခု ေျပာခ်င္လာမွာ ေသခ်ာပါတယ္ ။ ဒါေပမယ့္ သူေျပာတာကို ဆုံးေအာင္ နားေထာင္ပါ ။ ၿပီးမွ မိမိေျပာခ်င္တာကို ေျပာျပပါ ။

(၃) အခ်ိန္ေပးပါ ။
အခ်ိန္ဆိုတာ အေကာင္းဆုံးေဆး တစ္မ်ိဳးပါပဲ ။ ေသြးပူေနတုန္း ေဆြးေႏြးတာထက္ ေသြးေအးသြားေအာင္ အခ်ိန္တစ္ခုေပးၿပီး ေနလိုက္ပါ ။ အခ်ိန္က ကုစားသြားတဲ့အခါမွာ အမွန္ေတြကို ပိုမို ရွင္းလင္းစြာ ျမင္နိုင္မွာ ေသခ်ာပါတယ္ ။

(၄) ပြင့္ပြင့္ လင္းလင္းေျပာဆိုပါ ။
တခ်ိဳ႕လူေတြက စိတ္ထဲ မၾကည္ဘူးဆိုရင္ စကားကို မေျပာပဲ ေနတတ္ ပါတယ္ ။ အဲ့တာမ်ိဳး မလုပ္ရပါဘူး ။ စိတ္ဆိုးတယ္ ။ နားလည္မွုလြဲတယ္ ဆိုရင္ အခ်ိန္ခဏေလး ယူၿပီး ပြင့္ပြင့္လင္းလင္း ေျပာဆို ေဆြးေႏြးပါ ။ မိမိစိတ္ထဲ မရွင္းျဖစ္ေနတဲ့ အရာေတြကို အျမင္ရွင္းေအာင္ ျပဳလုပ္ပါ ။

(၅) မိမိ ဘာလုပ္ေပးနိုင္သလဲဆိုတာကို ေမးပါ ။
တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မွု လြဲတဲ့ အခါ မိမိ ဘာလုပ္ေပးနိုင္သလဲ ဆိုတာကို ေမးပါ ။ ဘာမွ မလုပ္ ၊ ဘာမွ မေျပာတဲ့ ဆက္ဆံေရး က နားလည္မွု လြဲတာ က စၿပီး ခိုင္မာခဲ့တဲ့ ဆက္ဆံေရး က အလြယ္တကူ ပ်က္ဆီးသြားနိုင္ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

တကယ်တော့ မိမိမှာ အကောင်းဆုံးသူငယ်ချင်းကောင်းရှိတယ် ဆိုရင် မိမိဟာ ကံအကောင်းဆုံးလူသား တစ်ယောက်ပါ ။ သူငယ်ချင်းကောင်းဆိုတာ မရှိအတူ ရှိအတူ ဆိုးတိုင်ပင် ကောင်းတိုင်ပင် အဖော်ကောင်းပါ ။ ပျော်ရွှင်စရာ ဆို ထပ်တူ ဆတိုးပျော်ရွှင်အောင် လုပ်ပေးနိုင်သလို ဝမ်းနည်းစရာဆိုရင် လျှော့ချပေးနိုင်တယ် ။ ဒါပေမယ့် တခါတလေတော့ ဘယ်လောက်ပဲ နားလည်မှုရှိတဲ့ သူအချင်းချင်း ဖြစ်ပါစေ နားလည်မှု အနည်းငယ် ကစပြီး လွဲတတ်ပါတယ် ။ နားလည်မှု လွဲတယ် ဆိုတာနဲ့ နှစ်ဦး နှစ်ဘက် နာကျင်ရ စမြဲ ပါ ။ ထိုသို့ နာကျင်စရာများတွေ့တဲ့ အခါ ဖြေရှင်းနိုင်မယ့် နည်းများကို ဖော်ပြလိုက်ပါတယ် ။

(၁) နှစ်ယောက်တည်း ဆွေးနွေးပါ ။
တခြားသူတွေ မရှိတဲ့ အချိန် ၊ နေရာ တစ်နေရာရာမှာ နှစ်ယောက်တည်း ဆွေးနွေးပါ ။ အရင်ဆုံး သူပြောတာကို ဆုံးအောင် နားထောင်ပေးပါ ။ သူဘက်က ထင်မြင်ယူဆချက် ၊ ခံယူချက်တွေကို အဆုံးထိ ပြောပြတာ ကို စိတ်အေးအေးထား နားထောင်ပါ ။

(၂) ကြားဖြတ်မပြောပါနဲ့ ။
သူပြောပြနေတုန်း မိမိ ခံယူချက်တွေကို ကြားဖြတ်မပြောမိပါစေနဲ့ ။ နားထောင်နေတုန်း တခုခု ပြောချင်လာမှာ သေချာပါတယ် ။ ဒါပေမယ့် သူပြောတာကို ဆုံးအောင် နားထောင်ပါ ။ ပြီးမှ မိမိပြောချင်တာကို ပြောပြပါ ။

(၃) အချိန်ပေးပါ ။
အချိန်ဆိုတာ အကောင်းဆုံးဆေး တစ်မျိုးပါပဲ ။ သွေးပူနေတုန်း ဆွေးနွေးတာထက် သွေးအေးသွားအောင် အချိန်တစ်ခုပေးပြီး နေလိုက်ပါ ။ အချိန်က ကုစားသွားတဲ့အခါမှာ အမှန်တွေကို ပိုမို ရှင်းလင်းစွာ မြင်နိုင်မှာ သေချာပါတယ် ။

(၄) ပွင့်ပွင့် လင်းလင်းပြောဆိုပါ ။
တချို့လူတွေက စိတ်ထဲ မကြည်ဘူးဆိုရင် စကားကို မပြောပဲ နေတတ် ပါတယ် ။ အဲ့တာမျိုး မလုပ်ရပါဘူး ။ စိတ်ဆိုးတယ် ။ နားလည်မှုလွဲတယ် ဆိုရင် အချိန်ခဏလေး ယူပြီး ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးပါ ။ မိမိစိတ်ထဲ မရှင်းဖြစ်နေတဲ့ အရာတွေကို အမြင်ရှင်းအောင် ပြုလုပ်ပါ ။

(၅) မိမိ ဘာလုပ်ပေးနိုင်သလဲဆိုတာကို မေးပါ ။
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု လွဲတဲ့ အခါ မိမိ ဘာလုပ်ပေးနိုင်သလဲ ဆိုတာကို မေးပါ ။ ဘာမှ မလုပ် ၊ ဘာမှ မပြောတဲ့ ဆက်ဆံရေး က နားလည်မှု လွဲတာ က စပြီး ခိုင်မာခဲ့တဲ့ ဆက်ဆံရေး က အလွယ်တကူ ပျက်ဆီးသွားနိုင်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top