အမ်ိဳးသမီးေတြရဲ႕ ဓမၼတာျဖစ္စဥ္ႏွစ္ျဖစ္တဲ့ အပ်ိဳေဖာ္ဝင္ျခင္းနဲ႔ ေသြးဆံုးခ်ိန္ေတြဟာ ေနာက္က်မယ္ဆုိရင္ ရာစုႏွစ္ကိုးခုစာေလာက္အထိ အသက္႐ွင္ႏိုင္လိမ့္မယ္လုိ႔ သိပၸံပညာ႐ွင္ေတြက ေကာက္ခ်က္ခ်ပါတယ္။

ကယ္လီဖိုးနီးယားတကၠသိုလ္က သိပၸံပညာ႐ွင္ေတြရဲ႕ ေလ့လာမႈမွာ အသက္ ၁၂ ႏွစ္ေက်ာ္မွ အပ်ိဳေဖာ္စဝင္တဲ့ အမ်ိဳးသမီးေတြဟာ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါျပႆနာေတြ ျဖစ္ပြားဖုိ႔ ခဲယဥ္းတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါတင္မက က်န္းမာေရးခ်ိဳ႕တဲ့မႈ ရာခိုင္ႏႈန္းလည္း ပိုနည္းပါးသြားပါတယ္။ အခ်ိန္မတိုင္မီ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသြးဆံုးသြားၾကတဲ့ အမ်ိဳးသမီးေတြဟာ က်န္းမာေရးယိုယြင္းမႈနဲ႔ ရင္ဆိုင္ရၿပီး ေစာေစာေသဆံုးႏိုင္ေျခ ပိုမ်ားပါတယ္။ အမ်ိဳးသမီးေတြရဲ႕ ရာသီေသြးစီးဆင္းမႈ ရပ္ဆုိင္းခ်ိန္ (ေသြးဆံုးခ်ိန္)ဟာ အသက္ ၅၀ ဝန္းက်င္မွာ ျဖစ္ေလ့႐ွိပါတယ္။ အသက္ ၄၀ မတိုင္မီ ေသြးဆံုးျခင္းဟာ အ႐ြယ္မတိုင္မီ ေသဆံုးႏုိင္ဖုိ႔လမ္းစတစ္ခုလည္း ျဖစ္ေနပါတယ္။

အသက္ ၁၂ ႏွစ္ေက်ာ္မွ အပ်ိဳျဖစ္သူေတြနဲ႔ အသက္ ၅၀ ေနာက္ပိုင္းမွ ေသြးဆံုးသူေတြဟာ အသက္ ၉၀ ေလာက္ထိ ႐ွင္သန္ေနထိုင္သြားဖုိ႔ အခြင့္အလမ္းပိုမ်ားတယ္လို႔ ဆန္ေဒးဂိုးေဆးေက်ာင္းက ေဒါက္တာာ အာလာဒင္ ႐ွက္ယပ္ဘ္က ဆိုပါတယ္။ သုေတသီေတြဟာ ေသြးဆံုးခ်ိန္ေနာက္က်တဲ့ အမ်ိဳးသမီး ၁၆၀၀၀ ခန္႔ကို ၂၁ ႏွစ္ၾကာ ေလ့လာခဲ့ရာမွာ ယင္းအမ်ိဳးသမီးေတြဟာ အသက္ ၉၀ အထိ ႐ွင္သန္ေနထိုင္ဖုိ႔အခြင့္အေရး ၅၅ ရာခိုင္ႏႈန္း ပိုမ်ားတာကို ေလ့လာေတြ႔႐ွိခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version


အမျိုးသမီးတွေရဲ့ ဓမ္မတာဖြစ်စဉ်နှစ်ဖြစ်တဲ့ အပျိုဖော်ဝင်ခြင်းနဲ့ သွေးဆုံးချိန်တွေဟာ နောက်ကျမယ်ဆိုရင် ရာစုနှစ်ကိုးခုစာလောက်အထိ အသက်ရှင်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုမှာ အသက် ၁၂ နှစ်ကျော်မှ အပျိုဖော်စဝင်တဲ့ အမျိုးသမီးတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါပြဿနာတွေ ဖြစ်ပွားဖို့ ခဲယဉ်းတယ်လို့ ဖော်ပြထားပါတယ်။ ဒါတင်မက ကျန်းမာရေးချို့တဲ့မှု ရာခိုင်နှုန်းလည်း ပိုနည်းပါးသွားပါတယ်။ အချိန်မတိုင်မီ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးဆုံးသွားကြတဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးယိုယွင်းမှုနဲ့ ရင်ဆိုင်ရပြီး စောစောသေဆုံးနိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေရဲ့ ရာသီသွေးစီးဆင်းမှု ရပ်ဆိုင်းချိန် (သွေးဆုံးချိန်)ဟာ အသက် ၅၀ ဝန်းကျင်မှာ ဖြစ်လေ့ရှိပါတယ်။ အသက် ၄၀ မတိုင်မီ သွေးဆုံးခြင်းဟာ အရွယ်မတိုင်မီ သေဆုံးနိုင်ဖို့လမ်းစတစ်ခုလည်း ဖြစ်နေပါတယ်။

အသက် ၁၂ နှစ်ကျော်မှ အပျိုဖြစ်သူတွေနဲ့ အသက် ၅၀ နောက်ပိုင်းမှ သွေးဆုံးသူတွေဟာ အသက် ၉၀ လောက်ထိ ရှင်သန်နေထိုင်သွားဖို့ အခွင့်အလမ်းပိုများတယ်လို့ ဆန်ဒေးဂိုးဆေးကျောင်းက ဒေါက်တာာ အာလာဒင် ရှက်ယပ်ဘ်က ဆိုပါတယ်။ သုတေသီတွေဟာ သွေးဆုံးချိန်နောက်ကျတဲ့ အမျိုးသမီး ၁၆၀၀၀ ခန့်ကို ၂၁ နှစ်ကြာ လေ့လာခဲ့ရာမှာ ယင်းအမျိုးသမီးတွေဟာ အသက် ၉၀ အထိ ရှင်သန်နေထိုင်ဖို့အခွင့်အရေး ၅၅ ရာခိုင်နှုန်း ပိုများတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top