Property Expo
×

သင္က ရုပ္မလွေပမဲ့ ဆြဲေဆာင္မႈရွိတဲ့သူတစ္ေယာက္လို႔ ထင္ပါသလား။ ဒါဆိုရင္ သင့္မွာ ေကာင္းတဲ့ အက်င့္တစ္ခုခုရွိတာ ေသခ်ာပါျပီ။ တခါတေလမွာ ရုပ္ရည္ထူးထူးျခားျခားၾကီးလွတဲ့ လူတစ္ေယာက္မဟုတ္ေပမဲ့ ျမင္လိုက္ရတဲ့အခါမွာ တစ္ခုခုနဲ႔ဆြဲေဆာင္ထားသလို ခံစားမိေစတဲ့သူေတြကို ေတြ႔ဖူးမွာပါ။ ဆြဲေဆာင္မႈရွိဖို႔ဆုိတာ အဓိက ရုပ္လွဖို႔ မလိုပါဘူး။ လူတစ္ေယာက္ရဲ႕ အေနအထိုင္၊ စိတ္ေနစိတ္ထားနဲ႔ အမူအက်င့္ထူးျခားရင္ (ေကာင္းေသာ ထူးျခားမႈနဲ႔ေတာ့ ျဖစ္ဖို႔လိုပါတယ္) တစ္နည္းနည္းနဲ႔ လူေတြကို ဆြဲေဆာင္ႏုိင္ေလ့ရွိပါတယ္။

မိမိတို႔ရဲ႕ ရုပ္ရည္က မလွေနရင္ေတာင္ စိုးရိမ္စရာမလိုဘဲ ဆြဲေဆာင္မႈရွိေစတဲ့ အမူအက်င့္ေလးေတြရွိေအာင္လည္း ျပဳျပင္ႏုိင္ပါ တယ္လို႔ ေျပာျပခ်င္ပါတယ္။ အခုေျပာျပမယ့္ အမူအက်င့္ေလးေတြရွိေနရင္ အသားညိဳညိဳ ပိန္ရွည္ရွည္ ေကာင္ေလးလည္း ဆြဲေဆာင္မႈရွိေနမွာ ျဖစ္သလုိ ဝဝပုပု ျဖဴစြတ္စြတ္နဲ႔ ဘုတ္ထုိင္းေကာင္မေလးေတြကလည္း ဆြဲေဆာင္မႈရွိေနမွာ အမွန္ပါပဲ။

-ရယ္စရာေတြ ေျပာတတ္သူ- ခပ္ေပါေပါေနတတ္တာ မဟုတ္ဘဲ ဟာသဥာဏ္ရႊင္တာ။
သူမ်ားကို ေပ်ာ္ေအာင္ထားႏုိင္တဲ့သူေတြက သိပ္ျပီးဆြဲေဆာင္မႈ ရွိပါတယ္။ သူတို႔နဲ႔ေတြ႔တဲ့အခ်ိန္ ဟန္ေဆာင္မႈေတြ ကြာက်ျပီး စိတ္လြတ္ကိုယ္လြတ္ေလးရယ္ႏုိင္တာက ဆုတစ္ခုလုိပါပဲ။ ဘဝဆုိတာ အေမာေတြ၊ အခက္အခဲေတြနဲ႔ လုံးပမ္းေနရတာမ်ားတာမို႔ ေပ်ာ္ရႊင္ရယ္ေမာျပီးေနႏုိင္တာ အခြင့္အေရးပါ။ တစ္ခ်ိန္လုံး ခပ္တည္တည္နဲ႔ အေလးအနက္ၾကီးလုပ္ေနတတ္တာထက္ အရာရာကို အေကာင္းျမင္စိတ္နဲ႔ ေပ်ာ္ေပ်ာ္ ေနတတ္တဲ့အက်င့္က ဆြဲေဆာင္မႈရွိေစတဲ့ အေၾကာင္းရင္းတစ္ခုပါ။

