Property Expo
×

 ေတာင္ကိုရီးယား အမ်ိဳးသား အဆိုေတာ္အဖြဲ႔  Big Bang အဖြဲ႔သည္  ေတးသီခ်င္း အယ္လ္ဘမ္သစ္အတြက္ ျပင္ဆင္မႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း  ၎တို႔၏ ေအဂ်င္စီYG အင္တာတိန္းမန္႔က စက္တင္ဘာ ၂၉ရက္တြင္ အတည္ျပဳ ေျပာၾကားခဲ့သည္။

“ ေတးသီခ်င္း အယ္လ္ဘမ္သစ္ကို မၾကာမီ ေၾကညာသြားမွာျဖစ္ပါတယ္။ ေတးအယ္လ္ဘမ္နဲ႔ ပတ္သက္လုိ႔  အေသးစိတ္ မေျပာႏိုင္ေသးပါဘူး။ ဒါေပမဲ့ သတင္းေကာင္း တစ္ခုေပးဖို႔  ကၽြန္ေတာ္တို႔  ျပင္ဆင္ေနပါတယ္”ဟု အဖြဲ႔၀င္ Seungri က စက္တင္ဘာ ၂၈ရက္က Naver V Lvie ရုပ္သံ “Hello Seungri” အစီစဥ္မွတစ္ဆင့္ ေျပာၾကားခဲ့သည္။

“ Big Bang အဖြဲ႔ဟာ မ်ားျပားလွတဲ့ အစီစဥ္ေတြ ရွိေနေပမဲ့ ေတးအယ္လ္ဘမ္သစ္အတြက္ ျပင္ဆင္ လုပ္ေဆာင္ေနပါတယ္။ အဖြဲ႔၀င္ေတြဟာ မၾကာေသးမီက ေတးအယ္လ္ဘမ္ ေနာက္ဆံုးအဆင့္ အဆံုးသတ္လုပ္ေဆာင္ဖို႔  ေန႔တိုင္းလိုလို  YG  စတူဒီယိုမွ လုပ္ေဆာင္ေနပါတယ္ ” ဟု ကုမၸဏီက ေျပာၾကားခဲ့သည္။

ယခုႏွစ္သည္  Big Bang အဖြဲ႔အတြက္ ၾကီးက်ယ္ခမ္းနားသည့္ ႏွစ္တစ္ႏွစ္ျဖစ္သည္။ Big Bang အဖြဲ႔သည္ အဖြဲ႔ ဆယ္ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္  မၾကာေသးမီ လမ်ားက ျပည္တြင္းႏွင့္ ျပည္ပတြင္ ရုပ္ရွင္ထုတ္လႊင့္ျခင္း ၊ ျပပြဲျပဳလုပ္ျခင္း ႏွင့္ ေဖ်ာ္ေျဖပြဲ အပါအ၀င္ မ်ားျပားလွေသာ အႏုပညာ အစီစဥ္မ်ားကို လုပ္ေဆာင္ခဲ့သည္။လက္ရွိ အခ်ိန္တြင္လည္း ယခုႏွစ္တြင္ ေတးအယ္လ္ဘမ္သစ္ ထြက္ရွိရန္ ျပင္ဆင္လ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

 တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့  Big Bang အဖွဲ့သည်  တေးသီချင်း အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း  ၎င်းတို့၏ အေဂျင်စီYG အင်တာတိန်းမန့်က စက်တင်ဘာ ၂၉ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

“ တေးသီချင်း အယ်လ်ဘမ်သစ်ကို မကြာမီ ကြေညာသွားမှာဖြစ်ပါတယ်။ တေးအယ်လ်ဘမ်နဲ့ ပတ်သက်လို့  အသေးစိတ် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ သတင်းကောင်း တစ်ခုပေးဖို့  ကျွန်တော်တို့  ပြင်ဆင်နေပါတယ်”ဟု အဖွဲ့ဝင် Seungri က စက်တင်ဘာ ၂၈ရက်က Naver V Lvie ရုပ်သံ “Hello Seungri” အစီစဉ်မှတစ်ဆင့် ပြောကြားခဲ့သည်။

“ Big Bang အဖွဲ့ဟာ များပြားလှတဲ့ အစီစဉ်တွေ ရှိနေပေမဲ့ တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင် လုပ်ဆောင်နေပါတယ်။ အဖွဲ့ဝင်တွေဟာ မကြာသေးမီက တေးအယ်လ်ဘမ် နောက်ဆုံးအဆင့် အဆုံးသတ်လုပ်ဆောင်ဖို့  နေ့တိုင်းလိုလို  YG  စတူဒီယိုမှ လုပ်ဆောင်နေပါတယ် ” ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

ယခုနှစ်သည်  Big Bang အဖွဲ့အတွက် ကြီးကျယ်ခမ်းနားသည့် နှစ်တစ်နှစ်ဖြစ်သည်။ Big Bang အဖွဲ့သည် အဖွဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  မကြာသေးမီ လများက ပြည်တွင်းနှင့် ပြည်ပတွင် ရုပ်ရှင်ထုတ်လွှင့်ခြင်း ၊ ပြပွဲပြုလုပ်ခြင်း နှင့် ဖျော်ဖြေပွဲ အပါအဝင် များပြားလှသော အနုပညာ အစီစဉ်များကို လုပ်ဆောင်ခဲ့သည်။လက်ရှိ အချိန်တွင်လည်း ယခုနှစ်တွင် တေးအယ်လ်ဘမ်သစ် ထွက်ရှိရန် ပြင်ဆင်လျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top