Kantharyar Centre
×

 ေမြးဖြားခ်ိန္တြင္ ကေလးငယ္၏ အေရျပားေပၚရွိ ပါလာႏိုင္ေသာ ေမြးရာပါ အမွတ္မ်ိဳးစံု ရွိပါတယ္။ Port wine stain ဟူေသာ အမ်ိဳးအစားတြင္ ပန္းေရာင္မွ ခရမ္းျပာေရာင္
အရင့္အထိ အမွတ္မ်ားေတြ႔ရၿပီး တစ္ခါတစ္ရံတြင္ မ်က္ႏွာေပၚ၌ပင္ ကံမေကာင္းစြာ ပါလာတတ္သည္။ ၎ကို ခြဲစိတ္ကုသေသာ္လည္း ေပ်ာက္ကင္းမႈ နည္းပါးသည္။ သို႔ရာတြင္ ယခုအခါ ဆရာဝန္ ညႊန္ၾကားခ်က္ျဖင့္ “ Covermake ” “ Keromask” က့ဲသို႕ေသာ လိမ္းေဆးမ်ားကို ဝယ္ယူသံုးစြဲႏိုင္ၿပီး သက္သာၾကသည္ကိုလည္း
ေတြ႔ရသည္။


အျဖစ္မ်ားေသာ ေမြးရာပါအမွတ္တစ္ခုမွာ “ Strawberry Mark ” ျဖစ္သည္။ ၎သည္ ေမြးဖြားခ်ိန္တြင္ သိသာထင္ရွားမႈမရွိေသးဘဲ ကေလးအသက္ (၃) လအတြင္း လ်င္ျမန္စြာ ႀကီးထြားၿပီး ထူလာသည္။ ထို႔ေနာက္ နီရဲေသာ အေရာင္မွ ခရမ္းေရာင္
သို႔ ေျပာင္းသြားေလ့ရွိၿပီး မိဘမ်ားကလည္း စိတ္ပူပင္တတ္ၾကသည္။ သို႔ရာတြင္ စိုးရိမ္ဖြယ္ရာမရွိဘဲ (၂) ႏွစ္ (၃) ႏွစ္ အရြယ္အထိ ႀကီးထြားတတ္ၿပီး ကေလးငယ္၏ အသက္ (၄) ႏွစ္ မွ (၇) ႏွစ္ အတြင္း လံုးဝေပ်ာက္ကင္းသြားေလ့ရွိသည္။ သာမန္ အားျဖင့္ ေဆးကုသမႈခံယူရန္ မလိုပါ။

ထို႔ေၾကာင့္ စိတ္ပူပင္တတ္ေသာ မိဘမ်ားကို ေျပာၾကားလိုသည္မွာ “ Strawberry Mark” ႏွင့္ “ Cavernous haemangioma” ဟူသည္ ေမြးရာပါအမွတ္ အမ်ိဳးအစား
တို႔သည္ ၾကာရွည္တြင္ ျပန္လည္ေပ်ာက္ကင္းသြားမည္ျဖစ္ၿပီး တစ္စံုတစ္ခုႏွင့္ ထိခိုက္
မိေနတတ္၍ မၾကာခဏ ေသြးထြက္တတ္ေသာ အမ်ိဳးအစား (ဥပမာ – အဝတ္ႏွင့္ ပြတ္တိုက္မိေနျခင္း) တို႔တြင္မူ ခြဲစိတ္ကုသမႈ လိုအပ္ႏိုင္ပါတယ္။ မ်က္ခြံႏွင့္ လည္ဂုတ္
တို႔တြင္ ပါတတ္ေသာ ေသးငယ္ေသာ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ အမွတ္မ်ားမွာမူ ကေလးငယ္၏ ၄၀% ခန္႔တြင္ အလိုအေလ်ာက္ ေပ်ာက္ကင္းသြားတတ္သျဖင့္ စိတ္ပူပင္ရန္ မလိုေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Healthcare

Unicode Version

 မွေးဖွားချိန်တွင် ကလေးငယ်၏ အရေပြားပေါ်ရှိ ပါလာနိုင်သော မွေးရာပါ အမှတ်မျိုးစုံ ရှိပါတယ်။ Port wine stain ဟူသော အမျိုးအစားတွင် ပန်းရောင်မှ ခရမ်းပြာရောင်
အရင့်အထိ အမှတ်များတွေ့ရပြီး တစ်ခါတစ်ရံတွင် မျက်နှာပေါ်၌ပင် ကံမကောင်းစွာ ပါလာတတ်သည်။ ၎င်းကို ခွဲစိတ်ကုသသော်လည်း ပျောက်ကင်းမှု နည်းပါးသည်။ သို့ရာတွင် ယခုအခါ ဆရာဝန် ညွှန်ကြားချက်ဖြင့် “ Covermake ” “ Keromask” ကဲ့သို့သော လိမ်းဆေးများကို ဝယ်ယူသုံးစွဲနိုင်ပြီး သက်သာကြသည်ကိုလည်း
တွေ့ရသည်။

အဖြစ်များသော မွေးရာပါအမှတ်တစ်ခုမှာ “ Strawberry Mark ” ဖြစ်သည်။ ၎င်းသည် မွေးဖွားချိန်တွင် သိသာထင်ရှားမှုမရှိသေးဘဲ ကလေးအသက် (၃) လအတွင်း လျင်မြန်စွာ ကြီးထွားပြီး ထူလာသည်။ ထို့နောက် နီရဲသော အရောင်မှ ခရမ်းရောင်
သို့ ပြောင်းသွားလေ့ရှိပြီး မိဘများကလည်း စိတ်ပူပင်တတ်ကြသည်။ သို့ရာတွင် စိုးရိမ်ဖွယ်ရာမရှိဘဲ (၂) နှစ် (၃) နှစ် အရွယ်အထိ ကြီးထွားတတ်ပြီး ကလေးငယ်၏ အသက် (၄) နှစ် မှ (၇) နှစ် အတွင်း လုံးဝပျောက်ကင်းသွားလေ့ရှိသည်။ သာမန် အားဖြင့် ဆေးကုသမှုခံယူရန် မလိုပါ။

ထို့ကြောင့် စိတ်ပူပင်တတ်သော မိဘများကို ပြောကြားလိုသည်မှာ “ Strawberry Mark” နှင့် “ Cavernous haemangioma” ဟူသည် မွေးရာပါအမှတ် အမျိုးအစား
တို့သည် ကြာရှည်တွင် ပြန်လည်ပျောက်ကင်းသွားမည်ဖြစ်ပြီး တစ်စုံတစ်ခုနှင့် ထိခိုက်
မိနေတတ်၍ မကြာခဏ သွေးထွက်တတ်သော အမျိုးအစား (ဥပမာ – အဝတ်နှင့် ပွတ်တိုက်မိနေခြင်း) တို့တွင်မူ ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါတယ်။ မျက်ခွံနှင့် လည်ဂုတ်
တို့တွင် ပါတတ်သော သေးငယ်သော ပန်းရောင်ဖျော့ဖျော့ အမှတ်များမှာမူ ကလေးငယ်၏ ၄၀% ခန့်တွင် အလိုအလျောက် ပျောက်ကင်းသွားတတ်သဖြင့် စိတ်ပူပင်ရန် မလိုပေ။

ဖိုးသူတော် (www.phothutaw.com)
Credit:Healthcare
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top