Kantharyar Centre
×

  လူ႔အခြင့္အေရးေကာ္မရွင္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနစဥ္(ဓာတ္ပံု − ရဲေအာင္သူ/ေအအက္ဖ္ပီ)

အိမ္အကူမိန္းကေလး ငယ္ႏွစ္ဦးကို အင္း၀ အပ္ခ်ဳပ္ဆိုင္ ပိုင္ရွင္က ကိုယ္လက္အဂၤါခ်ိဳ႕ ယြင္းသည္အထိ ညႇဥ္းပန္းႏွိပ္စက္ ခဲ့သည့္အမႈတြင္ ျမန္မာႏိုင္ငံ လူ႔ အခြင့္အေရးေကာ္မရွင္က လာဘ္ စားသည္ဆိုသည့္ စြပ္စြဲခ်က္မ်ား မွာ မဟုတ္မွန္ေၾကာင္း ျငင္းဆိုခဲ့ ၿပီး လာဘ္စားပါက ေဖာ္ထုတ္၍ တရားစြဲဆိုႏိုင္ေၾကာင္း ေကာ္မရွင္ အဖြဲ႕၀င္ ဦးေဇာ္၀င္းက ေျပာၾကား သည္။
 ‘‘လာဘ္စားသလားေဖာ္ ထုတ္လိုက္ပါ။ ေဖာ္ထုတ္လိုက္လို႔ အေၾကာင္းအခ်က္အလက္ ဘာ ညာဆိုရင္ ကြၽန္ေတာ္တို႔ကိုလည္း တရားစြဲလို႔ရပါတယ္။ တရားစြဲလို႔ ရွိရင္ ကြၽန္ေတာ္တို႔လည္း ရင္ဆိုင္ ၿပီးေတာ့ ေျဖရွင္းရမွာပါပဲ။ အခြင့္ ထူးခံ လူတန္းစားမဟုတ္ပါဘူူး။ ေကာ္မရွင္အေနနဲ႔လည္း မဟုတ္ ဘူး။ လူပုဂၢိဳလ္အေနနဲ႔ဆိုလည္း ေျဖရွင္းရမွာပါပဲ’’
 ေက်ာက္တံတားၿမိဳ႕နယ္ လမ္း (၄၀) ရွိ အင္း၀အပ္ခ်ဳပ္ဆိုင္ မွ အိမ္အကူမိန္းကေလးငယ္ႏွစ္ဦး ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းသည္အထိ ညႇဥ္းပန္းႏွိပ္စက္ခံရမႈကို နစ္နာေၾကးေငြေပး၍ ေျဖရွင္းေပးခဲ့ သည့္အေပၚ 7Day Daily သတင္း ေထာက္က ေကာ္မရွင္အဖြဲ႕၀င္ မ်ား၏ လုပ္ရပ္သည္ ယခုအခ်ိန္ အထိ မွန္ကန္သည္ဟု ယူဆပါသလားဟု ေမးျမန္းမႈကိို ဦးေဇာ္၀င္းက ‘‘ေစတနာေမတၱာအျပည့္နဲ႔လူ႔အခြင့္အေရးအေျခခံၿပီးေတာ့လုပ္တာျဖစ္တဲ့အတြက္ သံသယကင္းရွင္းပါတယ္’’ဟု  ေျဖၾကားသည္။

