အႏၱရာယ္ျဖစ္ေစတဲ့ ဓာတုပစၥည္းမ်ားနဲ႔ အပူေပးပစၥည္း ကိရိယာမ်ားသုံးျခင္းျဖင့္ ဆံပင္ပ်က္စီးမႈမရိွဘဲ ဆံႏြယ္စုေတြ ေျဖာင့္ဆင္းေနခ်င္ပါက ဆံသားကို ထိခုိက္ပ်က္စီးမႈမရိွဘဲ ေျဖာင့္ေစႏုိင္တဲ့ မီးဖုိေခ်ာင္သုံး ပစၥည္းတခ်ဳိ႕ရိွပါတယ္။ အလွကုန္ပစၥည္းကုမၸဏီတစ္ခုျဖစ္တဲ့ Anjali's Herbavedic မွ အလွပစၥည္းဆိုင္ရာ အထူးကြ်မ္းက်င္သူ Anjali Chawla က ရွည္လ်ားတဲ့ သင့္ဆံပင္ကို သဘာဝအေလ်ာက္ေျဖာင့္ေစမယ့္ အိမ္တြင္းေဆးနည္းတခ်ိဳ႕ ေဝမွ်ေပးခဲ့ပါတယ္။

သံပုယုိနဲ႔ အုန္းႏုိ႔

ဆံေကသာကို သဘာဝအေလ်ာက္ ေျဖာင့္ေစဖုိ႔အတြက္ သံပုယုိနဲ႔ အုန္းႏုိ႔က အေကာင္းဆုံးပစၥည္းပါတယ္။ ဒီႏွစ္ခု ေပါင္းစပ္လုိက္တဲ့အခါ cream conditioner တစ္ခုအျဖစ္ စြမ္းေဆာင္ေပးျပီး ဆံပင္ေျဖာင့္ေအာင္ ကူညီ ေဆာင္ရြက္ေပးပါတယ္။ ေရာစပ္ျပီးေနာက္ ရလာတဲ့ အရည္ပ်စ္ပ်စ္ကို လိမ္းျပီး ေရေႏြးေႏြးေလးနဲ႔ ေခါင္းေလွ်ာ္ေပးပါ။ အဲဒီအတုိင္း တစ္ပတ္ ၂ ၾကိမ္လုပ္ေပးပါက သိသိသာသာေျပာင္းလဲမႈကို ျမင္ေတြ႔ပါလိမ့္မယ္။

ငွက္ေပ်ာသီး၊ ဒိန္ခဲ၊ ပ်ားရည္နဲ႔ သံလြင္ဆီ

ငွက္ေပ်ာသီး ႏွစ္လုံးကို ပ်ားရည္ထမင္စားဇြန္း (၂) ဇြန္း၊ ဒိန္ခဲနဲ႔ သံလြင္ဆီနဲ႔အတူ ညက္ညက္ေက်ေအာင္ေခ်လိုက္ပါ။ ေကာင္းစြာေရာသမေမႊျပီး ေရခဲေသတၱာထဲ မိနစ္ ၃၀ ထားပါ။ အဲဒီအရည္ပ်စ္ပ်စ္ေလးကို ဆံပင္မွာ လိမ္းျပီး ေရခ်ဳိးကက္ဦးထုပ္ စြပ္လုိက္ပါ။ တစ္နာရီၾကာျပီးေနာက္ ေရေအးနဲ႔ ျပန္လည္ေဆးေၾကာသန္႔စင္ေပးပါ။

ပဲပုပ္ ပဲဆီ

ပဲပုပ္ ပဲဆီ ထမင္းစားဇြန္း (၁) ဇြန္းနဲ႔ castor oil ေရာစပ္ပါ။ ပထမဦးဆုံး အဲဒီေရာထားတဲ့ဟာကို အပူေပးျပီး ျပန္အေအးခံပါ။ ေအးျပီဆုိတာနဲ႔ ဦးေရျပားနဲ႔ ဆံပင္ကို လိမ္းျပီး ခဏႏွိပ္နယ္ေပးပါ။ ႏွိပ္ျပီးေနာက္ မိနစ္ ၃၀ ထားရပါမယ္။ ျပီးေနာက္ ေခါင္းေလွ်ာ္ေပးပါ။

