Property Expo
×





Credit:Thit Htoo Lwin

#Unicode Version
သားဖြစ်သူကို ကိုယ့်လိုမျိုး ဘောလုံးကန်ခို်င်းမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ မက်ဆီကတော့ လောလောဆယ်မှာ သားဖြစ်သူ သီယာဂိုကို ဘာစီလိုနာကလေးဘောလုံးသင်တန်းမှာ စတင်ပြီး လေ့ကျင့်နေစေပြီဖြစ်ပါတယ်။

သုံးနှစ်ကနေ ငါးနှစ်ကလေးငယ်တွေ လေ့ကျင့်တဲ့ ကလေးငယ်အသင်းမှာ မက်ဆီက သားဖြစ်သူ သီယာဂိုကိုပါ ထည့်သွင်း လေ့ကျင့်စေလိုက်တာဖြစ်ပါတယ်။

သီယာဂိုလေးအတွက်တော့ ဒါဟာ ဘောလုံးနဲ့ ပထမဆုံးတွေ့ထိမှုဖြစ်တယ်လို့ သိရပါတယ်။ Ballon d’Or ဆုကို လေးကြိမ်အထိရရှိ မက်ဆီဟာဆိုရင်တော့ သူ့သားကိုရော ပညာအမွေဆက်ခံစေချင်တဲ့ ဆန္ဒပြောင်းလဲသွားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဘာပဲဖြစ်ဖြစ် လာမာစီယာဘောလုံးအကယ်ဒမီရဲ့ အသက်ခြောက်နှစ်ကလေးအကယ်ဒမီမှာ သီယာဂိုတစ်ယောက် ထူးထူးခြားခြားပြုလုပ်နိုင်ပြီး ကတ်တလန်ဒေသရဲ့ နောက်ထပ်မက်ဆီတစ်ယောက်ထွက်ပေါ်လာအုံးမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။


 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top