Property Expo
×

အိမ္ ေထာင္အတြက္ တစ္ဦးတည္းေသာ ေငြရွာသူအျဖစ္ တာ၀န္ယူရျခင္းေၾကာင့္ အမ်ဳိးသားမ်ား က်န္းမာေရး ထိခိုက္တတ္ေသာ္လည္း၊ အမ်ဳိးသမီးမ်ားအဖို႔မူ က်န္းမာေရးပင္ ပိုေကာင္းလာေစေၾကာင္း ေလ့လာမႈ စစ္တမ္းတစ္ရပ္က ဆိုလိုက္သည္။

          အမ်ဳိးသားတို႔သည္ မိသားစု ေငြေၾကး၀န္ထုပ္ ပိုထမ္းလာရေလ က်န္းမာေရး ထိခုိက္လာေလျဖစ္ေၾကာင္း သုေတသီမ်ားက ဆိုသည္။ စိတ္က်န္းမာေရးေရာ၊ ကိုယ္က်န္းမာေရးပါ ထိခိုက္လာရေၾကာင္း ေတြ႕ရွိခဲ့ရသည္။

          အမ်ဳိးသမီးတို႔တြင္ကား ေျပာင္းျပန္ သက္ေရာက္မႈ ေတြ႕ရသည္။ မိသားစုအတြက္ တစ္ဦးတည္းေသာ ေငြရွာသူဟု ခံစားသိရျခင္းသည္ အမ်ဳိးသမီးတို႔ အဖို႔ ပိုအားတက္ဖြယ္ ျဖစ္ရၿပီး ကိုယ္စိတ္က်န္းမာေရးပါ ပိုေကာင္းလာၾကေၾကာင္း ေတြ႕ရသည္။ အိမ္ေထာင္ဖက္ ခင္ပြန္းသည္က ကိုယ့္ထက္ ေငြပိုရွာႏိုင္ေနသည္ဟု ခံစားေနရသည့္ အခါတြင္မွ အမ်ဳိးသမီးတို႔က က်န္းမာေရးပင္ ပိုထိခိုက္ရတတ္သည္။

          ကြန္နတ္တီကတ္ တကၠသိုလ္ သုေတသီတို႔သည္ ၁၉၉၇ မွ ၂၀၁၁ ခုႏွစ္အတြင္း အသက္ (၁၈) မွ (၃၂) ၾကား အိမ္ေထာင္ရွင္ သံုးေထာင္ကို ေလ့လာခဲ့ၾကျခင္း ျဖစ္သည္။ စစ္တမ္း ပါ၀င္သူမ်ား၏ ကိုယ္စိတ္က်န္းမာေရးႏွင့္ ၀င္ေငြကို မွတ္တမ္းတင္ခဲ့သည္။

          အမ်ဳိးသားတို႔သည္ မိသားစုအတြက္ လင္မယားႏွစ္ေယာက္ တန္းတူ ေငြရွာေနၾကခ်ိန္ထက္ တစ္ကိုယ္ေတာ္ ေငြရွာေနရခ်ိန္မ်ဳိးတြင္ ကိုယ္စိတ္က်န္းမာေရး ငါးရာခိုင္ႏႈန္းေလာက္  ပိုထိခိုက္တတ္ေၾကာင္း ေတြ႕ရသည္။

          ဇနီးသည္ထက္ ေငြပိုရွာႏုိင္ေသာ အေျခအေန ေရာက္ေနသည့္ ခင္ပြန္းသည္ မ်ားသည္ပင္ တာ၀န္ဖိစီးမႈ၊ ေငြမရွာႏုိင္မွာ စိတ္ပူမႈမ်ားဖိစီးကာ ကိုယ္စိတ္က်န္းမာေရးဆိုးက်ဳိး ျဖစ္ေနရေၾကာင္းလည္း စစ္တမ္းက ေထာက္ျပသည္။

          အမ်ဳိးသမီးတို႔ကမူ မိသားစု၀င္ေငြ ဖန္တီးေပးသူေနရာ ရယူရျခင္းကို အခြင့္အလမ္း တစ္ရပ္အျဖစ္ ပို႐ႈျမင္ၾကသည္။ အက်ဳိးဆက္ကား အမ်ဳိးသမီးတို႔သည္ မိသားစုအတြက္ ေဒါက္တိုင္ႀကီး ဟူေသာ ဂုဏ္ယူစိတ္ေၾကာင့္ စိတ္အားပိုတက္ကာ ႀကိဳးစားၾကသျဖင့္ ကိုယ္စိတ္က်န္းမာေရးပါ ပိုေကာင္းသြားတတ္ၾကသည္ကို ေတြ႕ရေၾကာင္း သုေတသီတို႔က ဆိုသည္။

          ၿဗိတိန္ႏုိင္ငံတြင္ အိမ္မွာေနသည့္ အိမ္ရွင္မပမာဏသည္ တစ္ႏွစ္ ကို (၃ ဒသမ ၅) ရာခိုင္ႏႈန္းေလာက္ က်ဆင္းလာေနေၾကာင္း စာရင္းမ်ားက ေဖာ္ျပသည္။ တစ္ခ်ိန္တည္းတြင္ အိမ္မွာေနသည့္ အိမ္ေထာင္ရွင္ ထီးပမာဏက (၃ ဒသမ ၂) ရာခိုင္ႏႈန္း၀န္းက်င္ တက္လာေနသည္။ သို႔ျဖစ္သည့္တိုင္ အိမ္မွာေနသည့္ အိမ္ေထာင္ရွင္ထီး အေရအတြက္က ဦးေရ ႏွစ္သိန္းခြဲေအာက္တြင္သာ ရွိေသးေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

