Property Expo
×

ကယ္လီဖိုးနီးယားျပည္နယ္ရွိ ကုမၸဏီတစ္ခုျဖစ္တဲ့ Financial Credit Union က ဝန္ထမ္းေတြရဲ႕ သားသမီးေတြကို ေန႔တုိင္းေခၚလာခြင့္ျပဳထားပါတယ္။ ေငြေၾကးဆုိင္ရာ ကုမၸဏီတစ္ခုျဖစ္တဲ့ ယင္းကုမၸဏီက ဝန္ထမ္းေတြရဲ႕ ကေလးမ်ား ေမြးစကေန ေျခာက္လမျပည့္ခင္ ဒါမွမဟုတ္ ေလးဘက္ မသြားတတ္ေသးခင္ အရြယ္အထိ ေန႔တုိင္းရုံးကုိ ေခၚလာလို႔ရတယ္လို႔ တရားဝင္ခြင့္ျပဳထားပါတယ္။

၂၀၀၁ ခုႏွစ္ကစျပီး ကုမၸဏီကို ေခၚလာတဲ့ ကေလးေပါင္း ၁၃၀ ေက်ာ္ရွိခဲ့ပါတယ္။ ၄င္းကုမၸဏီက ေငြေၾကးကုမၸဏီတစ္ခုျဖစ္ျပီး အထိခိုက္မခံႏုိ္င္တဲ့ အရမ္းကို အေရးၾကီးျပီး အေျပာင္းအလဲလုပ္လို႔မျဖစ္တဲ့ အခ်က္အလက္ေတြကို ကုိင္တြယ္ရတာျဖစ္တဲ့အတြက္ ဝန္ထမ္းေတြအေနနဲ႔ မီးဖြားခြင့္ယူျပီးလို႔ ရုံးျပန္တက္ခ်ိန္မွာ အဆင္ေျပေျပနဲ႔အလုပ္လုပ္ႏုိင္ဖုိ႔အတြက္ ကုမၸဏီက အေျဖတစ္ခုအေနနဲ႔ ရွာေတြ႔ခဲ့တာျဖစ္ပါတယ္။ ကုမၸဏီရဲ႕ လူ႔အရင္းအျမစ္ဌာနအၾကီးအကဲ Lisa Mackay က ဝန္ထမ္းေတြကို သားသမီးေတြ ေခၚလာခြင့္ျပဳထား တဲ့အတြက္သူတို႔ရဲ႕အလုပ္လုပ္ႏုိင္စြမ္း ရာႏႈန္းျပည့္မရႏုိင္ဘူးဆုိတာ သိပါတယ္။ ဒါေပမဲ့ ဒါက ျပႆနာတစ္ရပ္ေတာ့ မဟုတ္ပါဘူး။ အစီအစဥ္တစ္ခုရဲ႕ အစိတ္အပိုင္းတစ္ခုအေနနဲ႔သာ သေဘာထားပါတယ္လို႔ဆုိပါတယ္။

ကုမၸဏီရဲ႕ ဝန္ထမ္းတစ္ဦးျဖစ္တဲ့ အသစ္စက္စက္ အျမႊာမိခင္တစ္ဦးျဖစ္တဲ့ Alyssa Palomino Financial Credit Union က ကၽြန္မ ဒီကုမၸဏီမွာ ေရြးျပီးလုပ္ရတဲ့ အေၾကာင္းရင္းက ကၽြန္မတုိ႔အားလုံးက တစ္ခ်ိန္ခ်ိန္မွာေတာ့ မိသားစုတစ္ခုကို ဖန္တီးၾကမွာပဲဆုိတာ ကၽြန္မသိတယ္။ ဒီလို မိသားစုျဖစ္လာတဲ့အခါ ကိုယ့္သားသမီးကုိ ေျခာက္လမျပည့္ခင္အထိ ကိုယ္တုိင္ျပဳစုေစာင့္ေရွာက္ႏုိင္ေအာင္ အလုပ္ကို ေခၚလာခြင့္ ေပးတဲ့ ကုမၸဏီဆုိတာ အရမ္းကို ထူးျခားတဲ့ကုမၸဏီျဖစ္တဲ့အတြက္ ဒီကုမၸဏီမွာ အလုပ္လုပ္ျဖစ္ခဲ့တာပါလို႔ ေျပာျပခဲ့ပါတယ္။ အနည္းဆုံးေတာ့ ကေလးထားျပီး အလုပ္လာရတဲ့စိတ္ဖိစီးမႈမ်ဳိးမရွိႏုိင္ေတာ့ဘူးလို႔လည္း ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