 ‘‘ညိႇႏိႈင္းေပးလိုက္တယ္။ ကာယကံရွင္ ကေလးေတြရဲ႕ အေမတစ္ေယာက္က အေဒၚ၊ သူတို႔က ေက်ေက်နပ္နပ္ျဖစ္သြားတာ ျဖစ္တဲ့အတြက္ ေကာင္းေသာ လုပ္ေဆာင္ခ်က္လို႔ပဲ ယူဆပါတယ္’’ဟု ေကာ္မရွင္အဖြဲ႔ဝင္တစ္ဦးက လည္းေျပာသည္။ ေကာ့မွဴးၿမိဳ႕နယ္မွ ဆယ္ ေက်ာ္သက္အရြယ္ အိမ္အကူမိန္း ကေလးငယ္ႏွစ္ဦးကို ၂၀၁၁ မွ ၂၀၁၆ အထိ ငါးႏွစ္ၾကာသည္အ ထိ အုပ္ထိန္းသူမ်ားႏွင့္ ေတြ႕ခြင့္ မျပဳခဲ့သည့္အျပင္ ကိုယ္အဂၤါ ခ်ိဳ႕ ယြင္းသည္အထိ ညႇဥ္းပန္းႏွိပ္စက္ ျခင္း၊ လုပ္အားခအျပည့္အ၀မေပးျခင္းတို႔ေၾကာင့္ Myanmar Now သတင္းေအဂ်င္စီက သတင္းရရွိ၍အခ်က္အလက္ႏွင့္တကြ ရဲစခန္း၊ ျမန္မာႏိုင္ငံအမ်ိိဳးသားလူ႔အခြင့္အေရးေကာ္မရွင္တို႔ထံသို႔ တိုင္ၾကားခဲ့သည္။ တိုင္ ၾကားၿပီးေနာက္ ေလးလၾကာသည့္ အခါ စက္တင္ဘာ ၁၅ ရက္တြင္ ေကာ္မရွင္သည္ ကာယကံရွင္ႏွစ္ ဦးႏွစ္ဖက္ကို ေတြ႕ဆံုေစကာ ခုနစ္နာရီၾကာ ေဆြးေႏြး၍ နစ္နာ ေၾကးေပးသည့္နည္းျဖင့္ ညႇိႏႈိင္း ေျဖရွင္းေပးခဲ့သည္ဟု ေကာ္မရွင္ က ထုတ္ျပန္သည္။
ေကာ္မရွင္အဖြဲ႕၀င္မ်ားက ျပင္ပတြင္ပင္ ေက်နပ္၍ ေျဖရွင္းၾကလွ်င္လည္း ျဖစ္သည္ဟုဆိုသည္။
ထို႔အျပင္ ေငြေၾကးကိစၥ သည္ တရားနည္းလမ္းအရ မရရွိ ႏိုင္သည့္အတြက္ ေကာ္မရွင္က စိတ္ေကာင္းႏွလံုးေကာင္းႏွင့္ ေငြ ရေအာင္ လုပ္ေဆာင္ေပးလိုက္ ျခင္းသည္ မည္သည့္ျပစ္မႈမ်ိဳးကို မဆို ထည့္သြင္းစဥ္းစားေၾကာင္း ယင္းေကာ္မရွင္၏ ဥပေဒအႀကံ ေပးဆိုင္ရာ အဖြဲ႕၀င္ ေဒါက္တာ ေဒၚသန္းႏြဲ႕က ေျပာသည္။
 ယင္းကဲ့သို႔ ေျဖရွင္းေပးခဲ့ သည့္အတြက္ ျပစ္မႈမွာ ခ်ဳပ္ၿငိမ္း သြားျခင္းမဟုတ္ဘဲ ရာဇ၀တ္မႈ ျဖစ္သျဖင့္ အမႈသည္ ရွင္သန္ေန ဆဲျဖစ္ေၾကာင္း လူကုန္ကူးမႈျဖင့္ လည္း တရားစြဲ၍ရျခင္းျဖစ္ေၾကာင္း ေဒါက္တာေဒၚသန္းႏြဲ႕က ရွင္းျပ သည္။ ‘‘တစ္ဖက္က နစ္နာတဲ့သူ အေနနဲ႔ ဘာမွ ခံစားရတာမရွိဘူး။ အက်ိဳးရွိတာမရွိဘူးဆိုတဲ့ လူ႔အ ခြင့္အေရး ႐ႈေထာင့္လည္းရွိပါ တယ္။ လူ႔အခြင့္အေရးလုပ္ခြင့္ ေလးနဲ႔ လုပ္ေပးလိုက္တာပါ။ တရားေရးကို ပိတ္ပင္လိုက္တာ မဟုတ္ပါဘူးလို႔’’ဟု ေျပာၾကား သည္။
သို႔ေသာ္ အိမ္အကူမိန္းက ေလးငယ္ႏွစ္ဦး ညႇဥ္းပန္းခံရသည့္ အမႈတြင္ ႏိုင္ငံေတာ္အဆင့္ ေကာ္ မရွင္မ်ားေရွ႕ေမွာက္၌ပင္ ကာယ ကံရွင္မ်ားက လက္မွတ္ေရးထိုး ေက်ေအးထားျခင္းေၾကာင့္ ျပစ္မႈ ဆိုင္ရာ လမ္းေၾကာင္းျဖစ္သည့္ အမႈဖြင့္ရာတြင္ တစ္စံုတစ္ရာ ထိ ခိုက္မႈမရွိေသာ္လည္း တရားေရး ရာလမ္းေၾကာင္းျဖစ္သည့္ တရား သူႀကီးက ျပစ္ဒဏ္ခ်ရန္ သံုးသပ္ ရာ၌ ယင္းေက်ေအးခ်က္ကို ထည့္သြင္းစဥ္းစားမည္ျဖစ္ၿပီး က်ဴးလြန္သူမ်ား က်ခံရမည့္ျပစ္ဒဏ္မွာ ေလ်ာ့နည္းသြားႏိုင္ေၾကာင္း ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ၎၏အျမင္ကို ေျပာသည္။
ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အ ခြင့္အေရးေကာ္မရွင္၏  ဥပေဒ လုပ္ထံုးလုပ္နည္းအတိုင္း ေစ့စပ္ ေဆြးေႏြးေျဖရွင္းျခင္းသည္ မွန္ ကန္ေသာ္လည္းယင္းဥပေဒတြင္ တည္ဆဲဥပေဒႏွင့္အညီ ဟူသည့္ စကားလံုး ပါ၀င္ေနေသးသည္။
ထိုအခ်က္ကို ဥပေဒပညာ ရွင္မ်ားစြာက ေထာက္ျပသကဲ့သို႔ ျပည္သူအမ်ားကလည္း လူ႔အခြင့္ အေရးေကာ္မရွင္ကို ဖ်က္သိမ္း ရန္ (သို႔မဟုတ္) ျပင္ဆင္ဖြဲ႕စည္း ရန္ (သို႔မဟုတ္) ယင္းအမႈတြင္ပါ ၀င္ေနသည့္ တာ၀န္ရွိသူမ်ား ႏုတ္ထြက္ေပးရန္ အလိုရွိေနၾက သည္။ ၎တို႔၏ ဆႏၵမ်ားကို လူ မႈကြန္ရက္ေပၚတြင္သာမကေကာ္ မရွင္၏ သတင္းစာရွင္းလင္းပြဲ မ စတင္မီ မိနစ္ပိုင္းအလို၌ ေကာ္မ ရွင္၏ ႐ံုးေရွ႕ဆိုင္းဘုတ္မ်ား၊ ႐ံုး တြင္းမ်ားတြင္ ဆႏၵထုတ္ေဖာ္ သည့္စာေစာင္မ်ားကို လူငယ္အ ဖြဲ႕အစည္းႏွင့္ တစ္သီးပုဂၢလမ်ား က ကပ္သြားၾကသည္။
ေကာ္မရွင္အဖြဲ႕၀င္မ်ားက မူ ႏုတ္ထြက္မည့္ကိစၥႏွင့္ပတ္ သက္၍ သတင္းေထာက္မ်ား၏ ေမးခြန္းကို ေမတၱာ၊ ေစတနာ၊ ႐ိုး႐ိုးသားသား စသည့္စကားလံုး မ်ားကို တြင္တြင္ထည့္သံုးေျဖၾကား ထားၿပီး ျပည္သူမ်ား၏ ထင္ျမင္ ေျပာဆိုခ်က္သည္ ဒီမိုကေရစီအ တိုင္းေျပာျခင္းျဖစ္သည္ဟုသာ ေျဖၾကားသည္။
ထို႔အျပင္ သတင္းစာရွင္း လင္းပြဲတြင္ မဇၩိမသတင္းေထာက္ က ေကာ္မရွင္အဖြဲ႕၀င္မ်ားကို လည္း က်ပ္သိန္းငါးဆယ္ နစ္နာ ေၾကးျဖင့္ ကိုယ္အဂၤါခ်ိဳ႕ယြင္း ေအာင္ လုပ္ႏိုင္ပါသလားဟု ေမး ျမန္းသည့္အခါ ေမးသူမ်ားႏွင့္ ေျဖသူမ်ားအၾကား စိတ္လိုက္မာန္ ပါေျပာဆို၍ တင္းမာမႈျဖစ္ခဲ့ေသး သည္။
‘‘ခင္ဗ်ား လက္ေတြ႕ပဲ လုပ္ ၾကည့္လိုက္ေလ။ အေျပာနဲ႔မဟုတ္ ဘူး။ လက္ေတြ႕ပဲ လုပ္ၾကည့္ လိုက္ပါ။ ဒီမွာကြၽန္ေတာ္တို႔ ငုတ္ တုတ္ထိုင္ေနတယ္ေလ’’ဟု ဦး ေဇာ္၀င္းကေျပာသည္။ ထို႔အျပင္သတင္းေထာက္မ်ား၏ ေမးျမန္းမႈကိုေျဖၾကားရာ တစ္ႀကိမ္တြင္ ေဒၚေအာင္္ဆန္းစုၾကည္ အမည္ထည့္သြင္းေျပာၾကားရာ၌ ‘‘ေဒၚစုၾကည္’’ ဟု ဦးေဇာ္ဝင္းက သံုးႏႈန္းခဲ့သည့္အတြက္လည္း ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္တြင္လည္း ေဝဖန္ေနၾကသည္။
ဥပေဒအႀကံေပး ဦးခင္ေမာင္ ျမင့္၏ ရွင္းျပခ်က္အရျပည္သူမ်ား အေနျဖင့္ ေကာ္မရွင္အဖြဲ႕၀င္မ်ား ကို တိုက္႐ိုက္အေရးယူေဆာင္ ရြက္၍မရဟုဆိုသည္။
