Property Expo
×

ဖုန္းဆက္လုိ႔ ေရာက္လာခဲ့ၾကေပမဲ့ အကူအညီမေပးဘဲ ဝုိင္း႐ိုက္ခဲ့ၾကပါတယ္။

လူနာတင္ယာဥ္လိုအပ္လို႔ ၉၁၁ ကို ဖုန္းဆက္ေခၚလိုက္တဲ့ အသက္ ၂၁ ႏွစ္အရြယ္ ေတာ္ဝန္ဘိြဳင္းဟာ ရဲေတြ ဝုိင္းဝန္း႐ိုက္ႏွက္ခံရၿပီးတဲ့ေနာက္ ေဆး႐ံုေရာက္လာခဲ့ေပမဲ့ ဆရာဝန္ေတြမွာ သူ႔ကို မကယ္တင္လိုက္ႏုိင္ပါဘူး။

ဖုန္းဆက္သူက ဘိြဳင္းရဲ႕ ရည္းစား ဒီယိုနာပါလုိ႔ ဘယ္လ္တီမိုးေကာင္တီရဲဌာနက ဆိုခဲ့ပါတယ္။

ဒါေပမဲ့ ဘိြဳင္းရဲ႕မိသားစုေရွ႕ေနရဲ႕ ေျပာျပခ်က္အရ ဘိြဳင္းကိုယ္တုိင္ ဖုန္းဆက္ၿပီး လူနာတင္ယာဥ္ေခၚခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။

"တကယ္ေတာ့ သူ႔ကို အနီးဆံုး ေဆး႐ံုကို ေခၚသြားေပးရမွာ" လို႔ ေရွ႕ေန လက္တုိယာဖရန္စစ္ဝီလ်က ေျပာပါတယ္။

ယင္းသတင္းမွာ အခ်ိန္မွဴးဆီက ၾကားသိခဲ့ရဲခင္းျဖစ္ၿပီး သူက ဖုန္းထဲမွာ အမ်ဳိးသမီးတစ္ဦးေအာ္ေနတယ္လို႔ ဆုိခဲ့တဲ့အတြက္ ဖုန္းဆက္သူက ဘိြဳင္းရဲ႕ရည္းစားလုိ႔သာ ရဲက ထင္ခဲံေၾကာင္း သိရပါတယ္။

"သူနဲ႔ စကားေျပာေတာ့ ေခၽြးေတြ ရႊဲနစ္ေနၿပီး စိတ္ေတြကေယာက္ကယက္ျဖစ္ေနတာကို ေတြ႕ရတယ္" လို႔ ရဲတပ္ဖြဲ႕ရဲ႕ အစီရင္ခံစာမွာ ေတြ႕ရပါတယ္။

ဘိြဳင္းဟာ ရဲကားထဲကို ဝင္ဖို႔ႀကိဳးစားတဲ့အတြက္ သူ႔မ်က္ႏွာကို ရဲအရာရွိတစ္ဦးက လက္သီးနဲ႔  ထိုးၿပီး ဖမ္းဆီးခဲ့ရပါတယ္။ရဲအရာရွိတစ္ေယာက္က သူ႔လက္ေတြကို ေခါင္းကို ခ်ပ္ထားၿပီး ေနာက္တစ္ဦးကေတာ့ ဘိြဳင္းရဲ႕ေပါင္ေပၚတက္ထုိင္ဖိထားခဲ့ပါတယ္။ ဘိြဳင္းက အတင္းအဓမၼ႐ုန္းကန္လို႔လို႔ ယင္းအစီရင္ခံမွာ ပါရွိပါတယ္။

မ်က္ျမင္သက္ေသေတြရဲ႕ အေျပာအရေတာ့ "ေတာ္ပါေတာ့..ကၽြန္ေတာ္ အသက္မ႐ွဴႏိုင္ေတာ့ဘူး" လို႔ ဘိြဳင္းက ေအာ္ခဲ့တယ္လို႔ သိရပါတယ္။

လူနာတင္ယာဥ္ေပၚကို ေရာက္ခ်ိန္မွာေတာ့ ရဲအရာရွိေတြ ႐ိုက္ႏွက္ခဲ့တဲ့အတြက္ ဘိြဳင္းမွာ ဒဏ္ရာမ်ားစြာ ရေနခဲ့ေပမဲ့ ႏွလံုးေတာ့ ခုန္ေနေသးတယ္လို႔ သိရပါတယ္။