- ဆုံးျဖတ္ခ်က္ေကာင္းေတြခ်ႏုိင္တဲ့သူ
လူတစ္ေယာက္က မိမိအတြက္ေရာ၊ တျခားသူေတြအတြက္ပါ စဥ္းစားေဝဖန္ျပီး ဆုံးျဖတ္ခ်က္ေကာင္းေကာင္းခ်ေပးႏုိင္တဲ့သူကလည္း လူေတြကုိ ကိုယ့္ဘက္ပါေအာင္ ဆြဲေဆာင္ထားႏုိင္ပါတယ္။ ကိုယ္ဘာလုပ္ေနတယ္။ ဘာလုပ္ရမယ္ဆုိတာသိျပီး ရည္မွန္းခ်က္ရွိတဲ့သူ တစ္ေယာက္ကို လူေတြက အရမ္းအားကိုးတတ္သလုိ ယုံၾကည္မႈေၾကာင့္လည္း ပိုျပီး အေရာင္ေတာက္လာေစပါတယ္။ သူလုပ္ရင္ေတာ့ ေကာင္းမွာပဲဆုိျပီး စိတ္ခ်ယုံၾကည္စိတ္ေပးႏုိင္တဲ့လူတစ္ေယာက္အတြက္ ရုပ္လွဖို႔မလိုသလုိ ေငြနဲ႔လည္း ဆြဲေဆာင္စရာမလုိပါဘူး။

-စိတ္ထားေကာင္းတဲ့သူ တစ္ေယာက္က အလိုလိုေနရင္း လူခ်စ္လူခင္မ်ားပါတယ္။
စိတ္ရဲ႕ၾကည္လင္မႈ ေရာင္ျပန္ဟပ္တတ္တဲ့အတြက္ ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းေနတဲ့သူတစ္ဦးျဖစ္ပါေစ။ လူေတြကို ဆြဲေဆာင္ႏုိင္ ပါတယ္။ စိတ္ထားေကာင္းတယ္ဆုိတာ လူတစ္ေယာက္ရဲ႕ တန္ဖိုးပါ။ ကိုယ္နဲ႔ မသိတဲ့သူစိမ္းေတြ အေပၚမွာ လည္း ကိုယ့္မိသားစုလုိ၊ မိတ္ေဆြလုိ သေဘာထားျပီး ကူညီတတ္သူ၊ ေႏြးေထြးၾကင္နာတတ္သူေတြကို လူေတြက ခ်စ္ၾကပါတယ္။ ကုိယ့္ေၾကာင့္သူမ်ား အက်ဳိးေတြမျဖစ္သြားရင္ေနပါေစ ကိုယ့္ပေယာဂေၾကာင့္ေတာ့ ဘယ္သူမွဒုကၡမေရာက္ေစရဆိုတဲ့ အေျခခံစိတ္ေကာင္းေလးရွိတဲ့သူဆုိရင္ေတာင္ အေတာ့္ကိုအဖိုးတန္တဲ့ ဆြဲေဆာင္မႈရွိသူတစ္ေယာက္ျဖစ္ႏုိင္ပါတယ္။

-ရည္မွန္းခ်က္ျပင္းျပျပီး ၾကိဳးစားေနတဲ့သူတစ္ေယာက္ရဲ႕ အားမာန္ေတြကလည္း လူေတြကို ဆြဲေဆာင္ႏိုင္တဲ့အရာပါ။
ပန္းတုိင္ကိုေရာက္ဖုိ႔အတြက္ မဆုတ္မနစ္ၾကိဳးစားေနတဲ့သူတစ္ေယာက္က ေဘးကၾကည့္ေနသူေတြကို အလုိလုိ ခြန္အားေတြေပးႏုိင္ပါတယ္။ ရည္ရြယ္ခ်က္ေတြနဲ႔ ေရွ႕ဆက္ေနတဲ့သူတစ္ေယာက္ကို စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္တတ္သလို အလိုလုိ ခင္မင္ႏွစ္လုိစိတ္ျဖစ္ေစတတ္ပါေသးတယ္။ ဒါေၾကာင့္ ရည္မွန္းခ်က္ပန္းတုိင္တစ္ခုထားျပီး ဝီရိယစိုက္ထုတ္ၾကည့္ပါ။ တန္ဖုိးရွိတဲ့လူတစ္ေယာက္အျဖစ္လူေတြကို ဆြဲေဆာင္ႏုိင္မွာအမွန္ပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

