Kantharyar Centre
×





Credit:Thit Htoo Lwin

#Unicode Version
Apple ဟာ သူတို့ရဲ့ Apple Music App ကိုပြီးခဲ့တဲ့ WWDC ပွဲမှာ ပြန်လည် ဒီဇိုင်းပြင်ဆင်ပြီး ထုတ်လုပ်ခဲ့ကာ အဲ့ဒီအချိန်တုန်းက ကုမ္ပဏီရဲ့ ပြောကြားချက်အရဒီဝန်ဆောင်မှုကို ငွေပေးချေအသုံးပြုသူ ၁၅သန်းကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ iPhone 7 နဲ့ Apple ရဲ့ စမတ်နာရီအသစ်တွေကို ထုတ်ဖော်တဲ့ပွဲမှာ CEO ဖြစ်သူ Tim Cook ရဲ့ ပြောကြားချက်အရ ဒီသုံးလအတွင်းမှာ သီချင်းထုတ်လွှင့်တဲ့ ဝန်ဆောင်မှုအနေနဲ့ နောက်ထပ် သုံးစွဲသူ ၂သန်း ထပ်မံတိုးလာတာပါ။

ဒါပေမယ့်ဒါဟာ Live Stream App တစ်ခုဖြစ်တဲ့ Spotify ရဲ့ Subscriber ပေါင်း သန်း၃၀ကို မီဖို့အတွက် ဝေးနေသေးပေမယ့်လည်း Apple အနေနဲ့ အနာဂါတ်မှာ ဒီထက်တိုးပွားလာဖို့အတွက် မျှော်လင့်ချက်ရှိနေသေးတာပါ။

Tim Cook ရဲ့ ပြောကြားချက်အရ Apple Music အနေနဲ့ ဒီနှစ်အတွင်းမှာ အကျော်ကြားဆုံး တေးသံရှင် ၇၀ခန့်ရှိပြီးအဲ့ဒီအထဲမှာ Taylor Swift, Frank Ocean, Drake စတဲ့နာမည်ကျောအဆိုတော်တွေပါဝင်တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top