Kantharyar Centre
×

က်န္းမာၿပီး ကိုယ္အေလးခ်ိန္ပိုေနသူမ်ားႏွင့္ အ၀လြန္သူမ်ား ေထာ ပတ္သီးအပါအ၀င္ ႏွလုံးကိုက်န္းမာေစေသာ အစားအေသာက္မ်ား စားေပးျခင္းျဖင့္ ဆုိးရြားေသာ ကိုလက္စထေရာဓာတ္မ်ား ေလ်ာ့က် သြားႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုအရ သိရသည္။

သို႔ေသာ္ မိမိတို႔ ေန႔စဥ္စားေသာက္ေနေသာ အစားအစာမ်ား တြင္ ေထာပတ္သီးမ်ားထည့္စားလုိက္႐ုံျဖင့္ ယင္းသို႔ကုိလက္စထ ေရာမ်ား ေလ်ာ့သြားမည္ဟု ဆိုလုိျခင္းမဟုတ္ပါ။ က်န္းမာေရးႏွင့္ ညီေသာ အစားအစာမ်ားတြင္ ေထာပတ္သီးမ်ားပါထည့္ စားေပးျခင္းျဖင့္ သိပ္သည္းဆနည္းေနေသာ လီမိုပ႐ုိတင္း(LDL)ကိုလက္စထေရာဓာတ္ကို ေလွ်ာ့ခ်ေပးႏုိင္ေၾကာင္း ေလ့လာမႈကေဖာ္ျပသည္ ဟု သုေတသီမ်ားက ေျပာသည္။

‘‘ကုိယ္စားေနတဲ့ အစားအေသာက္ေတြထဲ ေထာပတ္သီးေတြပါ ထည့္စားရမယ္လို႔ ေျပာတာ မဟုတ္ပါဘူး။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအေသာက္ေတြထဲမွာ ေထာပတ္သီးကိုပါ ထည့္စား ေပးရမွာပါ’’ ဟု အေမရိကန္ႏွလုံးက်န္းမာေရးဌာန၏ အာဟာရေကာ္မတီဥကၠ႒ ပန္နီခရစ္အီသာတြန္က ေျပာသည္။ ၎မွာပင္ဆယ္ေဗးနီးယားျပည္နယ္ တကၠသိုလ္မွ အာဟာရကြၽမ္းက်င္ပညာရွင္လည္း ျဖစ္သည္။

‘‘ႏွလုံးေရာဂါ ျဖစ္ႏုိင္တဲ့ အႏၲရာယ္ေတြေလ်ာ့ပါးသြားေအာင္ လူေတြႏွလုံးကို က်န္းမာေစတဲ့ အစားအေသာက္ေတြ စားေပးရပါ မယ္’’ဟု မစၥစ္ခရစ္အီသာတြန္ႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားက အေမရိ ကန္ႏွလုံးက်န္းမာေရး ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

က်န္းမာေရးအတြက္ မေကာင္းေသာ အဆီမ်ားအစား က်န္းမာေရးႏွင့္ညီေသာ အဆီဓာတ္ပါ၀င္သည့္ ဖက္တီးအက္စစ္မ်ားႏွင့္ ကိုလက္စထေရာမ်ားအျဖစ္သို႔ အလြယ္တကူေျပာင္းလဲ သြားေလ့မရွိေသာ အဆီတို႔ကို အစားထိုးစားေပးသင့္သည္။

ေျမထဲပင္လယ္ေဒသတြင္ စားသုံးေလ့ရွိေသာ သဘာ၀သံလြင္ ဆီ (သို႔မဟုတ္)အခြံမာသီး အေရာအေႏွာတို႔တြင္ က်န္းမာေရးႏွင့္ ညီေသာ အဆီဓာတ္ပါ၀င္သျဖင့္ ေလျဖတ္ျခင္းႏွင့္ ႏွလုံးေရာဂါထ ျခင္းကဲ့သို႔ ႏွလုံးေသြးေၾကာဆုိင္ရာ ျပႆနာမ်ား ႀကံဳေတြ႕ေနရသည့္ သက္ႀကီးရြယ္အိုမ်ား ငါးႏွစ္ခန္႔ စားေပးပါက ယင္းေရာဂါမ်ား ျဖစ္ႏုိင္သည့္ အႏၲရာယ္မ်ားကို ၃၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးႏုိင္ေၾကာင္း အေစာပိုင္းေလ့လာမႈတစ္ခုအရ သိရသည္။

ေထာပတ္သီးတြင္ က်န္းမာေရးႏွင့္ညီေသာ အဆီဓာတ္ပါ၀င္ ၿပီး ဗီတာမင္၊ သတၱဳဓာတ္ႏွင့္ အမွ်င္ဓာတ္တို႔ကဲ့သို႔ အျခားေသာ က်န္းမာေရးအတြက္ အက်ဳိးေက်းဇူးမ်ားစြာလည္း ပါ၀င္ေၾကာင္း သုေတ သီမ်ားက ေျပာသည္။

