Property Expo
×

၂၁၀၆-၂၀၁၇ ပညာသင္ႏွစ္အတြက္ အစိုးရ နည္းပညာေကာလိပ္နဲ႔ စက္မႈလက္မႈသိပၸံ ၂၂ ေက်ာင္းက  AGTI သင္တန္းေတြအတြက္ ေက်ာင္းသားေက်ာင္းသူ ၃၀၀၀ ေက်ာ္ေခၚယူသြားမယ္လုိ႔ သိရပါတယ္။

အစိုးရနည္းပညာေကာလိပ္နဲ႔  စက္မႈလက္မႈသိပၸံတို႔ကေန ၿမိဳ႕ျပ အင္ဂ်င္နီယာသင္တန္း၊ အီလက္ထရြန္နစ္ အင္ဂ်င္နီယာသင္တန္း၊ လွ်ပ္စစ္ စြမ္းအား အင္ဂ်င္နီယာသင္တန္း၊ စက္မႈအင္ဂ်င္နီယာသင္တန္းေတြ ဖြင့္လွစ္သြားမွာျဖစ္ၿပီး ေက်ာင္းအလိုက္ သင္တန္းသား၊ သင္တန္းသူ ၁၆၀ ေလာက္ေခၚယူဖုိ႔ လ်ာထားတယ္လုိ႔ သိရပါတယ္။

"ေက်ာင္းတစ္ေက်ာင္းကို အေယာက္ ၁၆၀ စီနဲ႔ ေခၚယူမွာပါ။ တကၠသိုလ္၀င္တန္းရမွတ္ မလိုပါဘူး။ အဓိကက သခ်ၤာ၊ အဂၤလိပ္ရမွတ္ေပါင္း ၁၅၀ ေလာက္ရတယ္ဆိုရင္ တက္ေရာက္ခြင့္ ရရွိႏုိင္ပါတယ္။ မႏွစ္ကလည္း ႏွစ္ဘာသာေပါင္း ၁၅၀ ေလာက္နဲ႔ ျဖတ္ထားတာပါ"လုိ႔ စက္မႈနည္းပညာနဲ႔ ပူးေပါင္းေဆာင္ရြက္ ေရးဦးစီးဌာနမွ အႀကီးတန္းအရာရွိတစ္ဦးက ေျပာပါတယ္။

ေက်ာင္း၀င္ခြင့္ေတြကုိ ႏို၀င္ဘာလမွာ စိစစ္ေဆာင္ရြက္မွာျဖစ္ၿပီး ႏုိ၀င္ဘာ ၂၅ ရက္မွာ ၀င္ခြင့္ရသူေတြကုိ ေၾကညာေပးသြားမွာျဖစ္ကာ ဒီႏွစ္ ပညာသင္ႏွစ္အတြက္ အစိုးရနည္းပညာေကာလိပ္နဲ႔ အစိုးရစက္မႈလက္မႈ သိပၸံေတြကို ဒီဇင္ဘာ ၁ ရက္မွာ စတင္ဖြင့္လွစ္သြားမယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

၂၁၀၆-၂၀၁၇ ပညာသင်နှစ်အတွက် အစိုးရ နည်းပညာကောလိပ်နဲ့ စက်မှုလက်မှုသိပ္ပံ ၂၂ ကျောင်းက  AGTI သင်တန်းတွေအတွက် ကျောင်းသားကျောင်းသူ ၃၀၀၀ ကျော်ခေါ်ယူသွားမယ်လို့ သိရပါတယ်။

အစိုးရနည်းပညာကောလိပ်နဲ့  စက်မှုလက်မှုသိပ္ပံတို့ကနေ မြို့ပြ အင်ဂျင်နီယာသင်တန်း၊ အီလက်ထရွန်နစ် အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ် စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းအလိုက် သင်တန်းသား၊ သင်တန်းသူ ၁၆၀ လောက်ခေါ်ယူဖို့ လျာထားတယ်လို့ သိရပါတယ်။

"ကျောင်းတစ်ကျောင်းကို အယောက် ၁၆၀ စီနဲ့ ခေါ်ယူမှာပါ။ တက္ကသိုလ်ဝင်တန်းရမှတ် မလိုပါဘူး။ အဓိကက သချၤာ၊ အင်္ဂလိပ်ရမှတ်ပေါင်း ၁၅၀ လောက်ရတယ်ဆိုရင် တက်ရောက်ခွင့် ရရှိနိုင်ပါတယ်။ မနှစ်ကလည်း နှစ်ဘာသာပေါင်း ၁၅၀ လောက်နဲ့ ဖြတ်ထားတာပါ"လို့ စက်မှုနည်းပညာနဲ့ ပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

ကျောင်းဝင်ခွင့်တွေကို နိုဝင်ဘာလမှာ စိစစ်ဆောင်ရွက်မှာဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်မှာ ဝင်ခွင့်ရသူတွေကို ကြေညာပေးသွားမှာဖြစ်ကာ ဒီနှစ် ပညာသင်နှစ်အတွက် အစိုးရနည်းပညာကောလိပ်နဲ့ အစိုးရစက်မှုလက်မှု သိပ္ပံတွေကို ဒီဇင်ဘာ ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top