 ‘‘ေကာ္မရွင္အဖြဲ႕၀င္မ်ား ဟာ သေဘာ႐ိုးနဲ႔ေဆာင္ရြက္ခဲ့လို႔ ရွိရင္ အေရးယူခြင့္မရွိဘူးလို႔ ျပ ႒ာန္းထားတဲ့အတြက္ ျပည္သူေတြ က သူ႔ကို တရား၀င္ႀကီး အေရးယူ လို႔၊ တိုင္ၾကားလို႔မရဘူး။ ေကာ္မ ရွင္အဖြဲ႕၀င္ေတြဟာ တာ၀န္ ေဆာင္ရြက္တဲ့ေနရာမွာ သေဘာ ႐ိုးနဲ႔မွားယြင္းလို႔ရွိရင္ အဲဒီမွား ယြင္းမႈကို အေရးယူလို႔မရဘူးလို႔ ျပစ္မႈဆိုင္ရာဥပေဒမွာ အတိအ လင္း ျပ႒ာန္းေပးထားတယ္’’ဟု ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္ က ရွင္းျပသည္။
ဆက္လက္၍ ‘‘ဒါေၾကာင့္ ဦး ေဇာ္၀င္းက ခင္ဗ်ားတို႔ကို တရား စြဲပါ၊ တိုင္ပါေျပာေနတာ။ သူတို႔ က သေဘာ႐ိုးနဲ႔ပါ၊ လူ႔အခြင့္အ ေရး႐ႈေထာင့္အရပါလို႔ ေျပာလို႔ရ တယ္။ သူတို႔မွာထြက္ေပါက္ရွိ တယ္’’ဟု ၎ကဆက္လက္ေျပာ ၾကားသည္။
သို႔ေသာ္ ေကာ္မရွင္သည္ မွားယြင္းမႈကို၀န္ခံခ်က္ေပးရမည္ ျဖစ္ၿပီး ယင္းျဖစ္စဥ္ႏွင့္ပတ္သက္ ၍ တာ၀န္ေပးခံရသည့္ အဖြဲ႕၀င္ မ်ားကို ေကာ္မရွင္က အေရးယူရ မည္ဟု ေျပာၾကားသည္။ အကယ္ ၍ ေကာ္မရွင္က အေရးမယူလွ်င္ ျပည္ေထာင္စုအစိုးရက အေရးယူ မည္ျဖစ္ၿပီး၎တို႔က ဆက္လက္ အေရးမယူလွ်င္ လႊတ္ေတာ္က ျပည္ထဲေရး၀န္ႀကီးအားဖိတ္ၾကား ၍ ေမးျမန္းျခင္း၊ ႐ႈတ္ခ်ျခင္း၊ အ ဆိုတင္သြင္းျခင္းမ်ား ျပဳလုပ္ရ မည္ဟု ဥပေဒအႀကံေပး ဦးခင္ ေမာင္ျမင့္က အႀကံျပဳသည္။
သတင္းစာရွင္းလင္းပြဲတြင္ လူ႔အခြင့္အေရးေကာ္မရွင္ကို ေမး ခြန္းမ်ား ေမးျမန္းခဲ့သည့္အမ်ိဳး သမီးႏွင့္ လူ႔အခြင့္အေရး တက္ ႂကြလႈပ္ရွားသူ အမ်ိဳးသမီးမ်ား ကြန္ရက္ (ျမန္မာ)ဒါ႐ိုက္တာ ေဒၚ ခင္ေလးကလည္း တာ၀န္ရွိသူမ်ား ကို မွားယြင္းမႈမ်ားအတြက္ ၀န္ခံ ေစလိုေၾကာင္းေျပာသည္။ ထို႔အ ျပင္ ေကာ္မရွင္၏ လုပ္ထံုးလုပ္ နည္း၊ အေရးပါမႈမ်ားကို အစိုးရ အား ျပန္လည္သံုးသပ္ေစလို ေၾကာင္း ၎ကေျပာၾကားသည္။
ထုိ႔အျပင္ လူငယ္ႏွင့္ လူမႈ သဟဇာတ ျဖစ္ေရးအဖြဲ႕က သတင္းစာရွင္းလင္းပြဲ မစတင္မီ မိနစ္ပိုင္းအလို၌ ‘သိန္းေလးဆယ္ ေပးရင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ လို႔ရတယ္ေပါ့ အံ့ၾသဘ’ စသည့္ ေဖ့စ္ဘြတ္ခ္ေပၚတြင္ အသံုးျပဳ တတ္သည့္ ႐ုပ္ပံုႏွင့္ သေရာ္စာ မ်ားကို ေကာ္မရွင္႐ံုးေရွ႕ ဆိုင္း ဘုတ္မ်ား ႐ံုးတြင္းမ်ားကပ္၍ ဆႏၵ  ထုတ္ေဖာ္ခဲ့သည္။ သတင္းစာ ရွင္းလင္းပြဲတြင္လည္း သတင္း ေထာက္မ်ားက တာ၀န္ရွိသူမ်ား ႏုတ္ထြက္ေပးရန္ ရွိ၊မရွိ ေမးျမန္း ေနခ်ိန္၌ ဆႏၵထုတ္ေဖာ္သူမ်ားက ၀င္ေရာက္နားေထာင္၍ ႏုတ္ထြက္ ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
လူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)



