Property Expo
×


အဆိုပါ လှိုင်းရိုက်ခတ်မှုကြောင့် ၄င်းရွာရှိ ဦးထွန်းရှိန် နေအိမ် (ပြိုကျ ဆုံးရှုံးတန်ဖိုး ၃၀.သိန်းကျပ်ခန့်)၊ ဦးထွန်းဦး နေအိမ် (ပြိုကျ ဆုံးရှုံး တန်ဖိုး ၁၁၀ သိန်းကျပ်ခန့်)၊ ဦးအောင်ဇော်နိုင် နေအိမ်(ပြိုကျ ဆုံးရှုံး တန်ဖိုး ၅၀သိန်းကျပ်ခန့်)၊ ဦးသူရအောင် ၀ပ်ရှော့ ဂိုဒေါင် (ပြိုကျ ဆုံးရှုံး တန်ဖိုး ၁၅၀ သိန်းကျပ်ခန့်)၊ ဒေါ်နုနုဝင်း နေအိမ် (ပျက်စီး ဆုံးရှုံးတန်ဖိုး ၂.သိန်းကျပ်ခန့်)၊ ဦးမျိုးကျော် နေအိမ်(ပျက်စီး ဆုံးရှုံးတန်ဖိုး ၂ သိန်းကျပ်ခန့်)၊ ဦးမိုးအောင် နေအိမ် (ပျက်စီး ဆုံးရှုံးတန်ဖိုး ၇ သိန်းကျပ်ခန့်)၊ ဦးညဏ်မြင့် နေအိမ်(ပျက်စီး ဆုံးရှုံး တန်ဖိုး ၁၀ သိန်းကျပ်ခန့်)၊ ဦးကျော်မြင့် လှေ(ပျက်စီး ဆုံးရှုံးတန်ဖိုး ၁၆ သိန်းကျပ်ခန့်)၊စွယ်တော် ၁ လမ်းရှိ မျောတိုင် ပျဉ်ခင်း တံတား (ပျက်စီး တန်ဖိုး ၅ သိန်းကျပ်ခန့်) စွယ်တော် ၂ လမ်းရှိ မျောတိုင်ပျဉ်ခင်း တံတား (ပျက်စီး ဆုံးရှုံးတန်ဖိုး ၁၅ သိန်းကျပ်ခန့်)၊ စွယ်တော် ၃ လမ်း မျောတိုင် ပျဉ်ခင်းတံတား (ပျက်စီး ဆုံးရှုံး တန်ဖိုး ၁၀ သိန်းကျပ်ခန့်) ပျက်စီး ဆုံးရှုံး ပါတယ်။

ပျက်စီးဆုံးရှုံးခဲ့တဲ့ မိသားစုများ အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး မြို့နယ်အုပ်ချုပ် ရေးမှူး မီးသတ်တပ်ဖွဲ့ဝင်များ လူကယ်ပြန်အဖွဲ့ တို့မှ ကယ်ဆယ် ထောက်ပံရေးများ ဆောင်ရွက် ပေးခဲ့ပြီး ကော့သောင်း ရဲတပ်ဖွဲ့မှ ဆန် ၃အိပ် ဆီ ၃ပုံး မာမာ ၃ ဖာ၊ မြို့အုပ်ချုပ်ရေး အဖွဲ့ မှ ဆန် ၁အိပ်၊ လူကယ် ပြန်မှ မိသားစု တစ်စုလျှင် ခြင်ထောင် ၁လုံး ဒန်အိုး တစ်လုံး လုံချည် တစ်ထည်စီ ကူညီ ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။


#Unicode Version

၂၀၁၆ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀နာရီ ၄၅ မိနစ် အချိန်ခန့်တွင် လေပြင်း တိုက်ခတ်ပြီး ဒီရေတက်ကာ ရေလှိုင်း ရိုက်ခတ်မှုကြောင့် ကော့သောင်းမြို့ ပုလုံးတုံးတုံ ကျေးရွာ စွယ်တော်လမ်းရှိ နေအိမ်များနှင့် ဂိုဒေါင် ၊ တံတား များ ပြိုကျ ပျက်စီးခဲ့ကြောင်း သိရ ပါတယ်။

