Property Expo
×

တကၠသိုလ္ ၊ ေကာလိပ္ အစ ရွိတဲ့ ေက်ာင္းေတြဟာ လူငယ္ေတြအတြက္ စာေပ ပညာရပ္မ်ားကို သင္ၾကားႏိုင္ရံုတင္မကပဲ ဘ၀ ျဖတ္သန္းမႈအတြက္ အေတြ႔အႀကံဳေတြျဖစ္လာေစမယ့္ သူငယ္ခ်င္းေတြအေၾကာင္း ၊ အခ်စ္ အေၾကာင္း စတာေတြကိုလည္း သင္ၾကားပို႔ခ်ေပးႏိုင္ခဲ့ပါတယ္။ ရည္းစားမရွိတဲ့ တကၠသိုလ္ေက်ာင္းသူ တစ္ေယာက္ရဲ ႔ ဘ၀ဟာ ေပ်ာ္ဖို႔ေကာင္းတာမွန္ေပမယ့္ လြယ္ေတာ့မလြယ္ပါဘူး။

သူငယ္ခ်င္းေတြအားလံုးက တကၠသိုလ္မွာ ရည္းစား ကိုယ္စီ ရွိေနၾကေပမယ့္ ကိုယ္တစ္ေယာက္တည္း ရည္းစားမရွိ ျဖစ္ေနတဲ့ တကၠသိုလ္ေက်ာင္းသူတစ္ေယာက္ရဲ ႔ ဘ၀ ဟာ ပုိၿပီးေတာင္မလြယ္ကူပါဘူး။ ဒါေၾကာင့္ ရည္းစားမရွိတဲ့ တကၠသိုလ္ေက်ာင္းသူတစ္ေယာက္ ေတြးေလ့ရွိတဲ့ အေတြး တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ "ငါတစ္သက္လံုး အပ်ိဳႀကီးျဖစ္သြားရေတာ့မွာလား"

ဒါဟာ တကၠသိုလ္ေက်ာင္းသူ ေတြ ရည္းစားမရတဲ့အခါ ပထမဆံုး ေတြးေလ့ရွိတဲ့အေတြးပါ။ ဒါေပမယ့္ ဒီအေတြးက မွားယြင္းပါတယ္။ တကၠသိုလ္ေက်ာင္းမွာ ရည္းစားမရွိေပမယ့္လည္း ဘာသာ ပညာရပ္ တစ္ခုခု ကို တက္ေျမာက္ၿပီး ဘြဲ႕ရသြားျခင္းဟာ ဘ၀ရဲ ႔ အေျခခံအုတ္ျမစ္ တစ္ခုလည္းျဖစ္တာေၾကာင့္ ရည္းစားမရွိလည္း ကိစၥမရွိပါဘူး။ စာ ကိုပဲ ဆက္ႀကိဳးစားသြားၿပီး တကၠသိုလ္ေက်ာင္း ၿပီးသြားတဲ့အခါမွာ ကိုယ္နဲ႔ သင့္ေတာ္မယ့္ ဖူးစာဖက္ ကို ေတြ႔လာမွာပါ။

၂။ "ဘာလို႔ ငါတစ္ေယာက္တည္း ရည္းစားမရွိရတာလဲ"

ဒါကေတာ့ ငယ္ရြယ္တဲ့ မိန္းကေလး ေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေပါင္းအသင္း ျပႆနာပါ။ တကၠသိုလ္ေက်ာင္းသူဘ၀မွာ မိန္းကေလးသူငယ္ခ်င္းေတြအားလံုးက ရည္းစားမထားျဖစ္ၾကဘူးဆုိရင္ေတာ့ အဲဒီ မိန္းကေလး အဖြဲ႔ဟာ အခ်စ္ဆံုးသူငယ္ခ်င္းမ်ား(BFF) ေတြျဖစ္လာၾကၿပီး သူငယ္ခ်င္းေတြအားလံုးက ရည္းစားရသြားၿပီး ကိုယ္တစ္ေယာက္တည္း ရည္းစား မရွိပဲ က်န္ခဲ့တဲ့အခါမွာေတာ့ မနာလိုျဖစ္သလို ၊ အားငယ္သလို ခံစားခ်က္မ်ိဳးကို ခံစားရမွာပါ။ တစ္ကယ္ေတာ့ ဒါဟာလည္း မွားပါတယ္။ တကၠသိုလ္ေက်ာင္းမွာ ရည္းစားမရွိသူေတြအမ်ားႀကီးပါ။

၃။ "ရည္းစား ရကုန္တဲ့ သူငယ္ခ်င္းေတြကငါ့ကို အခ်ိန္ေပးႏိုင္ၾကပါဦးမလား"