အိမ်အကူမိန်းကလေး ငယ်နှစ်ဦးကို အင်း၀ အပ်ချုပ်ဆိုင် ပိုင်ရှင်က ကိုယ်လက်အင်္ဂါချို့ ယွင်းသည်အထိ ညှဉ်းပန်းနှိပ်စက် ခဲ့သည့်အမှုတွင် မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မရှင်က လာဘ် စားသည်ဆိုသည့် စွပ်စွဲချက်များ မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ ပြီး လာဘ်စားပါက ဖော်ထုတ်၍ တရားစွဲဆိုနိုင်ကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြား သည်။

 ‘‘လာဘ်စားသလားဖော် ထုတ်လိုက်ပါ။ ဖော်ထုတ်လိုက်လို့ အကြောင်းအချက်အလက် ဘာ ညာဆိုရင် ကျွန်တော်တို့ကိုလည်း တရားစွဲလို့ရပါတယ်။ တရားစွဲလို့ ရှိရင် ကျွန်တော်တို့လည်း ရင်ဆိုင် ပြီးတော့ ဖြေရှင်းရမှာပါပဲ။ အခွင့် ထူးခံ လူတန်းစားမဟုတ်ပါဘူူး။ ကော်မရှင်အနေနဲ့လည်း မဟုတ် ဘူး။ လူပုဂ္ဂိုလ်အနေနဲ့ဆိုလည်း ဖြေရှင်းရမှာပါပဲ’’