ၾကက္ဥနဲ႔ သံလြင္ဆီ

ၾကက္ဥ (၂) လုံးနဲ႔ သံလြင္ကို ေရာစပ္ပါ။ ရလာတဲ့အရည္ပ်စ္ပ်စ္နဲ႔ ဦးေရျပားကို ႏွိပ္နယ္ျပီး ၁ နာရီ ခန္႔ထားပါ။ ဆံပင္ ေျဖာင့္ေစရုံတင္မက ႏူးည့ံသိမ္ေမြ႔ေစပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများနဲ့ အပူပေးပစ္စည်း ကိရိယာများသုံးခြင်းဖြင့် ဆံပင်ပျက်စီးမှုမရှိဘဲ ဆံနွယ်စုတွေ ဖြောင့်ဆင်းနေချင်ပါက ဆံသားကို ထိခိုက်ပျက်စီးမှုမရှိဘဲ ဖြောင့်စေနိုင်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတချို့ရှိပါတယ်။ အလှကုန်ပစ္စည်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Anjali's Herbavedic မှ အလှပစ္စည်းဆိုင်ရာ အထူးကျွမ်းကျင်သူ Anjali Chawla က ရှည်လျားတဲ့ သင့်ဆံပင်ကို သဘာဝအလျောက်ဖြောင့်စေမယ့် အိမ်တွင်းဆေးနည်းတချို့ ဝေမျှပေးခဲ့ပါတယ်။

သံပုယိုနဲ့ အုန်းနို့

ဆံကေသာကို သဘာဝအလျောက် ဖြောင့်စေဖို့အတွက် သံပုယိုနဲ့ အုန်းနို့က အကောင်းဆုံးပစ္စည်းပါတယ်။ ဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ cream conditioner တစ်ခုအဖြစ် စွမ်းဆောင်ပေးပြီး ဆံပင်ဖြောင့်အောင် ကူညီ ဆောင်ရွက်ပေးပါတယ်။ ရောစပ်ပြီးနောက် ရလာတဲ့ အရည်ပျစ်ပျစ်ကို လိမ်းပြီး ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ပေးပါ။ အဲဒီအတိုင်း တစ်ပတ် ၂ ကြိမ်လုပ်ပေးပါက သိသိသာသာပြောင်းလဲမှုကို မြင်တွေ့ပါလိမ့်မယ်။

ငှက်ပျောသီး၊ ဒိန်ခဲ၊ ပျားရည်နဲ့ သံလွင်ဆီ

ငှက်ပျောသီး နှစ်လုံးကို ပျားရည်ထမင်စားဇွန်း (၂) ဇွန်း၊ ဒိန်ခဲနဲ့ သံလွင်ဆီနဲ့အတူ ညက်ညက်ကျေအောင်ချေလိုက်ပါ။ ကောင်းစွာရောသမမွှေပြီး ရေခဲသေတ္တာထဲ မိနစ် ၃၀ ထားပါ။ အဲဒီအရည်ပျစ်ပျစ်လေးကို ဆံပင်မှာ လိမ်းပြီး ရေချိုးကက်ဦးထုပ် စွပ်လိုက်ပါ။ တစ်နာရီကြာပြီးနောက် ရေအေးနဲ့ ပြန်လည်ဆေးကြောသန့်စင်ပေးပါ။

ပဲပုပ် ပဲဆီ

ပဲပုပ် ပဲဆီ ထမင်းစားဇွန်း (၁) ဇွန်းနဲ့ castor oil ရောစပ်ပါ။ ပထမဦးဆုံး အဲဒီရောထားတဲ့ဟာကို အပူပေးပြီး ပြန်အအေးခံပါ။ အေးပြီဆိုတာနဲ့ ဦးရေပြားနဲ့ ဆံပင်ကို လိမ်းပြီး ခဏနှိပ်နယ်ပေးပါ။ နှိပ်ပြီးနောက် မိနစ် ၃၀ ထားရပါမယ်။ ပြီးနောက် ခေါင်းလျှော်ပေးပါ။

ကြက်ဥနဲ့ သံလွင်ဆီ

ကြက်ဥ (၂) လုံးနဲ့ သံလွင်ကို ရောစပ်ပါ။ ရလာတဲ့အရည်ပျစ်ပျစ်နဲ့ ဦးရေပြားကို နှိပ်နယ်ပြီး ၁ နာရီ ခန့်ထားပါ။ ဆံပင် ဖြောင့်စေရုံတင်မက နူးညံ့သိမ်မွေ့စေပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top