သင်က ရုပ်မလှပေမဲ့ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်လို့ ထင်ပါသလား။ ဒါဆိုရင် သင့်မှာ ကောင်းတဲ့ အကျင့်တစ်ခုခုရှိတာ သေချာပါပြီ။ တခါတလေမှာ ရုပ်ရည်ထူးထူးခြားခြားကြီးလှတဲ့ လူတစ်ယောက်မဟုတ်ပေမဲ့ မြင်လိုက်ရတဲ့အခါမှာ တစ်ခုခုနဲ့ဆွဲဆောင်ထားသလို ခံစားမိစေတဲ့သူတွေကို တွေ့ဖူးမှာပါ။ ဆွဲဆောင်မှုရှိဖို့ဆိုတာ အဓိက ရုပ်လှဖို့ မလိုပါဘူး။ လူတစ်ယောက်ရဲ့ အနေအထိုင်၊ စိတ်နေစိတ်ထားနဲ့ အမူအကျင့်ထူးခြားရင် (ကောင်းသော ထူးခြားမှုနဲ့တော့ ဖြစ်ဖို့လိုပါတယ်) တစ်နည်းနည်းနဲ့ လူတွေကို ဆွဲဆောင်နိုင်လေ့ရှိပါတယ်။

မိမိတို့ရဲ့ ရုပ်ရည်က မလှနေရင်တောင် စိုးရိမ်စရာမလိုဘဲ ဆွဲဆောင်မှုရှိစေတဲ့ အမူအကျင့်လေးတွေရှိအောင်လည်း ပြုပြင်နိုင်ပါ တယ်လို့ ပြောပြချင်ပါတယ်။ အခုပြောပြမယ့် အမူအကျင့်လေးတွေရှိနေရင် အသားညိုညို ပိန်ရှည်ရှည် ကောင်လေးလည်း ဆွဲဆောင်မှုရှိနေမှာ ဖြစ်သလို ဝဝပုပု ဖြူစွတ်စွတ်နဲ့ ဘုတ်ထိုင်းကောင်မလေးတွေကလည်း ဆွဲဆောင်မှုရှိနေမှာ အမှန်ပါပဲ။

-ရယ်စရာတွေ ပြောတတ်သူ- ခပ်ပေါပေါနေတတ်တာ မဟုတ်ဘဲ ဟာသဉာဏ်ရွှင်တာ။
သူများကို ပျော်အောင်ထားနိုင်တဲ့သူတွေက သိပ်ပြီးဆွဲဆောင်မှု ရှိပါတယ်။ သူတို့နဲ့တွေ့တဲ့အချိန် ဟန်ဆောင်မှုတွေ ကွာကျပြီး စိတ်လွတ်ကိုယ်လွတ်လေးရယ်နိုင်တာက ဆုတစ်ခုလိုပါပဲ။ ဘဝဆိုတာ အမောတွေ၊ အခက်အခဲတွေနဲ့ လုံးပမ်းနေရတာများတာမို့ ပျော်ရွှင်ရယ်မောပြီးနေနိုင်တာ အခွင့်အရေးပါ။ တစ်ချိန်လုံး ခပ်တည်တည်နဲ့ အလေးအနက်ကြီးလုပ်နေတတ်တာထက် အရာရာကို အကောင်းမြင်စိတ်နဲ့ ပျော်ပျော် နေတတ်တဲ့အကျင့်က ဆွဲဆောင်မှုရှိစေတဲ့ အကြောင်းရင်းတစ်ခုပါ။

