Kantharyar Centre
×







Credit: duwun

#Unicode Version

ဘရတ်ပစ်ဟာ အန်ဂျလီနာဂျိုလီနဲ့ ချစ်ကြိုက်သွားတဲ့အတွက် ဂျနီဖာအန်နစ္စတန်ကို ၂၀၀၅ ခုမှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။

အခုတော့ သူမဖြစ်သလို ပြန်ဖြစ်ပြီလိုပ ဂျနီဖာအန်နစ္စတန်ကဆိုလိုက်တယ်လို့ သူမရဲ့သူငယ်ချင်းတွေကပြောခဲ့ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဒီသတင်းထွက်လာတော့ ဂျနီဖာက "အင်း..ဒါ ဝဋ်လည်တာပဲလေ"လို့ ပြောတယ်လို့သတင်းပေးတစ်ဦးက US Weekly ကို ပြောကြားခဲ့ပါတယ်။

ဘရတ်ပစ်နဲ့ အန်ဂျနီလာဂျိုလီရဲ့ အိမ်ထောင်ရေးပြိုကွဲမှုကို အသက် ၄၇ နှစ်အရွယ် မင်းသမီး ဂျနီဖာအန်နစ္စတန်က ကျေနပ်အားရနေတယ်လို့လည်း သိရပါတယ်။

ဂျနီဖာအန်နစ္စတန်နဲ့ ဘရတ်ပစ်တို့ဟာ ၂၀၀၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူမဟာ ၂၀၁၅ ခုနှစ်မှာ သရုပ်ဆောင် စာရေးဆရာ ဂျက်စတင်သားရောက်စ်နဲ့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

သူမနဲ့ ဘရတ်ပစ်ဟာ သူတို့ရဲ့အေဂျင်စီတွေရဲ့တွေ့ဆုံပေးမှုအရ ၁၉၉၉ ခုနှစ်မှာ ဒိတ်လုပ်ခဲ့ကြပြီး ချစ်သူအဖြစ် ၂ နှစ်တွဲခဲ့ကာ ၂၀၀၀ ပြည့်နှစ်က စေ့စပ်ပြီးတဲ့နောက် မာလီဘူးမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top