ေတာင္ကိုရီးယား ေက်ာ္ ၾကားသူစံုတြဲျဖစ္ေသာ ေဘ ေယာင္ဂြၽန္းႏွင့္ ပတ္ဆူဂြၽန္းတို႔ စံုတြဲသည္ ဇိမ္ခံအပန္းေျဖခရီး စဥ္၌ ေငြေၾကးအေျမာက္အျမား သံုးစြဲခဲ့ၾကသည္။

ကိုရီယားနာမည္ေက်ာ္ သ႐ုပ္ေဆာင္မင္းသား ေဘ ေယာင္ဂြၽန္းႏွင့္ဇနီးသည္ ေတာင္ ကိုရီးယားႏိုင္ငံ နမ္ဟယ္စီရင္စုရွိ Southcape အပန္းေျဖစခန္း၌ မၾကာေသးမီက အပန္းေျဖအနား ယူခဲ့ၾကသည္။ ၎တို႔ဇနီးေမာင္ႏွံ သည္ တစ္ညတာ တည္းခိုစရိတ္ ကိုရီးယားဝမ္ ၁၀ သန္း (ကန္ေဒၚ လာ ၉,၀၀၀ ခန္႔)က်သင့္ေသာ ပင္လယ္ျပင္႐ႈခင္းၾကည့္ေတာင္ ထိပ္အပန္းေျဖစံအိမ္၌ တည္းခိုခဲ့ ၾကသည္။

  အပန္းေျဖစခန္းသည္ ေဂါက္႐ိုက္ျခင္း၊ ေရပူစမ္းမ်ား၊ ေတးဂီတခန္းမမ်ား၊ အားကစား ခန္းမ၊ ပင္လယ္ကမ္းေျခ၌ ေယာဂက်င့္ျခင္းကဲ့သို႔ ေဖ်ာ္ေျဖေရး ဝန္ ေဆာင္မႈမ်ားလည္းေပးေလ့ရွိ သည္။  ေဘေယာင္ဂြၽန္းတို႔ ဇနီး ေမာင္ႏွံသည္   ယင္းအပန္းေျဖ စခန္း၌ ေနထိုင္စဥ္ လမ္းေလွ်ာက္ ျခင္း၊ ေရကူးျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။ ပထမဆံုးရင္ေသြးေလးကို  လြယ္ထားရသည့္ ပတ္ဆူဂ်င္း အတြက္ အပန္းေျဖခရီးထြက္ ျခင္းျဖစ္သည္ဟု ယူဆၾကသည္။

၂၀၁၅ ဇူလိုင္က လက္ထပ္ ခဲ့ၾကေသာ ပတ္ေယာင္ဂြၽန္းတို႔ ဇနီးေမာင္ႏွံသည္ မဂၤလာဦး ပ်ားရည္ဆမ္းခရီးကို ယင္းအပန္းေျဖစခန္း၌ပင္    ကုန္ဆံုးခဲ့ၿပီး   ထုိအခ်ိန္က ကိုရီးယားဝမ္ဘီလီယံ ၇ ဒသမ ၅ အထိတန္ေၾကးရွိေသာ အပန္းေျဖစံအိမ္၌ ေနထိုင္ခဲ့သည္ ဟု Hancinema သတင္းက ေဖာ္ျပခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day Daily

#Unicode Version

 တောင်ကိုရီးယား ကျော် ကြားသူစုံတွဲဖြစ်သော ဘေ ယောင်ဂျွန်းနှင့် ပတ်ဆူဂျွန်းတို့ စုံတွဲသည် ဇိမ်ခံအပန်းဖြေခရီး စဉ်၌ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ကြသည်။

ကိုရီယားနာမည်ကျော် သရုပ်ဆောင်မင်းသား ဘေ ယောင်ဂျွန်းနှင့်ဇနီးသည် တောင် ကိုရီးယားနိုင်ငံ နမ်ဟယ်စီရင်စုရှိ Southcape အပန်းဖြေစခန်း၌ မကြာသေးမီက အပန်းဖြေအနား ယူခဲ့ကြသည်။ ၎င်းတို့ဇနီးမောင်နှံ သည် တစ်ညတာ တည်းခိုစရိတ် ကိုရီးယားဝမ် ၁၀ သန်း (ကန်ဒေါ် လာ ၉,၀၀၀ ခန့်)ကျသင့်သော ပင်လယ်ပြင်ရှုခင်းကြည့်တောင် ထိပ်အပန်းဖြေစံအိမ်၌ တည်းခိုခဲ့ ကြသည်။

  အပန်းဖြေစခန်းသည် ဂေါက်ရိုက်ခြင်း၊ ရေပူစမ်းများ၊ တေးဂီတခန်းမများ၊ အားကစား ခန်းမ၊ ပင်လယ်ကမ်းခြေ၌ ယောဂကျင့်ခြင်းကဲ့သို့ ဖျော်ဖြေရေး ဝန် ဆောင်မှုများလည်းပေးလေ့ရှိ သည်။  ဘေယောင်ဂျွန်းတို့ ဇနီး မောင်နှံသည်   ယင်းအပန်းဖြေ စခန်း၌ နေထိုင်စဉ် လမ်းလျှောက် ခြင်း၊ ရေကူးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ပထမဆုံးရင်သွေးလေးကို  လွယ်ထားရသည့် ပတ်ဆူဂျင်း အတွက် အပန်းဖြေခရီးထွက် ခြင်းဖြစ်သည်ဟု ယူဆကြသည်။

၂၀၁၅ ဇူလိုင်က လက်ထပ် ခဲ့ကြသော ပတ်ယောင်ဂျွန်းတို့ ဇနီးမောင်နှံသည် မင်္ဂလာဦး ပျားရည်ဆမ်းခရီးကို ယင်းအပန်းဖြေစခန်း၌ပင်    ကုန်ဆုံးခဲ့ပြီး   ထိုအချိန်က ကိုရီးယားဝမ်ဘီလီယံ ၇ ဒသမ ၅ အထိတန်ကြေးရှိသော အပန်းဖြေစံအိမ်၌ နေထိုင်ခဲ့သည် ဟု Hancinema သတင်းက ဖော်ပြခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top