Kantharyar Centre
×

တ႐ုတ္စီးပြားေရး လုပ္ငန္းရွင္ သူေဌးႀကီးျဖစ္တဲ့ ဂ်က္မားဟာ အေမရိကန္အေျခစိုက္ စားေသာက္ကုန္လုပ္ငန္းျဖစ္တဲ့ Yum Brands ကုမၸဏီ ရွယ္ယာတစ္ခ်ိဳ႕ကို ဝယ္ယူလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

Yum Brands ဟာ တ႐ုတ္ႏုိင္ငံအပါအဝင္ ကမၻာ့အႏွံ႔မွာ စားေသာက္ဆိုင္ေတြဖြင့္လွစ္ထားတဲ့ လုပ္ငန္းျဖစ္ၿပီး နာမည္ေက်ာ္ KFC နဲ႔ Pizza Hut တုိ႔လည္းအပါအဝင္ျဖစ္ပါတယ္။ ထူးျခားတာက ဂ်က္မားဟာ လုပ္ငန္းရွင္ျဖစ္မလာခင္ ငယ္စဥ္ဘဝတုန္းက KFC စားေသာက္ဆုိင္မွာ အလုပ္ေလွ်ာက္ခဲ့ဖူးၿပီး အလုပ္မရ ျဖစ္ခဲ့ဖူးပါတယ္။

အခုေတာ့ KFC ရဲ႕မိခင္ကုမၸဏီ Yum Brands ရဲ႕ရွယ္ယာအခ်ိဳ႕ကို  ဝယ္ယူလိုက္တဲ့ အလီဘာဘာ ကုမၸဏီပိုင္ရွင္ ဂ်က္မားဟာ သူ႔ကိုအလုပ္မခန္႔ခဲ့တဲ့ လုပ္ငန္းရဲ႕ ရွယ္ယာရွင္ ျဖစ္လာခဲ့ပါၿပီ။ စုစုေပါင္း ကန္ေဒၚလာ သန္း ၄၆၀ ေလာက္ ရင္းႏွီးျမႇဳပ္ႏွံၿပီး ရွယ္ယာေတြဝယ္ယူလုိက္တာလို႔ သိရပါတယ္။ KFC နဲ႔ Pizza Hut စားေသာက္ဆိုင္ေတြဟာ တ႐ုတ္ျပည္တြင္းမွာ ဆုိင္ခြဲေပါင္း ၇၂၀၀ ေလာက္ ဖြင့္လွစ္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

တရုတ်စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီးဖြစ်တဲ့ ဂျက်မားဟာ အမေရိကန်အခြေစိုက် စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ Yum Brands ကုမ္ပဏီ ရှယ်ယာတစ်ချို့ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

Yum Brands ဟာ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့အနှံ့မှာ စားသောက်ဆိုင်တွေဖွင့်လှစ်ထားတဲ့ လုပ်ငန်းဖြစ်ပြီး နာမည်ကျော် KFC နဲ့ Pizza Hut တို့လည်းအပါအဝင်ဖြစ်ပါတယ်။ ထူးခြားတာက ဂျက်မားဟာ လုပ်ငန်းရှင်ဖြစ်မလာခင် ငယ်စဉ်ဘဝတုန်းက KFC စားသောက်ဆိုင်မှာ အလုပ်လျှောက်ခဲ့ဖူးပြီး အလုပ်မရ ဖြစ်ခဲ့ဖူးပါတယ်။

အခုတော့ KFC ရဲ့မိခင်ကုမ္ပဏီ Yum Brands ရဲ့ရှယ်ယာအချို့ကို  ဝယ်ယူလိုက်တဲ့ အလီဘာဘာ ကုမ္ပဏီပိုင်ရှင် ဂျက်မားဟာ သူ့ကိုအလုပ်မခန့်ခဲ့တဲ့ လုပ်ငန်းရဲ့ ရှယ်ယာရှင် ဖြစ်လာခဲ့ပါပြီ။ စုစုပေါင်း ကန်ဒေါ်လာ သန်း ၄၆၀ လောက် ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာတွေဝယ်ယူလိုက်တာလို့ သိရပါတယ်။ KFC နဲ့ Pizza Hut စားသောက်ဆိုင်တွေဟာ တရုတ်ပြည်တွင်းမှာ ဆိုင်ခွဲပေါင်း ၇၂၀၀ လောက် ဖွင့်လှစ်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top