 ကျောက်တံတားမြို့နယ် လမ်း (၄၀) ရှိ အင်းဝအပ်ချုပ်ဆိုင် မှ အိမ်အကူမိန်းကလေးငယ်နှစ်ဦး ကိုယ်လက်အင်္ဂါချို့ယွင်းသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရမှုကို နစ်နာကြေးငွေပေး၍ ဖြေရှင်းပေးခဲ့ သည့်အပေါ် 7Day Daily သတင်း ထောက်က ကော်မရှင်အဖွဲ့ဝင် များ၏ လုပ်ရပ်သည် ယခုအချိန် အထိ မှန်ကန်သည်ဟု ယူဆပါသလားဟု မေးမြန်းမှုကို ဦးဇော်ဝင်းက ‘‘စေတနာမေတ္တာအပြည့်နဲ့လူ့အခွင့်အရေးအခြေခံပြီးတော့လုပ်တာဖြစ်တဲ့အတွက် သံသယကင်းရှင်းပါတယ်’’ဟု  ဖြေကြားသည်။


 ‘‘ညှိနှိုင်းပေးလိုက်တယ်။ ကာယကံရှင် ကလေးတွေရဲ့ အမေတစ်ယောက်က အဒေါ်၊ သူတို့က ကျေကျေနပ်နပ်ဖြစ်သွားတာ ဖြစ်တဲ့အတွက် ကောင်းသော လုပ်ဆောင်ချက်လို့ပဲ ယူဆပါတယ်’’ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးက လည်းပြောသည်။ ကော့မှူးမြို့နယ်မှ ဆယ် ကျော်သက်အရွယ် အိမ်အကူမိန်း ကလေးငယ်နှစ်ဦးကို ၂၀၁၁ မှ ၂၀၁၆ အထိ ငါးနှစ်ကြာသည်အ ထိ အုပ်ထိန်းသူများနှင့် တွေ့ခွင့် မပြုခဲ့သည့်အပြင် ကိုယ်အင်္ဂါ ချို့ ယွင်းသည်အထိ ညှဉ်းပန်းနှိပ်စက် ခြင်း၊ လုပ်အားခအပြည့်အဝမပေးခြင်းတို့ကြောင့် Myanmar Now သတင်းအေဂျင်စီက သတင်းရရှိ၍အချက်အလက်နှင့်တကွ ရဲစခန်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံသို့ တိုင်ကြားခဲ့သည်။ တိုင် ကြားပြီးနောက် လေးလကြာသည့် အခါ စက်တင်ဘာ ၁၅ ရက်တွင် ကော်မရှင်သည် ကာယကံရှင်နှစ် ဦးနှစ်ဖက်ကို တွေ့ဆုံစေကာ ခုနစ်နာရီကြာ ဆွေးနွေး၍ နစ်နာ ကြေးပေးသည့်နည်းဖြင့် ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်ဟု ကော်မရှင် က ထုတ်ပြန်သည်။

ကော်မရှင်အဖွဲ့ဝင်များက ပြင်ပတွင်ပင် ကျေနပ်၍ ဖြေရှင်းကြလျှင်လည်း ဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ငွေကြေးကိစ္စ သည် တရားနည်းလမ်းအရ မရရှိ နိုင်သည့်အတွက် ကော်မရှင်က စိတ်ကောင်းနှလုံးကောင်းနှင့် ငွေ ရအောင် လုပ်ဆောင်ပေးလိုက် ခြင်းသည် မည်သည့်ပြစ်မှုမျိုးကို မဆို ထည့်သွင်းစဉ်းစားကြောင်း ယင်းကော်မရှင်၏ ဥပဒေအကြံ ပေးဆိုင်ရာ အဖွဲ့ဝင် ဒေါက်တာ ဒေါ်သန်းနွဲ့က ပြောသည်။

 ယင်းကဲ့သို့ ဖြေရှင်းပေးခဲ့ သည့်အတွက် ပြစ်မှုမှာ ချုပ်ငြိမ်း သွားခြင်းမဟုတ်ဘဲ ရာဇဝတ်မှု ဖြစ်သဖြင့် အမှုသည် ရှင်သန်နေ ဆဲဖြစ်ကြောင်း လူကုန်ကူးမှုဖြင့် လည်း တရားစွဲ၍ရခြင်းဖြစ်ကြောင်း ဒေါက်တာဒေါ်သန်းနွဲ့က ရှင်းပြ သည်။ ‘‘တစ်ဖက်က နစ်နာတဲ့သူ အနေနဲ့ ဘာမှ ခံစားရတာမရှိဘူး။ အကျိုးရှိတာမရှိဘူးဆိုတဲ့ လူ့အ ခွင့်အရေး ရှုထောင့်လည်းရှိပါ တယ်။ လူ့အခွင့်အရေးလုပ်ခွင့် လေးနဲ့ လုပ်ပေးလိုက်တာပါ။ တရားရေးကို ပိတ်ပင်လိုက်တာ မဟုတ်ပါဘူးလို့’’ဟု ပြောကြား သည်။

