Kantharyar Centre
×

ရုပ္ရွင္ ပရိသတ္မ်ားၾကားမွာ ေရပန္းစားခဲ့တဲ့ "Fifty Shades of Grey" ဇာတ္လမ္းရဲ ႔ ေနာက္ဆက္တြဲအျဖစ္ "Fifty Shades Darker" ဆိုတဲ့ ဇာတ္လမ္းဟာ မၾကာခင္ထြက္ရွိလာေတာ့မွာပါ။

Vulture ရဲ ႔ စစ္တမ္းေကာက္ယူေဖာ္ျပမႈအရေတာ့ "50 Shades Darker" ဇာတ္လမ္းသစ္အတြက္ အႀကိဳျပသမႈ ေထြလာ ဗီဒီယို ဟာ ပထမဆံုး အြန္လိုင္းေပၚတင္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာပဲ ၾကည့္ရႈသူေပါင္း ၁၄၄ သန္း အထိရွိခဲ့တာေၾကာင့္ အရင္တုန္းက ေထြလာၾကည့္ရႈမႈထဲမွာ အႀကိမ္ေရ ၁၁၂ သန္းအထိၾကည့္ရႈမႈေၾကာင့္ စံခ်ိန္တင္ထားတဲ့ "Star Wars: The Force Awankens" ဇာတ္လမ္းရဲ ႔ စံခ်ိန္ကို ေက်ာ္လြန္သြားခဲ့ပါတယ္။

အဲဒီ ေထြလာမွာလည္း လူေတြကို စိတ္၀င္စားေစမယ့္ ေရခ်ိဳးခန္းထဲက ခ်စ္တင္းေႏွာတဲ့ ဇာတ္၀င္ခန္း အျပင္ အျခားေသာ ဇာတ္လမ္းရဲ ႔ သဲလြန္စ ကို ေဖာ္ျပေပးႏိုင္မယ့္ ဇာတ္၀င္ခန္းေတြကို ေဖာ္ျပေပးထားတာေၾကာင့္လည္း အခုလို ၾကည့္ရႈမႈ စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။

ဒီ ေထြလာ ဗီဒီယို ကို ၾကည့္ရႈသူေတြဟာ အထပ္ထပ္အခါခါ ျပန္လည္ ၾကည့္ရႈခဲ့သလားဆိုတာ မေျပာႏိုင္ေပမယ့္လည္း စံခ်ိန္တင္ႏိုင္ခဲ့တဲ့ ၾကည့္ရႈမႈ အႀကိမ္အေရအတြက္ကေတာ့ အံ့အားသင့္စရာပါပဲ။ "50 Shades Darker" ဇာတ္လမ္းရဲ ႔ ေထြလာ ဗီဒီယိုကိုေတာ့ ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ရုပ်ရှင် ပရိသတ်များကြားမှာ ရေပန်းစားခဲ့တဲ့ "Fifty Shades of Grey" ဇာတ်လမ်းရဲ့ နောက်ဆက်တွဲအဖြစ် "Fifty Shades Darker" ဆိုတဲ့ ဇာတ်လမ်းဟာ မကြာခင်ထွက်ရှိလာတော့မှာပါ။

Vulture ရဲ့ စစ်တမ်းကောက်ယူဖော်ပြမှုအရတော့ "50 Shades Darker" ဇာတ်လမ်းသစ်အတွက် အကြိုပြသမှု ထွေလာ ဗီဒီယို ဟာ ပထမဆုံး အွန်လိုင်းပေါ်တင်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၁၄၄ သန်း အထိရှိခဲ့တာကြောင့် အရင်တုန်းက ထွေလာကြည့်ရှုမှုထဲမှာ အကြိမ်ရေ ၁၁၂ သန်းအထိကြည့်ရှုမှုကြောင့် စံချိန်တင်ထားတဲ့ "Star Wars: The Force Awankens" ဇာတ်လမ်းရဲ့ စံချိန်ကို ကျော်လွန်သွားခဲ့ပါတယ်။

အဲဒီ ထွေလာမှာလည်း လူတွေကို စိတ်ဝင်စားစေမယ့် ရေချိုးခန်းထဲက ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်း အပြင် အခြားသော ဇာတ်လမ်းရဲ့ သဲလွန်စ ကို ဖော်ပြပေးနိုင်မယ့် ဇာတ်ဝင်ခန်းတွေကို ဖော်ပြပေးထားတာကြောင့်လည်း အခုလို ကြည့်ရှုမှု စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဒီ ထွေလာ ဗီဒီယို ကို ကြည့်ရှုသူတွေဟာ အထပ်ထပ်အခါခါ ပြန်လည် ကြည့်ရှုခဲ့သလားဆိုတာ မပြောနိုင်ပေမယ့်လည်း စံချိန်တင်နိုင်ခဲ့တဲ့ ကြည့်ရှုမှု အကြိမ်အရေအတွက်ကတော့ အံ့အားသင့်စရာပါပဲ။ "50 Shades Darker" ဇာတ်လမ်းရဲ့ ထွေလာ ဗီဒီယိုကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top