Property Expo
×

မႏၱေလးတုိင္းေဒသႀကီး သာစည္ၿမိဳ႕နယ္ ဟံဇားေက်းရြာအုပ္စု တဲကုန္းတြင္ စက္တင္ဘာ ၂၆ ရက္ ညေန ၆ နာရီခြဲက လင္မယားခ်င္း စကားမ်ားရန္ျဖစ္ၾကၿပီး ခင္ပြန္းျဖစ္သူက ဇနီးျဖစ္သူကို လက္သီး ျဖင့္ ထိုးခဲ့ေသာေၾကာင့္ ဇနီးျဖစ္သူမွာ နားႏွင့္ ပါးစပ္တို႕မွ ေသြးမ်ားထြက္ၿပီး ေသဆံုးခဲ့မႈျဖစ္ပြားခဲ့သည္။

ဟံဇားရဲစခန္းပိုင္ ေရတြင္းႀကီး ေက်းရြာ တဲကုန္း၌ ဦးေက်ာ္စိုး (၅၆ ႏွစ္)ႏွင့္ ဇနီးျဖစ္သူ ေဒၚေသး(၄၆ႏွစ္)တို႔သည္ စက္တင္ဘာ ၂၆ ရက္ ညေန ၆ နာရီခြဲတြင္ ယာကြက္အတြင္းရွိ သစ္ငုတ္ မ်ား မတူးသည့္ကိစၥႏွင့္ ပတ္သက္၍ လင္မယားခ်င္း စကားမ်ားရန္ျဖစ္ၾကၿပီး ဦးေက်ာ္စိုးက ေဒါသကို မထိန္းႏိုင္ေတာ့ ဘဲ လက္သီးျဖင့္ ေဒၚေသး၏ ရင္ဘတ္ႏွင့္ ဝမ္းဗုိက္တို႔ကို အခ်က္ေပါင္းမ်ားစြာ ထိုးႀကိတ္ရာ အနီးတြင္ရွိသည့္ ေဒၚေသး၏တူ ကိုလျပည့္က ဝင္ေရာက္ဖ်န္ေျဖ ေပးသျဖင့္ ဦးေက်ာ္စိုးမွာ အခင္းျဖစ္ ေနရာမွ ရြာဘက္သို႔ ထြက္ခြာသြား သည္။ ေဒၚေသးမွာလည္း ေနအိမ္အတြင္း ဝင္ေရာက္၍ အိပ္ရာေပၚတြင္ လွဲေလ်ာင္း ေနရာမွ ည ၈ နာရီခြဲခန္႔တြင္ ႏွာေခါင္း ႏွင့္ ပါးစပ္တို႕မွ ေသြးမ်ားထြက္က်လာၿပီး ေသဆံုးသြားခဲ့သည္။

ယင္းျဖစ္ရပ္ႏွင့္ ပတ္သက္၍ သာယာကုန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ၿမိဳင္က ဟံဇားရဲစခန္းသုိ႔ အေၾကာင္းၾကားခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူ ေက်ာ္စိုးကို ေရတြင္းႀကီးေက်းရြာ ေျမာက္ ဘက္ သံုးမိုင္ခန္႕ကြာေဝးသည့္ အုတ္ဖိုရြာ ေတာစပ္အနီး တဲတစ္လံုး၌ ခိုေအာင္း ေနစဥ္ စက္တင္ဘာ၂၇ ရက္ နံနက္ ၈ နာရီခြဲက လက္ရဖမ္းဆီးရမိခဲ့ရာ ဟံဇား ရဲတပ္ဖြဲ႕စခန္းက အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin
ေမာင္ကို(သာစည္)
Myanmaalinn

#Unicode Version

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဟံဇားကျေးရွာအုပ်စု တဲကုန်းတွင် စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲက လင်မယားချင်း စကားများရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို လက်သီး ဖြင့် ထိုးခဲ့သောကြောင့် ဇနီးဖြစ်သူမှာ နားနှင့် ပါးစပ်တို့မှ သွေးများထွက်ပြီး သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။

ဟံဇားရဲစခန်းပိုင် ရေတွင်းကြီး ကျေးရွာ တဲကုန်း၌ ဦးကျော်စိုး (၅၆ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်သေး(၄၆နှစ်)တို့သည် စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲတွင် ယာကွက်အတွင်းရှိ သစ်ငုတ် များ မတူးသည့်ကိစ္စနှင့် ပတ်သက်၍ လင်မယားချင်း စကားများရန်ဖြစ်ကြပြီး ဦးကျော်စိုးက ဒေါသကို မထိန်းနိုင်တော့ ဘဲ လက်သီးဖြင့် ဒေါ်သေး၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ကို အချက်ပေါင်းများစွာ ထိုးကြိတ်ရာ အနီးတွင်ရှိသည့် ဒေါ်သေး၏တူ ကိုလပြည့်က ဝင်ရောက်ဖျန်ဖြေ ပေးသဖြင့် ဦးကျော်စိုးမှာ အခင်းဖြစ် နေရာမှ ရွာဘက်သို့ ထွက်ခွာသွား သည်။ ဒေါ်သေးမှာလည်း နေအိမ်အတွင်း ဝင်ရောက်၍ အိပ်ရာပေါ်တွင် လှဲလျောင်း နေရာမှ ည ၈ နာရီခွဲခန့်တွင် နှာခေါင်း နှင့် ပါးစပ်တို့မှ သွေးများထွက်ကျလာပြီး သေဆုံးသွားခဲ့သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်က ဟံဇားရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျော်စိုးကို ရေတွင်းကြီးကျေးရွာ မြောက် ဘက် သုံးမိုင်ခန့်ကွာဝေးသည့် အုတ်ဖိုရွာ တောစပ်အနီး တဲတစ်လုံး၌ ခိုအောင်း နေစဉ် စက်တင်ဘာ၂၇ ရက် နံနက် ၈ နာရီခွဲက လက်ရဖမ်းဆီးရမိခဲ့ရာ ဟံဇား ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
မောင်ကို(သာစည်)
Myanmaalinn
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top