Property Expo
×

အကယ္၍ သင္ဟာ သင့္အေပၚ သစၥာမရွိပဲ ျမွာေပြတတ္တဲ့ ခ်စ္သူနဲ႔ ေရွ ႔ဆက္ဖို႔ စဥ္းစားထားတယ္ဆုိရင္ အဲဒါဟာ သင့္ရဲ ႔ ေရြးခ်ယ္မႈပါပဲ။ အမွန္တစ္ကယ္ကေတာ့ ေဖာက္ျပန္တတ္တဲ့ ခ်စ္သူတစ္ေယာက္ နဲ ႔ေရွ႕ဆက္ဖို႔ဆိုတာ မျဖစ္ႏိုင္ေပမယ့္ သင္ကိုယ္တိုင္က ဆႏၵရွိေနတယ္ဆိုရင္ေတာ့ ေအာက္ပါ အခ်က္ ၃ ခ်က္ ကို လုပ္ေဆာင္ႏိုင္ဖုိ႔လိုအပ္ပါလိမ့္မယ္။

၁။ ၿပီးခဲ့တာေတြၿပီးပါေစေတာ့ဆိုတဲ့စိတ္နဲ႔ ခြင့္လႊတ္ႏိုင္ရပါမယ္

သင္ကိုယ္တိုင္ သင့္အေပၚသစၥာမရွိတဲ့ ခ်စ္သူနဲ႔ ေရွ႕ဆက္ဖို႔ ေရြးခ်ယ္ခဲ့တာပါ။ အဲဒါေၾကာင့္ သင့္ခ်စ္သူရဲ ႔ အတိတ္က သစၥာမရွိမႈေတြကို အခ်ိန္ရွိတိုင္း ျပန္ေျပာေနတာ ၊ ျပႆနာရွာေနတာ ၊ စိတ္ထဲမွာ ႀကိတ္ၿပီးခံစား ေနရ တာေတြ ျဖစ္ေနမယ္ဆိုရင္ ဘယ္လိုမွ ေရွ႕ဆက္လို႔မရႏိုင္ပါဘူး။ အဲဒါေတြ ရွိေနဦးမယ္ ဆိုရင္လည္း အဲဒီ သစၥာေဖာက္ခဲ့ဖူးတဲ့ ခ်စ္သူကို စြန္႔လႊတ္ႏိုင္မွ ရပါလိမ့္မယ္။ေရွ႕ဆက္ခ်င္ရင္ေတာ့ ေရွ႕ေလွ်ာက္ အတိတ္ကို ေမ့ထားဖို႔ လိုပါလိမ့္မယ္။

၂။ ျဖစ္ခဲ့တာေတြအားလံုးကို လက္ခံႏိုင္ရပါမယ္

ဆိုရိုးစကားတစ္ခုရွိပါတယ္။ “တစ္ခါေဖာက္ျပန္ဖူးရင္ ၊ တစ္သက္လံုး ေဖာက္ျပန္ေနႏိုင္တယ္” ဆိုတဲ့စကားပါ။ ဘာပဲျဖစ္ျဖစ္ သင္ဟာ သင့္ခ်စ္သူ ကို မစြန္႔လႊတ္ႏိုင္ပါဘူး။ ေရွ႕ဆက္ဖို႔ပဲ ႀကိဳးစားခ်င္ေနတယ္ဆိုရင္ေတာ့ သူ႔ဘက္က ျဖစ္ခဲ့တာေတြအားလံုးကို လက္ခံေပးႏိုင္ရပါမယ္။ သူဘာေတြ လုပ္ခဲ့တယ္ဆိုတာကို တစိမ့္စိမ့္ေတြးၿပီး သူ႔ရဲ ႔ အားနည္းခ်က္ေတြကို အခြင့္ေကာင္းယူ ပုတ္ခတ္ေျပာဆိုေနမယ္ဆိုရင္ သင့္ခ်စ္သူကိုယ္တိုင္က သင့္အနားမွာ ရွိေနခ်င္ေတာ့မွာ မဟုတ္ပါဘူး။

၃။ ယံုၾကည္မႈေတြကို ျပန္လည္တည္ေဆာက္ရပါမယ္

ယံုၾကည္မႈကို တည္ေဆာက္တယ္ဆိုတာ အခ်ိန္နည္းနည္း ယူရပါတယ္။ တစ္စံုတစ္ေယာက္က သင့္ကို နာက်င္ခဲ့ေစဖူးတယ္ ၊ သင့္ကို အခြင့္ေကာင္းယူခဲ့ဖူးတယ္ ၊ သင့္အေပၚ အဆိုဆံုးနည္းလမ္းေတြနဲ႔ ျပဳမူခဲ့ဖူး တယ္ဆိုပါစို႔။ အဲဒီ အတိတ္က အျဖစ္အပ်က္ေတြကို ေျပာင္းလဲပစ္လို႔ မရႏိုင္ပါဘူး။ အဲဒီ တစ္စံု တစ္ေယာက္ အေနနဲ႔ သင့္ကို ေနာက္တစ္ႀကိမ္ ဒီလို ထပ္မလုပ္ဖို႔ပဲ ေမွ်ာ္လင့္ႏိုင္မွာပါ။ ထပ္မလုပ္ေတာ့ဘူးဆိုတာကိုလည္း လြယ္လြယ္နဲ႔ မယံုၾကည္ႏိုင္ပါဘူး။ အခ်ိန္ယူရပါတယ္။ ဒါေၾကာင့္ အခ်ိန္ယူၿပီး ယံုၾကည္မႈေတြကို အရင္တည္ေဆာက္ပါ။ ယံုၾကည္မႈေတြ ရလာမွသာ သစၥာေဖာက္ခဲ့ဖူးတဲ့ သင့္ခ်စ္သူနဲ႔ ေရွ႕ဆက္ဖို႔ကို ဆံုးျဖတ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