ေထာပတ္သီးတြင္ ပါ၀င္ေသာ ဓာတ္မ်ားကဲ့သို႔ အလားတူ အက်ဳိးမ်ားေသာ အခံြမာသီးမ်ား (သို႔မဟုတ္) ဟင္းသီးဟင္းရြက္မ်ား၊ အျခားသစ္သီးမ်ား စားေပးျခင္းျဖင့္လည္း က်န္းမာေရးအက်ဳိးေက်း ဇူးမ်ား ရရွိႏုိင္သည္ဟု အာဟာရပညာရွင္ခရစ္အီသာတြန္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကျန်းမာပြီး ကိုယ်အလေးချိန်ပိုနေသူများနှင့် အဝလွန်သူများ ထော ပတ်သီးအပါအဝင် နှလုံးကိုကျန်းမာစေသော အစားအသောက်များ စားပေးခြင်းဖြင့် ဆိုးရွားသော ကိုလက်စထရောဓာတ်များ လျော့ကျ သွားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရသည်။

သို့သော် မိမိတို့ နေ့စဉ်စားသောက်နေသော အစားအစာများ တွင် ထောပတ်သီးများထည့်စားလိုက်ရုံဖြင့် ယင်းသို့ကိုလက်စထ ရောများ လျော့သွားမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကျန်းမာရေးနှင့် ညီသော အစားအစာများတွင် ထောပတ်သီးများပါထည့် စားပေးခြင်းဖြင့် သိပ်သည်းဆနည်းနေသော လီမိုပရိုတင်း(LDL)ကိုလက်စထရောဓာတ်ကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုကဖော်ပြသည် ဟု သုတေသီများက ပြောသည်။

‘‘ကိုယ်စားနေတဲ့ အစားအသောက်တွေထဲ ထောပတ်သီးတွေပါ ထည့်စားရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေထဲမှာ ထောပတ်သီးကိုပါ ထည့်စား ပေးရမှာပါ’’ ဟု အမေရိကန်နှလုံးကျန်းမာရေးဌာန၏ အာဟာရကော်မတီဥက္ကဋ္ဌ ပန်နီခရစ်အီသာတွန်က ပြောသည်။ ၎င်းမှာပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်မှ အာဟာရကျွမ်းကျင်ပညာရှင်လည်း ဖြစ်သည်။

‘‘နှလုံးရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်တွေလျော့ပါးသွားအောင် လူတွေနှလုံးကို ကျန်းမာစေတဲ့ အစားအသောက်တွေ စားပေးရပါ မယ်’’ဟု မစ္စစ်ခရစ်အီသာတွန်နှင့် လုပ်ဖော်ကိုင်ဖက်များက အမေရိ ကန်နှလုံးကျန်းမာရေး ဂျာနယ်တွင် ဖော်ပြထားသည်။

ကျန်းမာရေးအတွက် မကောင်းသော အဆီများအစား ကျန်းမာရေးနှင့်ညီသော အဆီဓာတ်ပါဝင်သည့် ဖက်တီးအက်စစ်များနှင့် ကိုလက်စထရောများအဖြစ်သို့ အလွယ်တကူပြောင်းလဲ သွားလေ့မရှိသော အဆီတို့ကို အစားထိုးစားပေးသင့်သည်။

မြေထဲပင်လယ်ဒေသတွင် စားသုံးလေ့ရှိသော သဘာဝသံလွင် ဆီ (သို့မဟုတ်)အခွံမာသီး အရောအနှောတို့တွင် ကျန်းမာရေးနှင့် ညီသော အဆီဓာတ်ပါဝင်သဖြင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါထ ခြင်းကဲ့သို့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရသည့် သက်ကြီးရွယ်အိုများ ငါးနှစ်ခန့် စားပေးပါက ယင်းရောဂါများ ဖြစ်နိုင်သည့် အန္တရာယ်များကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစောပိုင်းလေ့လာမှုတစ်ခုအရ သိရသည်။

ထောပတ်သီးတွင် ကျန်းမာရေးနှင့်ညီသော အဆီဓာတ်ပါဝင် ပြီး ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တို့ကဲ့သို့ အခြားသော ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာလည်း ပါဝင်ကြောင်း သုတေ သီများက ပြောသည်။

ထောပတ်သီးတွင် ပါဝင်သော ဓာတ်များကဲ့သို့ အလားတူ အကျိုးများသော အခွံမာသီးများ (သို့မဟုတ်) ဟင်းသီးဟင်းရွက်များ၊ အခြားသစ်သီးများ စားပေးခြင်းဖြင့်လည်း ကျန်းမာရေးအကျိုးကျေး ဇူးများ ရရှိနိုင်သည်ဟု အာဟာရပညာရှင်ခရစ်အီသာတွန်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top