Kantharyar Centre
×

 Big Bag အဖြဲ႕၏ WDGAF Live Show ကို အေခြ ျဖန္႔ခ်ိေပးမည္ျဖစ္ၿပီး ယင္းေဖ်ာ္ ေျဖပြဲအတြက္ ျပင္ဆင္ခဲ့ရသည့္ ပံုရိပ္မ်ားလည္း ပါဝင္မည္ျဖစ္ ေၾကာင္း က်ားေပါက္က ေျပာ ၾကားသည္။
‘‘WDGAF ရဲ႕ Live Show ထြက္မယ္။ အဲဒီအထဲမွာ ကြၽန္ ေတာ္တုိ႔ ႐ႈိးအတြက္ ျပင္ဆင္ထား တဲ့ Documentary ေတြ၊ ဆြီဒင္ မွာ သြားၿပီးအသံဖမ္းလာတဲ့ Documentary ေတြ၊ ကြၽန္ေတာ္ တုိ႔ရဲ႕ Behind the Scene ေတြ အမ်ားႀကီးပါမယ္။ အင္တာဗ်ဴး ေတြ အမ်ားႀကီးပါမယ္’’ဟု ၎ က ေျပာသည္။ ထို႔အျပင္ ၎တို႔အဖြဲ႕၏ ေနာက္ဆံုးထြက္ရွိထားေသာ IDGAF အေခြမွ သီခ်င္းသံုးပုဒ္ကို လည္း Music Video ႐ိုက္ကူး၍ အဆုိပါ Live Show အေခြ၌ ထည့္သြင္းေပးမည္ဟု ဆုိသည္။
‘‘IDGAF ထဲက သံုးပုဒ္ပဲ႐ိုက္ မွာ။ ကြၽန္ေတာ့္ကို ႐ိုက္ေပးတဲ့ Team ရွိတယ္။ ဖိလစ္ပိုင္ေတြ ရယ္၊ ျပင္သစ္ေတြရယ္ သူတုိ႔႐ိုက္ ေပးတာ။ အဲဒီ Group ရွိတယ္။ သူတုိ႔နဲ႔ ကြၽန္ေတာ္ ပလဲနံပ သင့္ တယ္။ ကိုယ့္လိုပဲ႐ူးတဲ့ Group ေပါ့။ ကိုယ္လုပ္ခ်င္တာေတြကို Limit မရွိ လုပ္လုိ႔ရတယ္။ သူတုိ႔ လုပ္တဲ့ အုိင္ဒီယာေတြလည္း ႀကိဳက္တယ္။ အဲဒါေၾကာင့္ သူတုိ႔ ကိုပဲ ေရြးခိုင္းထားတယ္’’ဟု က်ား ေပါက္က ေျပာၾကားသည္။
ထို႔အျပင္ ဆြီဒင္ႏုိင္ငံတြင္ သြားေရာက္အသံသြင္းခဲ့ေသာ အေခြသစ္ႏွင့္ပတ္သက္၍ က်ား ေပါက္က ‘‘ကြၽန္ေတာ္တုိ႔ဘက္က ေတာ့ လုပ္စရာရွိတာေတြ အကုန္ ၿပီးၿပီ။ ဟိုဘက္က Mixing ေျခာက္ပုဒ္က်န္တယ္။ ၁၂ ပုဒ္မွာ ေျခာက္ ပုဒ္က Mixing ၿပီးၿပီ။ သူတုိ႔ Mixing ဆြဲေနတယ္’’ဟု ေျပာ သည္။

  ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 Big Bag အဖွဲ့၏ WDGAF Live Show ကို အခွေ ဖြန့်ချိပေးမည်ဖြစ်ပြီး ယင်းဖျော် ဖြေပွဲအတွက် ပြင်ဆင်ခဲ့ရသည့် ပုံရိပ်များလည်း ပါဝင်မည်ဖြစ် ကြောင်း ကျားပေါက်က ပြော ကြားသည်။

‘‘WDGAF ရဲ့ Live Show ထွက်မယ်။ အဲဒီအထဲမှာ ကျွန် တော်တို့ ရှိုးအတွက် ပြင်ဆင်ထား တဲ့ Documentary တွေ၊ ဆွီဒင် မှာ သွားပြီးအသံဖမ်းလာတဲ့ Documentary တွေ၊ ကျွန်တော် တို့ရဲ့ Behind the Scene တွေ အများကြီးပါမယ်။ အင်တာဗျူး တွေ အများကြီးပါမယ်’’ဟု ၎င်း က ပြောသည်။ ထို့အပြင် ၎င်းတို့အဖွဲ့၏ နောက်ဆုံးထွက်ရှိထားသော IDGAF အခွေမှ သီချင်းသုံးပုဒ်ကို လည်း Music Video ရိုက်ကူး၍ အဆိုပါ Live Show အခွေ၌ ထည့်သွင်းပေးမည်ဟု ဆိုသည်။

‘‘IDGAF ထဲက သုံးပုဒ်ပဲရိုက် မှာ။ ကျွန်တော့်ကို ရိုက်ပေးတဲ့ Team ရှိတယ်။ ဖိလစ်ပိုင်တွေ ရယ်၊ ပြင်သစ်တွေရယ် သူတို့ရိုက် ပေးတာ။ အဲဒီ Group ရှိတယ်။ သူတို့နဲ့ ကျွန်တော် ပလဲနံပ သင့် တယ်။ ကိုယ့်လိုပဲရူးတဲ့ Group ပေါ့။ ကိုယ်လုပ်ချင်တာတွေကို Limit မရှိ လုပ်လို့ရတယ်။ သူတို့ လုပ်တဲ့ အိုင်ဒီယာတွေလည်း ကြိုက်တယ်။ အဲဒါကြောင့် သူတို့ ကိုပဲ ရွေးခိုင်းထားတယ်’’ဟု ကျား ပေါက်က ပြောကြားသည်။

ထို့အပြင် ဆွီဒင်နိုင်ငံတွင် သွားရောက်အသံသွင်းခဲ့သော အခွေသစ်နှင့်ပတ်သက်၍ ကျား ပေါက်က ‘‘ကျွန်တော်တို့ဘက်က တော့ လုပ်စရာရှိတာတွေ အကုန် ပြီးပြီ။ ဟိုဘက်က Mixing ခြောက်ပုဒ်ကျန်တယ်။ ၁၂ ပုဒ်မှာ ခြောက် ပုဒ်က Mixing ပြီးပြီ။ သူတို့ Mixing ဆွဲနေတယ်’’ဟု ပြော သည်။



  ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top