Unicode Version

အကယ်၍ သင်ဟာ သင့်အပေါ် သစ္စာမရှိပဲ မြှာပွေတတ်တဲ့ ချစ်သူနဲ့ ရှေ့ဆက်ဖို့ စဉ်းစားထားတယ်ဆိုရင် အဲဒါဟာ သင့်ရဲ့ ရွေးချယ်မှုပါပဲ။ အမှန်တစ်ကယ်ကတော့ ဖောက်ပြန်တတ်တဲ့ ချစ်သူတစ်ယောက် နဲ့ရှေ့ဆက်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် သင်ကိုယ်တိုင်က ဆန္ဒရှိနေတယ်ဆိုရင်တော့ အောက်ပါ အချက် ၃ ချက် ကို လုပ်ဆောင်နိုင်ဖို့လိုအပ်ပါလိမ့်မယ်။

၁။ ပြီးခဲ့တာတွေပြီးပါစေတော့ဆိုတဲ့စိတ်နဲ့ ခွင့်လွှတ်နိုင်ရပါမယ်

သင်ကိုယ်တိုင် သင့်အပေါ်သစ္စာမရှိတဲ့ ချစ်သူနဲ့ ရှေ့ဆက်ဖို့ ရွေးချယ်ခဲ့တာပါ။ အဲဒါကြောင့် သင့်ချစ်သူရဲ့ အတိတ်က သစ္စာမရှိမှုတွေကို အချိန်ရှိတိုင်း ပြန်ပြောနေတာ ၊ ပြဿနာရှာနေတာ ၊ စိတ်ထဲမှာ ကြိတ်ပြီးခံစား နေရ တာတွေ ဖြစ်နေမယ်ဆိုရင် ဘယ်လိုမှ ရှေ့ဆက်လို့မရနိုင်ပါဘူး။ အဲဒါတွေ ရှိနေဦးမယ် ဆိုရင်လည်း အဲဒီ သစ္စာဖောက်ခဲ့ဖူးတဲ့ ချစ်သူကို စွန့်လွှတ်နိုင်မှ ရပါလိမ့်မယ်။ရှေ့ဆက်ချင်ရင်တော့ ရှေ့လျှောက် အတိတ်ကို မေ့ထားဖို့ လိုပါလိမ့်မယ်။

၂။ ဖြစ်ခဲ့တာတွေအားလုံးကို လက်ခံနိုင်ရပါမယ်

ဆိုရိုးစကားတစ်ခုရှိပါတယ်။ “တစ်ခါဖောက်ပြန်ဖူးရင် ၊ တစ်သက်လုံး ဖောက်ပြန်နေနိုင်တယ်” ဆိုတဲ့စကားပါ။ ဘာပဲဖြစ်ဖြစ် သင်ဟာ သင့်ချစ်သူ ကို မစွန့်လွှတ်နိုင်ပါဘူး။ ရှေ့ဆက်ဖို့ပဲ ကြိုးစားချင်နေတယ်ဆိုရင်တော့ သူ့ဘက်က ဖြစ်ခဲ့တာတွေအားလုံးကို လက်ခံပေးနိုင်ရပါမယ်။ သူဘာတွေ လုပ်ခဲ့တယ်ဆိုတာကို တစိမ့်စိမ့်တွေးပြီး သူ့ရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူ ပုတ်ခတ်ပြောဆိုနေမယ်ဆိုရင် သင့်ချစ်သူကိုယ်တိုင်က သင့်အနားမှာ ရှိနေချင်တော့မှာ မဟုတ်ပါဘူး။

၃။ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ရပါမယ်

ယုံကြည်မှုကို တည်ဆောက်တယ်ဆိုတာ အချိန်နည်းနည်း ယူရပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို နာကျင်ခဲ့စေဖူးတယ် ၊ သင့်ကို အခွင့်ကောင်းယူခဲ့ဖူးတယ် ၊ သင့်အပေါ် အဆိုဆုံးနည်းလမ်းတွေနဲ့ ပြုမူခဲ့ဖူး တယ်ဆိုပါစို့။ အဲဒီ အတိတ်က အဖြစ်အပျက်တွေကို ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ အဲဒီ တစ်စုံ တစ်ယောက် အနေနဲ့ သင့်ကို နောက်တစ်ကြိမ် ဒီလို ထပ်မလုပ်ဖို့ပဲ မျှော်လင့်နိုင်မှာပါ။ ထပ်မလုပ်တော့ဘူးဆိုတာကိုလည်း လွယ်လွယ်နဲ့ မယုံကြည်နိုင်ပါဘူး။ အချိန်ယူရပါတယ်။ ဒါကြောင့် အချိန်ယူပြီး ယုံကြည်မှုတွေကို အရင်တည်ဆောက်ပါ။ ယုံကြည်မှုတွေ ရလာမှသာ သစ္စာဖောက်ခဲ့ဖူးတဲ့ သင့်ချစ်သူနဲ့ ရှေ့ဆက်ဖို့ကို ဆုံးဖြတ်သင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top