ဦးေႏွာက္ဖူးေယာင္ျခင္းနဲ႔ ေက်ာက္ကပ္ပ်က္စီးျခင္းတုိ႔ေၾကာင့္ ေဆးကုသခံခဲ့ရတဲ့ ဘိြဳင္းဟာ ေဆး႐ံုမွာ သံုးရက္အၾကာ ေသဆံုးသြားခဲ့ပါတတယ္။

အေလာင္းကို ခြဲစိတ္စစ္ေဆးျခင္းက တစ္လေလာက္ ၾကာျမင့္ႏုိင္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဖုန်းဆက်လို့ ရောက်လာခဲ့ကြပေမဲ့ အကူအညီမပေးဘဲ ဝိုင်းရိုက်ခဲ့ကြပါတယ်။

လူနာတင်ယာဉ်လိုအပ်လို့ ၉၁၁ ကို ဖုန်းဆက်ခေါ်လိုက်တဲ့ အသက် ၂၁ နှစ်အရွယ် တော်ဝန်ဘွိုင်းဟာ ရဲတွေ ဝိုင်းဝန်းရိုက်နှက်ခံရပြီးတဲ့နောက် ဆေးရုံရောက်လာခဲ့ပေမဲ့ ဆရာဝန်တွေမှာ သူ့ကို မကယ်တင်လိုက်နိုင်ပါဘူး။

ဖုန်းဆက်သူက ဘွိုင်းရဲ့ ရည်းစား ဒီယိုနာပါလို့ ဘယ်လ်တီမိုးကောင်တီရဲဌာနက ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဘွိုင်းရဲ့မိသားစုရှေ့နေရဲ့ ပြောပြချက်အရ ဘွိုင်းကိုယ်တိုင် ဖုန်းဆက်ပြီး လူနာတင်ယာဉ်ခေါ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

"တကယ်တော့ သူ့ကို အနီးဆုံး ဆေးရုံကို ခေါ်သွားပေးရမှာ" လို့ ရှေ့နေ လက်တိုယာဖရန်စစ်ဝီလျက ပြောပါတယ်။

ယင်းသတင်းမှာ အချိန်မှူးဆီက ကြားသိခဲ့ရဲခင်းဖြစ်ပြီး သူက ဖုန်းထဲမှာ အမျိုးသမီးတစ်ဦးအော်နေတယ်လို့ ဆိုခဲ့တဲ့အတွက် ဖုန်းဆက်သူက ဘွိုင်းရဲ့ရည်းစားလို့သာ ရဲက ထင်ခဲံကြောင်း သိရပါတယ်။

"သူနဲ့ စကားပြောတော့ ချွေးတွေ ရွှဲနစ်နေပြီး စိတ်တွေကယောက်ကယက်ဖြစ်နေတာကို တွေ့ရတယ်" လို့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

ဘွိုင်းဟာ ရဲကားထဲကို ဝင်ဖို့ကြိုးစားတဲ့အတွက် သူ့မျက်နှာကို ရဲအရာရှိတစ်ဦးက လက်သီးနဲ့  ထိုးပြီး ဖမ်းဆီးခဲ့ရပါတယ်။ရဲအရာရှိတစ်ယောက်က သူ့လက်တွေကို ခေါင်းကို ချပ်ထားပြီး နောက်တစ်ဦးကတော့ ဘွိုင်းရဲ့ပေါင်ပေါ်တက်ထိုင်ဖိထားခဲ့ပါတယ်။ ဘွိုင်းက အတင်းအဓမ္မရုန်းကန်လို့လို့ ယင်းအစီရင်ခံမှာ ပါရှိပါတယ်။

မျက်မြင်သက်သေတွေရဲ့ အပြောအရတော့ "တော်ပါတော့..ကျွန်တော် အသက်မရှူနိုင်တော့ဘူး" လို့ ဘွိုင်းက အော်ခဲ့တယ်လို့ သိရပါတယ်။

လူနာတင်ယာဉ်ပေါ်ကို ရောက်ချိန်မှာတော့ ရဲအရာရှိတွေ ရိုက်နှက်ခဲ့တဲ့အတွက် ဘွိုင်းမှာ ဒဏ်ရာများစွာ ရနေခဲ့ပေမဲ့ နှလုံးတော့ ခုန်နေသေးတယ်လို့ သိရပါတယ်။

ဦးနှောက်ဖူးယောင်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ဆေးကုသခံခဲ့ရတဲ့ ဘွိုင်းဟာ ဆေးရုံမှာ သုံးရက်အကြာ သေဆုံးသွားခဲ့ပါတတယ်။

အလောင်းကို ခွဲစိတ်စစ်ဆေးခြင်းက တစ်လလောက် ကြာမြင့်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top