အဆိုပါ လှိုင်းရိုက်ခတ်မှုကြောင့် ၎င်းရွာရှိ ဦးထွန်းရှိန် နေအိမ် (ပြိုကျ ဆုံးရှုံးတန်ဖိုး ၃၀.သိန်းကျပ်ခန့်)၊ ဦးထွန်းဦး နေအိမ် (ပြိုကျ ဆုံးရှုံး တန်ဖိုး ၁၁၀ သိန်းကျပ်ခန့်)၊ ဦးအောင်ဇော်နိုင် နေအိမ်(ပြိုကျ ဆုံးရှုံး တန်ဖိုး ၅၀သိန်းကျပ်ခန့်)၊ ဦးသူရအောင် ဝပ်ရှော့ ဂိုဒေါင် (ပြိုကျ ဆုံးရှုံး တန်ဖိုး ၁၅၀ သိန်းကျပ်ခန့်)၊ ဒေါ်နုနုဝင်း နေအိမ် (ပျက်စီး ဆုံးရှုံးတန်ဖိုး ၂.သိန်းကျပ်ခန့်)၊ ဦးမျိုးကျော် နေအိမ ်(ပျက်စီး ဆုံးရှုံးတန်ဖိုး ၂ သိန်းကျပ်ခန့်)၊ ဦးမိုးအောင် နေအိမ် (ပျက်စီး ဆုံးရှုံးတန်ဖိုး ၇ သိန်းကျပ်ခန့်)၊ ဦးညဏ်မြင့် နေအိမ်(ပျက်စီး ဆုံးရှုံး တန်ဖိုး ၁၀ သိန်းကျပ်ခန့်)၊ ဦးကျော်မြင့် လှေ ှ(ပျက်စီး ဆုံးရှုံးတန်ဖိုး ၁၆ သိန်းကျပ်ခန့်)၊စွယ်တော် ၁ လမ်းရှိ မျောတိုင် ပျဉ်ခင်း တံတား (ပျက်စီး တန်ဖိုး ၅ သိန်းကျပ်ခန့်) စွယ်တော် ၂ လမ်းရှိ မျောတိုင်ပျဉ်ခင်း တံတား (ပျက်စီး ဆုံးရှုံးတန်ဖိုး ၁၅ သိန်းကျပ်ခန့်)၊ စွယ်တော် ၃ လမ်း မျောတိုင် ပျဉ်ခင်းတံတား (ပျက်စီး ဆုံးရှုံး တန်ဖိုး ၁၀ သိန်းကျပ်ခန့်) ပျက်စီး ဆုံးရံှုး ပါတယ်။

ပျက်စီးဆုံးရံှုးခဲ့တဲ့ မိသားစုများ အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး မြို့နယ်အုပ်ချုပ် ရေးမှူး မီးသတ်တပ်ဖွဲ့ဝင်များ လူကယ်ပြန်အဖွဲ့ တို့မှ ကယ်ဆယ် ထောက်ပံရေးများ ဆောင်ရွက် ပေးခဲ့ပြီး ကော့သောင်း ရဲတပ်ဖွဲ့မှ ဆန် ၃အိပ် ဆီ ၃ပုံး မာမာ ၃ ဖာ၊ မြို့အုပ်ချုပ်ရေး အဖွဲ့ မှ ဆန် ၁အိပ်၊ လူကယ် ပြန်မှ မိသားစု တစ်စုလျှင် ခြင်ထောင် ၁လုံး ဒန်အိုး တစ်လုံး လုံချည် တစ်ထည်စီ ကူညီ ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:တနင်္သာရီတိုင်းမ် သတင်းမီဒီယာ 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top