Kantharyar Centre
×

တိုင္ေပ၌ ျပဳလုပ္မည့္ Big Bang ေကေပါ့ပ္အဖြဲ႕၏ ပရိ သတ္ေတြ႕ဆံုပြဲသည္ ပရိသတ္ မိဘမ်ား၏ တိုင္ၾကားခ်က္ေၾကာင့္ အစီအစဥ္ပ်က္သြားခဲ့သည္ဟု သိရသည္။

ေတာင္ကိုရီးယား ေယာက္်ားေလးအဆိုရွင္မ်ားအဖြဲ႕ Big Bang သည္ စက္တင္ဘာ ၁၀ ရက္ ေန႔လယ္ ၂ နာရီႏွင့္ ည ၇ နာရီတို႔တြင္ တိုင္ေပ၌ ပရိသတ္ ေတြ႕ဆံုပြဲႏွစ္ပြဲ ျပဳလုပ္ရန္ စီစဥ္ ထားသည္။ သို႔ရာတြင္ ေန႔လယ္ ၂ နာရီ၌ျပဳလုပ္မည့္ ပြဲသည္ ေက်ာင္းတက္ေနေသာ ပရိသတ္ မ်ားအတြက္ အဆင္ေျပမည္ မဟုတ္ေၾကာင္းႏွင့္ ယင္းပြဲေၾကာင့္ ပရိသတ္အမ်ားစုမွာ ေက်ာင္းေျပး ဖြယ္ရွိေၾကာင္း မိဘမ်ားက ျပစ္ တင္တိုင္တန္းခဲ့သည္။

ထို႔ေၾကာင့္ ပြဲစီစဥ္ေရးအဖြဲ႕ IMEtw သည္ ေန႔လယ္ ၂ နာရီပြဲ ကို ဖ်က္သိမ္းၿပီး လက္မွတ္မ်ား ကို ေငြျပန္အမ္းခဲ့သည္။

Big Bang အဖြဲ႕သည္ စက္ တင္ဘာ ၉ ရက္မွ ၁၁ ရက္အထိ တိုင္ေပ၌ သံုးရက္တာ ေဖ်ာ္ေျဖပြဲ မ်ား ျပဳလုပ္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

တိုင်ပေ၌ ပြုလုပ်မည့် Big Bang ကေပေါ့ပ်အဖွဲ့၏ ပရိ သတ်တွေ့ဆုံပွဲသည် ပရိသတ် မိဘများ၏ တိုင်ကြားချက်ကြောင့် အစီအစဉ်ပျက်သွားခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များအဖွဲ့ Big Bang သည် စက်တင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီနှင့် ည ၇ နာရီတို့တွင် တိုင်ပေ၌ ပရိသတ် တွေ့ဆုံပွဲနှစ်ပွဲ ပြုလုပ်ရန် စီစဉ် ထားသည်။ သို့ရာတွင် နေ့လယ် ၂ နာရီ၌ပြုလုပ်မည့် ပွဲသည် ကျောင်းတက်နေသော ပရိသတ် များအတွက် အဆင်ပြေမည် မဟုတ်ကြောင်းနှင့် ယင်းပွဲကြောင့် ပရိသတ်အများစုမှာ ကျောင်းပြေး ဖွယ်ရှိကြောင်း မိဘများက ပြစ် တင်တိုင်တန်းခဲ့သည်။

ထို့ကြောင့် ပွဲစီစဉ်ရေးအဖွဲ့ IMEtw သည် နေ့လယ် ၂ နာရီပွဲ ကို ဖျက်သိမ်းပြီး လက်မှတ်များ ကို ငွေပြန်အမ်းခဲ့သည်။

Big Bang အဖွဲ့သည် စက် တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ တိုင်ပေ၌ သုံးရက်တာ ဖျော်ဖြေပွဲ များ ပြုလုပ်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top