အေမရိကန္ ကုမၸဏီေတြအေနနဲ႔ ပိုေကာင္းတဲ့အေျဖေတြရွာေဖြဖို႔ ၾကိဳးစားေနျပီး မီးဖြားခြင့္ကို မိခင္အတြက္ေရာ၊ ဖခင္အတြက္ပါ အခ်ိန္ပိုေပးႏုိင္ဖုိ႔ စဥ္းစားေနၾကျပီျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Financial Credit Union က ဝန်ထမ်းတွေရဲ့ သားသမီးတွေကို နေ့တိုင်းခေါ်လာခွင့်ပြုထားပါတယ်။ ငွေကြေးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ယင်းကုမ္ပဏီက ဝန်ထမ်းတွေရဲ့ ကလေးများ မွေးစကနေ ခြောက်လမပြည့်ခင် ဒါမှမဟုတ် လေးဘက် မသွားတတ်သေးခင် အရွယ်အထိ နေ့တိုင်းရုံးကို ခေါ်လာလို့ရတယ်လို့ တရားဝင်ခွင့်ပြုထားပါတယ်။

၂၀၀၁ ခုနှစ်ကစပြီး ကုမ္ပဏီကို ခေါ်လာတဲ့ ကလေးပေါင်း ၁၃၀ ကျော်ရှိခဲ့ပါတယ်။ ၎င်းကုမ္ပဏီက ငွေကြေးကုမ္ပဏီတစ်ခုဖြစ်ပြီး အထိခိုက်မခံနိုင်တဲ့ အရမ်းကို အရေးကြီးပြီး အပြောင်းအလဲလုပ်လို့မဖြစ်တဲ့ အချက်အလက်တွေကို ကိုင်တွယ်ရတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ မီးဖွားခွင့်ယူပြီးလို့ ရုံးပြန်တက်ချိန်မှာ အဆင်ပြေပြေနဲ့အလုပ်လုပ်နိုင်ဖို့အတွက် ကုမ္ပဏီက အဖြေတစ်ခုအနေနဲ့ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လူ့အရင်းအမြစ်ဌာနအကြီးအကဲ Lisa Mackay က ဝန်ထမ်းတွေကို သားသမီးတွေ ခေါ်လာခွင့်ပြုထား တဲ့အတွက်သူတို့ရဲ့အလုပ်လုပ်နိုင်စွမ်း ရာနှုန်းပြည့်မရနိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက ပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ အစီအစဉ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့သာ သဘောထားပါတယ်လို့ဆိုပါတယ်။

ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသစ်စက်စက် အမြွှာမိခင်တစ်ဦးဖြစ်တဲ့ Alyssa Palomino Financial Credit Union က ကျွန်မ ဒီကုမ္ပဏီမှာ ရွေးပြီးလုပ်ရတဲ့ အကြောင်းရင်းက ကျွန်မတို့အားလုံးက တစ်ချိန်ချိန်မှာတော့ မိသားစုတစ်ခုကို ဖန်တီးကြမှာပဲဆိုတာ ကျွန်မသိတယ်။ ဒီလို မိသားစုဖြစ်လာတဲ့အခါ ကိုယ့်သားသမီးကို ခြောက်လမပြည့်ခင်အထိ ကိုယ်တိုင်ပြုစုစောင့်ရှောက်နိုင်အောင် အလုပ်ကို ခေါ်လာခွင့် ပေးတဲ့ ကုမ္ပဏီဆိုတာ အရမ်းကို ထူးခြားတဲ့ကုမ္ပဏီဖြစ်တဲ့အတွက် ဒီကုမ္ပဏီမှာ အလုပ်လုပ်ဖြစ်ခဲ့တာပါလို့ ပြောပြခဲ့ပါတယ်။ အနည်းဆုံးတော့ ကလေးထားပြီး အလုပ်လာရတဲ့စိတ်ဖိစီးမှုမျိုးမရှိနိုင်တော့ဘူးလို့လည်း ထပ်လောင်းပြောပြခဲ့ပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ပိုကောင်းတဲ့အဖြေတွေရှာဖွေဖို့ ကြိုးစားနေပြီး မီးဖွားခွင့်ကို မိခင်အတွက်ရော၊ ဖခင်အတွက်ပါ အချိန်ပိုပေးနိုင်ဖို့ စဉ်းစားနေကြပြီဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top