Kantharyar Centre
×





Credit : thithtoolwin

#Unicode Version

တောင်ကိုရီးယား ဘူဆန်မြို့က ဂီတအဖွဲ့တဖွဲ့က ရာဘာ ကြက်အရုပ်ကို တူရိယာအဖြစ်အသုံးပြုပြီး ကလို့ရတဲ့ တီးလုံးကို ဖန်တီးခဲ့ကြပါတယ်။

Dancing Noodle လို့အမည်ရတဲ့ ဒီအဖွဲ့ က ‘Chicken Party Version 2’ ဆိုပြီး ဖန်တီးထားတဲ့ သူတို့ ဂီတကို ဗီဒီယိုနဲ့တကွ ပြသလိုက်ပါတယ်။

ဂီတပညာရှင်လေးဦးက ရာဘာ ကြက်အရုပ်ကို ညှစ်ညှစ်ပြီး ထွက်လာတဲ့ အသံနဲ့ စားပွဲနဲ့ ကြက်ရုပ်ရဲ့ခေါင်းကို ရိုက်လိုက်ရာက ထွက်လာတဲ့အသံကိုပေါင်းပြီး ဒရမ်တီးခတ်တဲ့ စည်းဝါး ကိုဖန်တီးခဲ့ကြတာပါ။

အဖွဲ့ဝင်တစ်ယောက်က Shake it  လို့အော်လိုက်တဲ့အခါမှာ ပုံမှန်စည်းဝါးကနေ ပိုမိုမြန်ဆန်လာပြီး စက္ကူခွက် တစ်ခွက်ကိုတော့ ကြက်တစ်ကောင်ရဲ့ အသံကို ပြောင်းလဲတဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top