Kantharyar Centre
×







#Unicode Version

ချစ်သူမိန်းကလေးအပေါ် လိမ်လည်လှည့်ဖျားတာကို မိသွားတဲ့ လူငယ်ကောင်လေးတစ်ယောက်က သူ့အတွက် သိပ်ကိုကံဆိုး သွားတာပါပဲ။ ကမ္ဘာ့ထိပ်တန်းနည်းပညာ ပစ္စည်းဖြစ်တဲ့ Apple ကုန် ပစ္စည်းတွေက လူတိုင်းမက်မောလောက်ပါတယ်။


ဒီ Apple ရဲ့ အိုင်ဖုန်း၊ တက်ဘလက်၊ အိုင်ပေါ့၊ နားကြပ်၊ မက်ဘုတ်၊ အစရှိသဖြင့် အသုံးအဆောင်တွေအားလုံးကို ရေကန်ထဲနှစ်စိမ်ပြီး တော့ ဖျက်ဆီး ပစ်ခံရတဲ့ ခံစားချက်က သိပ်ကိုဆိုးရွား လှပါတယ်။


ဂျပန်လူငယ် ကောင်လေးတစ်ယောက်က တွစ်တာအကောင့် တစ်ခုမှာ ချစ်သူကောင်မလေး အပြင် အခြားမိန်းကလေးတစ် ယောက်နဲ့ ဖောက်ပြန်ချစ်ဇာတ်လမ်းတွေ ခင်းနေကြတာကို ချစ် သူမိန်းကလေး သိရှိသွားချိန်မှာတော့ အမျက်ဒေါသ ပေါက်ကွဲ ထွက်သွားစေခဲ့ပါတယ်။ ချစ်သူကောင်လေးရဲ့ Apple ပစ္စည်း တွေအားလုံးကို ရေထဲပစ်ချပြီး ဖျက်ဆီးပစ်လိုက်ပါတယ်။


သူမရဲ့ ဒီလိုမျိုး ကိုယ်ကျင့်တရားဖောက်ပြန်မှုအတွက် ဒေါသတ ကြီးနဲ့ ချစ်သူအပေါ် လက်စားချေပြန် လည်တုန့်ပြန်မှုကိုတွစ်တာ အသုံးပြုသူတွေများစွာက အားပေးခဲ့ ကြတယ်လို့ သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top