Property Expo
×






ဆေးသောက်ခြင်း။


ခရီးသွားခြင်း။



#Unicode Version
သင့်ဗိုက်ထဲမှာ အစာလုံးဝမရှိတဲ့အချိန်၊ဘာမှမစားရသေးတဲ့အချိန်နဲ့ ဗိုက်ဆာနေတဲ့အချိန်မျိုးမှာ မလုပ်ဆောင်သင့်တဲ့ အချက်တွေရှိပါတယ်။

လက်ဖက်ရည်၊ကော်ဖီသောက်ခြင်း။

မနက်မိုးလင်းတာနဲ့ လက်ဖက်ရည်၊ကော်ဖီကို အရင်သောက်တာက မကောင်းပါဘူး။ဗိုက်ထဲမှာ အစာလုံးဝမရှိဘဲ လက်ဖက်ရည်၊ကော်ဖီတွေကို
အရင်ဆုံးသောက်လိုက်တာကြောင့် အစာအိမ်တွင်း အက်စစ် ပိုထွက်စေပြီး အော့အန်တာ၊ဝမ်းချုပ်တာတွေ ဖြစ်နိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း။

ကိုယ်အလေးချိန်လျော့ချဖို့ ဘာမှမစားခင် လေ့ကျင့်ခန်းပြုလုပ်တယ်ဆိုတာ မှားယွင်းတဲ့အယူအဆပါ။အစာစားပြီး နာရီဝက် ၄၅ မိနစ်ကြာချိန်မှာ
လေ့ကျင့်ခန်းပြုလုပ်တာက အကောင်းဆုံး ဖြစ်တယ်လို့ ဂျာမနီမှ လေ့လာမှုတွေက ဆိုပါတယ်။

ဆေးသောက်ခြင်း။

မနက်အစောကြီး ဘာမှမစားခင် ဆေးတွေမသောက်သင်ပါဘူး။အထူးသဖြင့် အကိုက်ခဲပျောက်ဆေးနဲ့ အက်စပရင်ဆေးတွေကို အစာမစားခင်သောက်
တာကြောင့် ဝမ်းဗိုက်မအီမသာ ဖြစ်စေပါတယ်။

ခရီးသွားခြင်း။

ဘာအစာမှ မစားဘဲ ခရီးသွားတာမျိုးကို ရှောင်ဖို့လိုပါတယ်။အစာမရှိတဲ့အတွက် ကိုယ်ခံအားနည်းပြီး ဖျားနာမှုဖြစ်နိုင်သလို၊ရောဂါပိုးမွှားတွေကို မတိုက်
ထုတ်နိုင်ဘဲ ဖြစ်စေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Internet Health
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top