Kantharyar Centre
×

 R&B ၾကယ္ပြင့္ ခရစ္ ဘေရာင္းသည္ လာမည့္သီတင္း ပတ္တြင္ တိုက်ဳိၿမိဳ႕သို႔ သြားရန္ စီစဥ္ထားမႈမတိုင္မီ ဂ်ပန္ျပည္ ဝင္ခြင့္ ျငင္းပယ္ခံလိုက္ရသည္။

ခရစ္ဘေရာင္းသည္ အမ်ဳိး သမီးတစ္ဦးကို ေသနတ္ျဖင့္ ခ်ိန္ခဲ့သည္ဆိုေသာ ေလာ့စ္အန္ဂ်လိစ္ ရဲတပ္ဖြဲ႕၏ စြပ္စြဲခ်က္ႏွင့္ ပတ္ သက္၍ ဂ်ပန္ျပည္ဝင္ခြင့္ ပယ္ခ် ခံရေၾကာင္းသတင္းမ်ားက ေဖာ္ျပ သည္။

ဂ်ပန္ႏိုင္ငံသည္ ရာဇဝတ္မႈ မွတ္တမ္းရွိသူမ်ားကို ဝင္ေရာက္ ခြင့္ အလြန္တင္းက်ပ္ထားသည့္ ႏိုင္ငံျဖစ္ၿပီး ၂၀၁၀ ျပည့္ႏွစ္က လည္း ပဲရစ္ဟီလ္တန္၏ ဝင္ ေရာက္ခြင့္ ျငင္းပယ္ခံခဲ့ရသည္။

ဘေရာင္းသည္ အျခားႏိုင္ငံ မ်ားသို႔လည္း ဝင္ခြင့္ပယ္ခ်ခံရၿပီး ၾသစေၾတးလ်၊ နယူးဇီလန္ႏိုင္ငံ ခရီးစဥ္မ်ား ဖ်က္သိမ္းခ့ဲရသည္။

၎သည္ ယခင္ကလည္း မေကာင္းသတင္းမ်ားျဖင့္ သတင္းေခါင္းႀကီးပိုင္းတြင္ ေဖာ္ျပခံရၿပီးႏွစ္ႀကိမ္တိုင္  တရားစြဲဆိုခံခဲ့ရ သည္။

မတ္လအတြင္းR&B အဆို ေတာ္  စီလာနီ၏   ကိုယ့္ကိုယ္ကိုယ္ သတ္ေသရန္ ႀကိဳးပမ္းမႈ အေပၚ ဘေရာင္းကေလွာင္ေျပာင္ ခဲ့ေသာေၾကာင့္ လူအမ်ားကုိ ေဒါသထြက္ေစခဲ့သည္။

ဘေရာင္းသည ္အေမရိကန္ တြင္ နံပါတ္ ၃ ခ်ိတ္ၿပီး ၿဗိတိန္ ႏိုင္ငံ၌ နံပါတ္ ၂၃ ျဖစ္ေနသည္။ ၿပီးခဲ့သည့္ႏွစ္က ေတးအယ္လ္ဘမ္ Royalty ႏွင့္အတူ ဂီတေလာက တြင္ အလုပ္မ်ားေနသည့္ ဘေရာင္းသည္ Heart break on A Full Moon ဟု အမည္ေပး ထားေသာ ေတးအယ္လ္ဘမ္ လည္း မိတ္ဆက္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

 R&B ကြယ်ပွင့် ခရစ် ဘရောင်းသည် လာမည့်သီတင်း ပတ်တွင် တိုကျိုမြို့သို့ သွားရန် စီစဉ်ထားမှုမတိုင်မီ ဂျပန်ပြည် ဝင်ခွင့် ငြင်းပယ်ခံလိုက်ရသည်။

ခရစ်ဘရောင်းသည် အမျိုး သမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ခဲ့သည်ဆိုသော လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့၏ စွပ်စွဲချက်နှင့် ပတ် သက်၍ ဂျပန်ပြည်ဝင်ခွင့် ပယ်ချ ခံရကြောင်းသတင်းများက ဖော်ပြ သည်။

ဂျပန်နိုင်ငံသည် ရာဇဝတ်မှု မှတ်တမ်းရှိသူများကို ဝင်ရောက် ခွင့် အလွန်တင်းကျပ်ထားသည့် နိုင်ငံဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က လည်း ပဲရစ်ဟီလ်တန်၏ ဝင် ရောက်ခွင့် ငြင်းပယ်ခံခဲ့ရသည်။

ဘရောင်းသည် အခြားနိုင်ငံ များသို့လည်း ဝင်ခွင့်ပယ်ချခံရပြီး သြစတြေးလျ၊ နယူးဇီလန်နိုင်ငံ ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။

၎င်းသည် ယခင်ကလည်း မကောင်းသတင်းများဖြင့် သတင်းခေါင်းကြီးပိုင်းတွင် ဖော်ပြခံရပြီးနှစ်ကြိမ်တိုင်  တရားစွဲဆိုခံခဲ့ရ သည်။

မတ်လအတွင်းR&B အဆို တော်  စီလာနီ၏   ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းမှု အပေါ် ဘရောင်းကလှောင်ပြောင် ခဲ့သောကြောင့် လူအများကို ဒေါသထွက်စေခဲ့သည်။

ဘရောင်းသည ်အမေရိကန် တွင် နံပါတ် ၃ ချိတ်ပြီး ဗြိတိန် နိုင်ငံ၌ နံပါတ် ၂၃ ဖြစ်နေသည်။ ပြီးခဲ့သည့်နှစ်က တေးအယ်လ်ဘမ် Royalty နှင့်အတူ ဂီတလောက တွင် အလုပ်များနေသည့် ဘရောင်းသည် Heart break on A Full Moon ဟု အမည်ပေး ထားသော တေးအယ်လ်ဘမ် လည်း မိတ်ဆက်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top