Kantharyar Centre
×





Credit:Thit Htoo Lwin

#Unicode Version
ပြီးခဲ့တဲ့ ဆယ်ရက်လောက်တုန်းက Apple ဟာ Event ပွဲကြီးတစ်ခု ပြုလုပ်ပြီး iPhone 7 နဲ့ Apple Watch Series 2 တွေကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ အတူ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းကလည်း Apple ကုမ္ပဏီက အမျိုးသမီးဝန်ထမ်းတစ်ဦးရဲ့ ထုတ်ဖော်ပြောကြားထားတဲ့ Email တစ်ခုကလည်း လူပြောများလာခဲ့ပါတယ်။

အဲ့ဒါကတော့ Apple ကုမ္ပဏီအလုပ်ခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တခြားခေါင်းပုံဖြတ်ခံရမှုတွေဖြစ်ပေါ်နေတယ်ဆိုပြီး သတင်းတွေထွက်လာခဲ့တာပါ။

ဒါကြောင့် Apple ဟာ ဖုန်းသစ်ထွက်လာမှုနဲ့အတူ ပြသနာတစ်ခု ကပ်ပါလာခဲ့တယ်လို့တောင် ဆိုရမလိုပါပဲ။ Apple HR ဥက္ကဌဖြစ်သူ Denise Young Smith ကတော့ ဒီပြသနာနဲ့ ပတ်သက်တဲ့ စုံစမ်းထားတဲ့ အသံဖိုင်ကို နားထောင်နေပြီဖြစ်ပြီး အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top