သို့သော် အိမ်အကူမိန်းက လေးငယ်နှစ်ဦး ညှဉ်းပန်းခံရသည့် အမှုတွင် နိုင်ငံတော်အဆင့် ကော် မရှင်များရှေ့မှောက်၌ပင် ကာယ ကံရှင်များက လက်မှတ်ရေးထိုး ကျေအေးထားခြင်းကြောင့် ပြစ်မှု ဆိုင်ရာ လမ်းကြောင်းဖြစ်သည့် အမှုဖွင့်ရာတွင် တစ်စုံတစ်ရာ ထိ ခိုက်မှုမရှိသော်လည်း တရားရေး ရာလမ်းကြောင်းဖြစ်သည့် တရား သူကြီးက ပြစ်ဒဏ်ချရန် သုံးသပ် ရာ၌ ယင်းကျေအေးချက်ကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး ကျူးလွန်သူများ ကျခံရမည့်ပြစ်ဒဏ်မှာ လျော့နည်းသွားနိုင်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ၎င်း၏အမြင်ကို ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အ ခွင့်အရေးကော်မရှင်၏  ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း စေ့စပ် ဆွေးနွေးဖြေရှင်းခြင်းသည် မှန် ကန်သော်လည်းယင်းဥပဒေတွင် တည်ဆဲဥပဒေနှင့်အညီ ဟူသည့် စကားလုံး ပါဝင်နေသေးသည်။

ထိုအချက်ကို ဥပဒေပညာ ရှင်များစွာက ထောက်ပြသကဲ့သို့ ပြည်သူအများကလည်း လူ့အခွင့် အရေးကော်မရှင်ကို ဖျက်သိမ်း ရန် (သို့မဟုတ်) ပြင်ဆင်ဖွဲ့စည်း ရန် (သို့မဟုတ်) ယင်းအမှုတွင်ပါ ဝင်နေသည့် တာဝန်ရှိသူများ နုတ်ထွက်ပေးရန် အလိုရှိနေကြ သည်။ ၎င်းတို့၏ ဆန္ဒများကို လူ မှုကွန်ရက်ပေါ်တွင်သာမကကော် မရှင်၏ သတင်းစာရှင်းလင်းပွဲ မ စတင်မီ မိနစ်ပိုင်းအလို၌ ကော်မ ရှင်၏ ရုံးရှေ့ဆိုင်းဘုတ်များ၊ ရုံး တွင်းများတွင် ဆန္ဒထုတ်ဖော် သည့်စာစောင်များကို လူငယ်အ ဖွဲ့အစည်းနှင့် တစ်သီးပုဂ္ဂလများ က ကပ်သွားကြသည်။

ကော်မရှင်အဖွဲ့ဝင်များက မူ နုတ်ထွက်မည့်ကိစ္စနှင့်ပတ် သက်၍ သတင်းထောက်များ၏ မေးခွန်းကို မေတ္တာ၊ စေတနာ၊ ရိုးရိုးသားသား စသည့်စကားလုံး များကို တွင်တွင်ထည့်သုံးဖြေကြား ထားပြီး ပြည်သူများ၏ ထင်မြင် ပြောဆိုချက်သည် ဒီမိုကရေစီအ တိုင်းပြောခြင်းဖြစ်သည်ဟုသာ ဖြေကြားသည်။

ထို့အပြင် သတင်းစာရှင်း လင်းပွဲတွင် မဇ္ဈိမသတင်းထောက် က ကော်မရှင်အဖွဲ့ဝင်များကို လည်း ကျပ်သိန်းငါးဆယ် နစ်နာ ကြေးဖြင့် ကိုယ်အင်္ဂါချို့ယွင်း အောင် လုပ်နိုင်ပါသလားဟု မေး မြန်းသည့်အခါ မေးသူများနှင့် ဖြေသူများအကြား စိတ်လိုက်မာန် ပါပြောဆို၍ တင်းမာမှုဖြစ်ခဲ့သေး သည်။

‘‘ခင်ဗျား လက်တွေ့ပဲ လုပ် ကြည့်လိုက်လေ။ အပြောနဲ့မဟုတ် ဘူး။ လက်တွေ့ပဲ လုပ်ကြည့် လိုက်ပါ။ ဒီမှာကျွန်တော်တို့ ငုတ် တုတ်ထိုင်နေတယ်လေ’’ဟု ဦး ဇော်ဝင်းကပြောသည်။ ထို့အပြင်သတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားရာ တစ်ကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည် အမည်ထည့်သွင်းပြောကြားရာ၌ ‘‘ဒေါ်စုကြည်’’ ဟု ဦးဇော်ဝင်းက သုံးနှုန်းခဲ့သည့်အတွက်လည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင်လည်း ဝေဖန်နေကြသည်။

ဥပဒေအကြံပေး ဦးခင်မောင် မြင့်၏ ရှင်းပြချက်အရပြည်သူများ အနေဖြင့် ကော်မရှင်အဖွဲ့ဝင်များ ကို တိုက်ရိုက်အရေးယူဆောင် ရွက်၍မရဟုဆိုသည်။

