Credit:7Day Daily
Unicode Version
ဘာစီလိုနာအသင်းအ နေဖြင့် မက်ဆီ၏ ပွဲကစားချိန်ကို ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲ သင့်သည်ဟု မက်ဆီ ဒဏ်ရာရသည့်သတင်း ထွက်ပေါ်ပြီးနောက် အာဂျင်တီးနား လက်ရွေးစင်အ သင်းနည်းပြ အက်ဂါဒိုဘော်ဇာက ပြောသည်။
အာဂျင်တီးနားအသင်း ခေါင်းဆောင် တိုက်စစ်မှူး မက် ဆီသည် ယခုရာသီ ဘာကာ၏ပွဲ ခြောက်ပွဲတွင် ငါးပွဲကို ပွဲအစမှ ပါဝင်ကစားခဲ့သည်။
ဗုဒ္ဓဟူးနေ့က အက်သလက် တီကိုနှင့်တစ်ဂိုးစီ သရေကျသော ပွဲတွင် တံကောက်ကြောဒဏ်ရာ ဖြင့် အနားယူခဲ့ရသည်။
ယင်းဒဏ်ရာကြောင့် မက် ဆီမှာ သီတင်းသုံးပတ် ကစားနိုင် မည်မဟုတ်ပေ။
မက်ဆီ (၂၉) နှစ်သည် အောက်တိုဘာ ၆ ရက် ပီရူးနှင့်ပွဲ၊နောက်ငါးရက်အကြာတွင် ပါရာဂွေးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲကို လွဲချော်မည်ဟု အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
‘‘ကျွန်တော်တို့အားလုံး မက် ဆီကို စောင့်ရှောက်ရပါမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူ့ရဲ့ပွဲကစား ချိန်ကို စီမံခန့်ခွဲရမယ့် အနေအ ထားတစ်ရပ်ကို သူရောက်နေလို့ ပါပဲ။ သူ့ရဲ့အချိန်အများစု ရယူ ထားတဲ့ ဘာစီလိုနာအသင်းက သူ့အချိန်ကို စီမံခန့်ခွဲဖို့ လိုအပ်ပါ တယ်’’ ဟု အာဂျင်တီးနားနည်းပြ ဘော်ဇာက ပြောကြားသည်။
မက်ဆီသည် သီတင်းနှစ် ပတ်တွင် ငါးပွဲကစားခဲ့ကာ လေးလအတွင်း လက်ရွေးစင်အသင်းအတွက် ဥရုဂွေးနှင့်ပွဲတစ်ပွဲသာ မက်ဆီပါဝင်ကစားခဲ့သည်ဟု ဘော်ဇာက မှတ်ချက်ပြုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
Home
»
သတင်း
»
အားကစား
»
နိုင်ငံတကာ
» မက်ဆီ၏ ကစားချိန်ကို ဘာစီလိုနာက စီမံခန့်ခွဲသင့်သည်ဟု အာဂျင်တီးနားနည်းပြ ပြောကြား
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။