Property Expo
×

လူစီဟာ ကမၻာေပၚက အလုပ္လုပ္ေနတဲ့ေခြးေတြထဲမွာ အေကာင္အေသးဆံုးေခြးေလးျဖစ္ပါတယ္။ သူ႔ရဲ႕လုပ္ေဆာင္မႈကေတာ့ လူေတြကို ေဆးကုသေပးတာပါ။

ေယာ့႐ႈိင္းယားျပည္နယ္က တယ္ရီယာေလး လူစီဟာ အျမင့္ ၅.၇ လက္မ ႐ွိၿပီး အ႐ွည္က ၇.၅ လက္မသာ ႐ွိပါတယ္။ တကယ့္ကို ေသးေသးေကြးေကြး အေကာင္ေလးဆုိေပမဲ့ သူ႔ေၾကာင့္ပဲ လူေတြရဲ႕ေဝဒနာေတြ ေပ်ာက္ကင္းသြားၾကတယ္လုိ႔ သိရပါတယ္။

လူစီဟာ သခင္ျဖစ္သူ ဆယ္လီမြန္တူဖာနဲ႔အတူ နယူးဂ်ာစီေတာင္ပိုင္းက မက်န္းမာသူေတြထံ သြားေရာက္လည္ပတ္ေလ့႐ွိပါတယ္။ မက်န္းမာသူေတြက လူစီကိုေပြ႔ဖက္္လိုက္ရင္ကိုပဲ ခံစားေနရတဲဲ့ဒုကၡျပႆနာေတြ၊ စိုးရိမ္ေသာကေတြ ယာယီေပ်ာက္သြားသလို ခံစားရတယ္လို႔ ဆုိၾကပါတယ္။ လူစီဟာ ေအးေဆးတည္ၿငိမ္ၿပီး ခ်စ္စရာေကာင္းတာေၾကာင့္ မက်န္းမာသူေတြရဲ႕စိတ္ကို ကုစားေပးသလိုျဖစ္လာခဲဲ့ပါတယ္။

သူတို႔ကို ေက်ာင္္း၊ ကေလးေဆး႐ံုေတြနဲ႔ သူနာျပဳရိပ္သာေတြက ဖိတ္ေခၚရင္ သြားေရာက္ျဖစ္တယ္လို႔ ဆယ္လီကေျပာပါတယ္။ ၂၀၁၂ ခုႏွစ္မွာေတာ့ ဂင္းနစ္ကမၻာ့စံခ်ိန္တင္အဖြဲ႔ႀကီးက လူစီ့ကို အလုပ္လုပ္ေနတဲ့ေခြးေတြထဲမွာ အေသးငယ္ဆံုးေခြးေလးအျဖစ္ ကမၻာ့စံခ်ိန္တင္ေပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

လူစီဟာ ကမ္ဘာပေါ်က အလုပ်လုပ်နေတဲ့ခွေးတွေထဲမှာ အကောင်အသေးဆုံးခွေးလေးဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုကတော့ လူတွေကို ဆေးကုသပေးတာပါ။

ယော့ရှိုင်းယားပြည်နယ်က တယ်ရီယာလေး လူစီဟာ အမြင့် ၅.၇ လက်မ ရှိပြီး အရှည်က ၇.၅ လက်မသာ ရှိပါတယ်။ တကယ့်ကို သေးသေးကွေးကွေး အကောင်လေးဆိုပေမဲ့ သူ့ကြောင့်ပဲ လူတွေရဲ့ဝေဒနာတွေ ပျောက်ကင်းသွားကြတယ်လို့ သိရပါတယ်။

လူစီဟာ သခင်ဖြစ်သူ ဆယ်လီမွန်တူဖာနဲ့အတူ နယူးဂျာစီတောင်ပိုင်းက မကျန်းမာသူတွေထံ သွားရောက်လည်ပတ်လေ့ရှိပါတယ်။ မကျန်းမာသူတွေက လူစီကိုပွေ့ဖက်လိုက်ရင်ကိုပဲ ခံစားနေရတဲ့ဒုက္ခပြဿနာတွေ၊ စိုးရိမ်သောကတွေ ယာယီပျောက်သွားသလို ခံစားရတယ်လို့ ဆိုကြပါတယ်။ လူစီဟာ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတာကြောင့် မကျန်းမာသူတွေရဲ့စိတ်ကို ကုစားပေးသလိုဖြစ်လာခဲ့ပါတယ်။

သူတို့ကို ကျောင်း၊ ကလေးဆေးရုံတွေနဲ့ သူနာပြုရိပ်သာတွေက ဖိတ်ခေါ်ရင် သွားရောက်ဖြစ်တယ်လို့ ဆယ်လီကပြောပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့ကြီးက လူစီ့ကို အလုပ်လုပ်နေတဲ့ခွေးတွေထဲမှာ အသေးငယ်ဆုံးခွေးလေးအဖြစ် ကမ္ဘာ့စံချိန်တင်ပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top