 ‘‘ကော်မရှင်အဖွဲ့ဝင်များ ဟာ သဘောရိုးနဲ့ဆောင်ရွက်ခဲ့လို့ ရှိရင် အရေးယူခွင့်မရှိဘူးလို့ ပြ ဋ္ဌာန်းထားတဲ့အတွက် ပြည်သူတွေ က သူ့ကို တရားဝင်ကြီး အရေးယူ လို့၊ တိုင်ကြားလို့မရဘူး။ ကော်မ ရှင်အဖွဲ့ဝင်တွေဟာ တာဝန် ဆောင်ရွက်တဲ့နေရာမှာ သဘော ရိုးနဲ့မှားယွင်းလို့ရှိရင် အဲဒီမှား ယွင်းမှုကို အရေးယူလို့မရဘူးလို့ ပြစ်မှုဆိုင်ရာဥပဒေမှာ အတိအ လင်း ပြဋ္ဌာန်းပေးထားတယ်’’ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ရှင်းပြသည်။

ဆက်လက်၍ ‘‘ဒါကြောင့် ဦး ဇော်ဝင်းက ခင်ဗျားတို့ကို တရား စွဲပါ၊ တိုင်ပါပြောနေတာ။ သူတို့ က သဘောရိုးနဲ့ပါ၊ လူ့အခွင့်အ ရေးရှုထောင့်အရပါလို့ ပြောလို့ရ တယ်။ သူတို့မှာထွက်ပေါက်ရှိ တယ်’’ဟု ၎င်းကဆက်လက်ပြော ကြားသည်။

သို့သော် ကော်မရှင်သည် မှားယွင်းမှုကိုဝန်ခံချက်ပေးရမည် ဖြစ်ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက် ၍ တာဝန်ပေးခံရသည့် အဖွဲ့ဝင် များကို ကော်မရှင်က အရေးယူရ မည်ဟု ပြောကြားသည်။ အကယ် ၍ ကော်မရှင်က အရေးမယူလျှင် ပြည်ထောင်စုအစိုးရက အရေးယူ မည်ဖြစ်ပြီး၎င်းတို့က ဆက်လက် အရေးမယူလျှင် လွှတ်တော်က ပြည်ထဲရေးဝန်ကြီးအားဖိတ်ကြား ၍ မေးမြန်းခြင်း၊ ရှုတ်ချခြင်း၊ အ ဆိုတင်သွင်းခြင်းများ ပြုလုပ်ရ မည်ဟု ဥပဒေအကြံပေး ဦးခင် မောင်မြင့်က အကြံပြုသည်။

သတင်းစာရှင်းလင်းပွဲတွင် လူ့အခွင့်အရေးကော်မရှင်ကို မေး ခွန်းများ မေးမြန်းခဲ့သည့်အမျိုး သမီးနှင့် လူ့အခွင့်အရေး တက် ကြွလှုပ်ရှားသူ အမျိုးသမီးများ ကွန်ရက် (မြန်မာ)ဒါရိုက်တာ ဒေါ် ခင်လေးကလည်း တာဝန်ရှိသူများ ကို မှားယွင်းမှုများအတွက် ဝန်ခံ စေလိုကြောင်းပြောသည်။ ထို့အ ပြင် ကော်မရှင်၏ လုပ်ထုံးလုပ် နည်း၊ အရေးပါမှုများကို အစိုးရ အား ပြန်လည်သုံးသပ်စေလို ကြောင်း ၎င်းကပြောကြားသည်။

ထို့အပြင် လူငယ်နှင့် လူမှု သဟဇာတ ဖြစ်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ မစတင်မီ မိနစ်ပိုင်းအလို၌ ‘သိန်းလေးဆယ် ပေးရင် လူ့အခွင့်အရေးချိုးဖောက် လို့ရတယ်ပေါ့ အံ့သြဘ’ စသည့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် အသုံးပြု တတ်သည့် ရုပ်ပုံနှင့် သရော်စာ များကို ကော်မရှင်ရုံးရှေ့ ဆိုင်း ဘုတ်များ ရုံးတွင်းများကပ်၍ ဆန္ဒ  ထုတ်ဖော်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင်လည်း သတင်း ထောက်များက တာဝန်ရှိသူများ နုတ်ထွက်ပေးရန် ရှိ၊မရှိ မေးမြန်း နေချိန်၌ ဆန္ဒထုတ်ဖော်သူများက ဝင်ရောက်နားထောင်၍ နုတ်ထွက် ပေးရန် တောင်းဆိုခဲ့ကြသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top