ကိုယ့္သူငယ္ခ်င္းေတြအားလံုးက အတြဲကိုယ္စီနဲ႔ ျဖစ္ကုန္တဲ့အခ်ိန္မွာ ကိုယ္နဲ႔အတူတူ အျပင္ထြက္ၿပီး ေလွ်ာက္လည္ၾကပါဦးမလားဆိုတဲ့အေတြးမ်ိဳးလည္း ေတြးမိမွာပါ။ ဒါလည္း မွားပါတယ္။ မိန္းကေလး ျဖစ္ျဖစ္ ေယာက်ာၤးေလး ျဖစ္ျဖစ္ အေပါင္းအသင္း သူငယ္ခ်င္းေတြနဲ႔အတူတူ အျပင္ထြက္ ေလွ်ာက္လည္(Hangout) ရတာကို သေဘာၾကက်ပါတယ္။ ရည္းစားနဲ႔လည္း ေလွ်ာက္လည္ၾကတယ္ဆိုေပမယ့္ မိန္းကေလးသူငယ္ခ်င္းေတြအဖြဲ႔လိုက္ သြားရတာေလာက္ မလြတ္လပ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ရည္းစားရသြားတဲ့ သူငယ္ခ်င္းေတြကို သံသယ ၀င္ဖို႔ မလိုပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
တက္ကသိုလ် ၊ ကောလိပ် အစ ရှိတဲ့ ကျောင်းတွေဟာ လူငယ်တွေအတွက် စာပေ ပညာရပ်များကို သင်ကြားနိုင်ရုံတင်မကပဲ ဘ၀ ဖြတ်သန်းမှုအတွက် အတွေ့အကြုံတွေဖြစ်လာစေမယ့် သူငယ်ချင်းတွေအကြောင်း ၊ အချစ် အကြောင်း စတာတွေကိုလည်း သင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။ ရည်းစားမရှိတဲ့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရဲ့ ဘဝဟာ ပျော်ဖို့ကောင်းတာမှန်ပေမယ့် လွယ်တော့မလွယ်ပါဘူး။

သူငယ်ချင်းတွေအားလုံးက တက္ကသိုလ်မှာ ရည်းစား ကိုယ်စီ ရှိနေကြပေမယ့် ကိုယ်တစ်ယောက်တည်း ရည်းစားမရှိ ဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ဘ၀ ဟာ ပိုပြီးတောင်မလွယ်ကူပါဘူး။ ဒါကြောင့် ရည်းစားမရှိတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက် တွေးလေ့ရှိတဲ့ အတွေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ "ငါတစ်သက်လုံး အပျိုကြီးဖြစ်သွားရတော့မှာလား"

ဒါဟာ တက္ကသိုလ်ကျောင်းသူ တွေ ရည်းစားမရတဲ့အခါ ပထမဆုံး တွေးလေ့ရှိတဲ့အတွေးပါ။ ဒါပေမယ့် ဒီအတွေးက မှားယွင်းပါတယ်။ တက္ကသိုလ်ကျောင်းမှာ ရည်းစားမရှိပေမယ့်လည်း ဘာသာ ပညာရပ် တစ်ခုခု ကို တက်မြောက်ပြီး ဘွဲ့ရသွားခြင်းဟာ ဘဝရဲ့ အခြေခံအုတ်မြစ် တစ်ခုလည်းဖြစ်တာကြောင့် ရည်းစားမရှိလည်း ကိစ္စမရှိပါဘူး။ စာ ကိုပဲ ဆက်ကြိုးစားသွားပြီး တက္ကသိုလ်ကျောင်း ပြီးသွားတဲ့အခါမှာ ကိုယ်နဲ့ သင့်တော်မယ့် ဖူးစာဖက် ကို တွေ့လာမှာပါ။

၂။ "ဘာလို့ ငါတစ်ယောက်တည်း ရည်းစားမရှိရတာလဲ"

ဒါကတော့ ငယ်ရွယ်တဲ့ မိန်းကလေး တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပေါင်းအသင်း ပြဿနာပါ။ တက္ကသိုလ်ကျောင်းသူဘဝမှာ မိန်းကလေးသူငယ်ချင်းတွေအားလုံးက ရည်းစားမထားဖြစ်ကြဘူးဆိုရင်တော့ အဲဒီ မိန်းကလေး အဖွဲ့ဟာ အချစ်ဆုံးသူငယ်ချင်းများ(BFF) တွေဖြစ်လာကြပြီး သူငယ်ချင်းတွေအားလုံးက ရည်းစားရသွားပြီး ကိုယ်တစ်ယောက်တည်း ရည်းစား မရှိပဲ ကျန်ခဲ့တဲ့အခါမှာတော့ မနာလိုဖြစ်သလို ၊ အားငယ်သလို ခံစားချက်မျိုးကို ခံစားရမှာပါ။ တစ်ကယ်တော့ ဒါဟာလည်း မှားပါတယ်။ တက္ကသိုလ်ကျောင်းမှာ ရည်းစားမရှိသူတွေအများကြီးပါ။

၃။ "ရည်းစား ရကုန်တဲ့ သူငယ်ချင်းတွေကငါ့ကို အချိန်ပေးနိုင်ကြပါဦးမလား"

ကိုယ့်သူငယ်ချင်းတွေအားလုံးက အတွဲကိုယ်စီနဲ့ ဖြစ်ကုန်တဲ့အချိန်မှာ ကိုယ်နဲ့အတူတူ အပြင်ထွက်ပြီး လျှောက်လည်ကြပါဦးမလားဆိုတဲ့အတွေးမျိုးလည်း တွေးမိမှာပါ။ ဒါလည်း မှားပါတယ်။ မိန်းကလေး ဖြစ်ဖြစ် ယောကျာၤးလေး ဖြစ်ဖြစ် အပေါင်းအသင်း သူငယ်ချင်းတွေနဲ့အတူတူ အပြင်ထွက် လျှောက်လည်(Hangout) ရတာကို သဘောကြကျပါတယ်။ ရည်းစားနဲ့လည်း လျှောက်လည်ကြတယ်ဆိုပေမယ့် မိန်းကလေးသူငယ်ချင်းတွေအဖွဲ့လိုက် သွားရတာလောက် မလွတ်လပ်နိုင်ပါဘူး။ ဒါကြောင့် ရည်းစားရသွားတဲ့ သူငယ်ချင်းတွေကို သံသယ ဝင်ဖို့ မလိုပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top