- ဆုံးဖြတ်ချက်ကောင်းတွေချနိုင်တဲ့သူ
လူတစ်ယောက်က မိမိအတွက်ရော၊ တခြားသူတွေအတွက်ပါ စဉ်းစားဝေဖန်ပြီး ဆုံးဖြတ်ချက်ကောင်းကောင်းချပေးနိုင်တဲ့သူကလည်း လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ကိုယ်ဘာလုပ်နေတယ်။ ဘာလုပ်ရမယ်ဆိုတာသိပြီး ရည်မှန်းချက်ရှိတဲ့သူ တစ်ယောက်ကို လူတွေက အရမ်းအားကိုးတတ်သလို ယုံကြည်မှုကြောင့်လည်း ပိုပြီး အရောင်တောက်လာစေပါတယ်။ သူလုပ်ရင်တော့ ကောင်းမှာပဲဆိုပြီး စိတ်ချယုံကြည်စိတ်ပေးနိုင်တဲ့လူတစ်ယောက်အတွက် ရုပ်လှဖို့မလိုသလို ငွေနဲ့လည်း ဆွဲဆောင်စရာမလိုပါဘူး။

-စိတ်ထားကောင်းတဲ့သူ တစ်ယောက်က အလိုလိုနေရင်း လူချစ်လူခင်များပါတယ်။
စိတ်ရဲ့ကြည်လင်မှု ရောင်ပြန်ဟပ်တတ်တဲ့အတွက် ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့သူတစ်ဦးဖြစ်ပါစေ။ လူတွေကို ဆွဲဆောင်နိုင် ပါတယ်။ စိတ်ထားကောင်းတယ်ဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးပါ။ ကိုယ်နဲ့ မသိတဲ့သူစိမ်းတွေ အပေါ်မှာ လည်း ကိုယ့်မိသားစုလို၊ မိတ်ဆွေလို သဘောထားပြီး ကူညီတတ်သူ၊ နွေးထွေးကြင်နာတတ်သူတွေကို လူတွေက ချစ်ကြပါတယ်။ ကိုယ့်ကြောင့်သူများ အကျိုးတွေမဖြစ်သွားရင်နေပါစေ ကိုယ့်ပယောဂကြောင့်တော့ ဘယ်သူမှဒုက္ခမရောက်စေရဆိုတဲ့ အခြေခံစိတ်ကောင်းလေးရှိတဲ့သူဆိုရင်တောင် အတော့်ကိုအဖိုးတန်တဲ့ ဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်နိုင်ပါတယ်။

-ရည်မှန်းချက်ပြင်းပြပြီး ကြိုးစားနေတဲ့သူတစ်ယောက်ရဲ့ အားမာန်တွေကလည်း လူတွေကို ဆွဲဆောင်နိုင်တဲ့အရာပါ။
ပန်းတိုင်ကိုရောက်ဖို့အတွက် မဆုတ်မနစ်ကြိုးစားနေတဲ့သူတစ်ယောက်က ဘေးကကြည့်နေသူတွေကို အလိုလို ခွန်အားတွေပေးနိုင်ပါတယ်။ ရည်ရွယ်ချက်တွေနဲ့ ရှေ့ဆက်နေတဲ့သူတစ်ယောက်ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်တတ်သလို အလိုလို ခင်မင်နှစ်လိုစိတ်ဖြစ်စေတတ်ပါသေးတယ်။ ဒါကြောင့် ရည်မှန်းချက်ပန်းတိုင်တစ်ခုထားပြီး ဝီရိယစိုက်ထုတ်ကြည့်ပါ။ တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ်လူတွေကို ဆွဲဆောင်နိုင်မှာအမှန်ပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top