အိမ်ထောင်အတွက် တစ်ဦးတည်းသော ငွေရှာသူအဖြစ် တာဝန်ယူရခြင်းကြောင့် အမျိုးသားများ ကျန်းမာရေး ထိခိုက်တတ်သော်လည်း၊ အမျိုးသမီးများအဖို့မူ ကျန်းမာရေးပင် ပိုကောင်းလာစေကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

          အမျိုးသားတို့သည် မိသားစု ငွေကြေးဝန်ထုပ် ပိုထမ်းလာရလေ ကျန်းမာရေး ထိခိုက်လာလေဖြစ်ကြောင်း သုတေသီများက ဆိုသည်။ စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးပါ ထိခိုက်လာရကြောင်း တွေ့ရှိခဲ့ရသည်။

          အမျိုးသမီးတို့တွင်ကား ပြောင်းပြန် သက်ရောက်မှု တွေ့ရသည်။ မိသားစုအတွက် တစ်ဦးတည်းသော ငွေရှာသူဟု ခံစားသိရခြင်းသည် အမျိုးသမီးတို့ အဖို့ ပိုအားတက်ဖွယ် ဖြစ်ရပြီး ကိုယ်စိတ်ကျန်းမာရေးပါ ပိုကောင်းလာကြကြောင်း တွေ့ရသည်။ အိမ်ထောင်ဖက် ခင်ပွန်းသည်က ကိုယ့်ထက် ငွေပိုရှာနိုင်နေသည်ဟု ခံစားနေရသည့် အခါတွင်မှ အမျိုးသမီးတို့က ကျန်းမာရေးပင် ပိုထိခိုက်ရတတ်သည်။

          ကွန်နတ်တီကတ် တက္ကသိုလ် သုတေသီတို့သည် ၁၉၉၇ မှ ၂၀၁၁ ခုနှစ်အတွင်း အသက် (၁၈) မှ (၃၂) ကြား အိမ်ထောင်ရှင် သုံးထောင်ကို လေ့လာခဲ့ကြခြင်း ဖြစ်သည်။ စစ်တမ်း ပါဝင်သူများ၏ ကိုယ်စိတ်ကျန်းမာရေးနှင့် ဝင်ငွေကို မှတ်တမ်းတင်ခဲ့သည်။

          အမျိုးသားတို့သည် မိသားစုအတွက် လင်မယားနှစ်ယောက် တန်းတူ ငွေရှာနေကြချိန်ထက် တစ်ကိုယ်တော် ငွေရှာနေရချိန်မျိုးတွင် ကိုယ်စိတ်ကျန်းမာရေး ငါးရာခိုင်နှုန်းလောက်  ပိုထိခိုက်တတ်ကြောင်း တွေ့ရသည်။

          ဇနီးသည်ထက် ငွေပိုရှာနိုင်သော အခြေအနေ ရောက်နေသည့် ခင်ပွန်းသည် များသည်ပင် တာဝန်ဖိစီးမှု၊ ငွေမရှာနိုင်မှာ စိတ်ပူမှုများဖိစီးကာ ကိုယ်စိတ်ကျန်းမာရေးဆိုးကျိုး ဖြစ်နေရကြောင်းလည်း စစ်တမ်းက ထောက်ပြသည်။

          အမျိုးသမီးတို့ကမူ မိသားစုဝင်ငွေ ဖန်တီးပေးသူနေရာ ရယူရခြင်းကို အခွင့်အလမ်း တစ်ရပ်အဖြစ် ပိုရှုမြင်ကြသည်။ အကျိုးဆက်ကား အမျိုးသမီးတို့သည် မိသားစုအတွက် ဒေါက်တိုင်ကြီး ဟူသော ဂုဏ်ယူစိတ်ကြောင့် စိတ်အားပိုတက်ကာ ကြိုးစားကြသဖြင့် ကိုယ်စိတ်ကျန်းမာရေးပါ ပိုကောင်းသွားတတ်ကြသည်ကို တွေ့ရကြောင်း သုတေသီတို့က ဆိုသည်။

          ဗြိတိန်နိုင်ငံတွင် အိမ်မှာနေသည့် အိမ်ရှင်မပမာဏသည် တစ်နှစ် ကို (၃ ဒသမ ၅) ရာခိုင်နှုန်းလောက် ကျဆင်းလာနေကြောင်း စာရင်းများက ဖော်ပြသည်။ တစ်ချိန်တည်းတွင် အိမ်မှာနေသည့် အိမ်ထောင်ရှင် ထီးပမာဏက (၃ ဒသမ ၂) ရာခိုင်နှုန်းဝန်းကျင် တက်လာနေသည်။ သို့ဖြစ်သည့်တိုင် အိမ်မှာနေသည့် အိမ်ထောင်ရှင်ထီး အရေအတွက်က ဦးရေ နှစ်သိန်းခွဲအောက်တွင်သာ ရှိသေးကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top