Kantharyar Centre
×

မိန္းမျဖစ္သူေမြးထားတဲ့ သံုးႏွစ္အ႐ြယ္ မယားပါသမီးကို အႀကိမ္ႀကိမ္ ေရႏွစ္သတ္ခဲ့တဲ့ ပေထြးျဖစ္သူကို ေထာင္ဒဏ္ ႏွစ္​ ၁၀၀ ခ်မွတ္လိုက္ေၾကာင္း သိရပါတယ္။

စီစီတီဗီမွာ ျမင္ခဲ့ရတဲ့ ျမင္ကြင္းအရ ပေထြးျဖစ္သူ ဂ်ိဳေဆးေဒးဗစ္ဆိုသူ အမ်ိဳးသားဟာ သံုးႏွစ္အ႐ြယ္ ကေလးငယ္ကို ေရကူးကန္ထဲ ပစ္ခ်ခဲ့တာျဖစ္ပါတယ္။ ေရမကူးတတ္တဲ့ ကေလးငယ္ဟာ ေရထဲမွာ မြန္းၾကပ္ေနခဲ့ၿပီး အသက္မ႐ႈႏုိင္ျဖစ္ခဲ့တဲ့ ျမင္ကြင္းကိုလည္း ေတြ႔ခဲ့ရပါတယ္။ အလားတူ လုပ္ရပ္မ်ိဳး သံုးႀကိမ္တုိင္တိုင္ လုပ္ခဲ့ၿပီး တတိယအႀကိမ္မွာေတာ့ ေရထဲမွာ ကေလးငယ္ရဲ႕ေခါင္းကိုေတာင္ မေဖာ္ႏုိင္ေအာင္ႏွစ္ပစ္ခဲ့ၿပီး လူသတ္ဖို႔ ႀကိဳးစားခဲ့တာေတြ႔ရပါတယ္။

မိခင္ျဖစ္သူဟာ သူနာျပဳတစ္ဦးျဖစ္ၿပီး ဟိုတယ္ခန္းထဲမွာ သူမအိပ္စက္ေနစဥ္ ခင္ပြန္းျဖစ္သူကို ကေလးထိန္းခိုင္းထားခဲ့တာလို႔ သိရပါတယ္။ မကၠစီကိုႏုိင္ငံက မီခၽြာကန္အရပ္မွာ ဒီအျဖစ္ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ေရႏွစ္ခံရၿပီးေနာက္ ကေလးငယ္ဟာ ဟိုတယ္ခန္းထဲက တီဗီအေရွ႕မွာ အသက္မ႐ႈေတာ့တဲ့ ကေလးငယ္ကို ေတြ႔ခဲ့ရၿပီးေနာက္ ေဆး႐ံုသြားတဲ့အခ်ိန္မွာ ေသဆံုးသြားခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

မိန်းမဖြစ်သူမွေးထားတဲ့ သုံးနှစ်အရွယ် မယားပါသမီးကို အကြိမ်ကြိမ် ရေနှစ်သတ်ခဲ့တဲ့ ပထွေးဖြစ်သူကို ထောင်ဒဏ် နှစ် ၁၀၀ ချမှတ်လိုက်ကြောင်း သိရပါတယ်။

စီစီတီဗီမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းအရ ပထွေးဖြစ်သူ ဂျိုဆေးဒေးဗစ်ဆိုသူ အမျိုးသားဟာ သုံးနှစ်အရွယ် ကလေးငယ်ကို ရေကူးကန်ထဲ ပစ်ချခဲ့တာဖြစ်ပါတယ်။ ရေမကူးတတ်တဲ့ ကလေးငယ်ဟာ ရေထဲမှာ မွန်းကြပ်နေခဲ့ပြီး အသက်မရှုနိုင်ဖြစ်ခဲ့တဲ့ မြင်ကွင်းကိုလည်း တွေ့ခဲ့ရပါတယ်။ အလားတူ လုပ်ရပ်မျိုး သုံးကြိမ်တိုင်တိုင် လုပ်ခဲ့ပြီး တတိယအကြိမ်မှာတော့ ရေထဲမှာ ကလေးငယ်ရဲ့ခေါင်းကိုတောင် မဖော်နိုင်အောင်နှစ်ပစ်ခဲ့ပြီး လူသတ်ဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။

မိခင်ဖြစ်သူဟာ သူနာပြုတစ်ဦးဖြစ်ပြီး ဟိုတယ်ခန်းထဲမှာ သူမအိပ်စက်နေစဉ် ခင်ပွန်းဖြစ်သူကို ကလေးထိန်းခိုင်းထားခဲ့တာလို့ သိရပါတယ်။ မက္ကစီကိုနိုင်ငံက မီချွာကန်အရပ်မှာ ဒီအဖြစ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရေနှစ်ခံရပြီးနောက် ကလေးငယ်ဟာ ဟိုတယ်ခန်းထဲက တီဗီအရှေ့မှာ အသက်မရှုတော့တဲ့ ကလေးငယ်ကို တွေ့ခဲ့ရပြီးနောက် ဆေးရုံသွားတဲ့အချိန်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top