ဆြစ္ဇာလန္မွာ အမ်ိဳးသမီးတစ္ဦးဆီက ဖုန္းခါးပိုက္ႏႈိက္သြားတဲ့ အမ်ိဳးသားတစ္ဦးဟာ လူေ႐ြးမွားသြားခဲ့တာေၾကာင့္ ဖုန္းမရလိုက္ပဲ ပညာျပခံလုိက္ရပါတယ္။

ဆြီဒင္ရဲတပ္ဖြဲ႔မွာ တာဝန္ထမ္းေဆာင္တဲ့ ရဲေမတစ္ဦးက သူမတာဝန္နားေနခ်ိန္မွာ သူငယ္ခ်င္း ျဖစ္သူနဲ႔အတူ စေတာ့ဟုမ္းလ္က ပန္းၿခံတစ္ခုအတြင္း ေနပူဆာ လံႈေနခဲ့တာျဖစ္ပါတယ္။ သူတို႔အနီးကို အမ်ိဳးသားတစ္ဦးက မဂၢဇင္းေရာင္းတဲ့သူ ေယာင္ေဆာင္ကာ အနားကပ္လာၿပီး စမတ္ဖုန္းတစ္လံုး ခိုးယူသြားခဲ့တာပါ။ မီခယ္လာကယ္လ္နာလို႔ အမည္ရတဲ့ အဆိုပါရဲေမက သူတို႔ဆီမွာ မဂၢဇင္း လာေရာင္းတဲ့ အမ်ိဳးသားရဲ႕ပံုစံ မူမမွန္တာကို ရဲတစ္ေယာက္ ပီပီ ရိပ္မိခဲ့ပါတယ္။

ဒါေၾကာင့္ပဲ အဆိုပါအမ်ိဳးသား ထြက္သြားၿပီးတဲ့ေနာက္ သူမရဲ႕ သူငယ္ခ်င္းကို ပစၥည္းေတြ စစ္ေဆးဖို႔ သတိေပးခဲ့ပါတယ္။ သူတို႔ရဲ႕ုဖုန္းေပ်ာက္ဆံုးသြားေၾကာင္း သတိထားမိၿပီးေနာက္ ၁၅ မီတာ အကြာအေဝးေလာက္ ေရာက္ေနၿပီျဖစ္တဲ့ ခါးပိုက္ႏိႈက္ကို သူမက လံုးေထြးဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ဆွစ်ဇာလန်မှာ အမျိုးသမီးတစ်ဦးဆီက ဖုန်းခါးပိုက်နှိုက်သွားတဲ့ အမျိုးသားတစ်ဦးဟာ လူရွေးမှားသွားခဲ့တာကြောင့် ဖုန်းမရလိုက်ပဲ ပညာပြခံလိုက်ရပါတယ်။

ဆွီဒင်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်တဲ့ ရဲမေတစ်ဦးက သူမတာဝန်နားနေချိန်မှာ သူငယ်ချင်း ဖြစ်သူနဲ့အတူ စတော့ဟုမ်းလ်က ပန်းခြံတစ်ခုအတွင်း နေပူဆာ လှုံနေခဲ့တာဖြစ်ပါတယ်။ သူတို့အနီးကို အမျိုးသားတစ်ဦးက မဂ္ဂဇင်းရောင်းတဲ့သူ ယောင်ဆောင်ကာ အနားကပ်လာပြီး စမတ်ဖုန်းတစ်လုံး ခိုးယူသွားခဲ့တာပါ။ မီခယ်လာကယ်လ်နာလို့ အမည်ရတဲ့ အဆိုပါရဲမေက သူတို့ဆီမှာ မဂ္ဂဇင်း လာရောင်းတဲ့ အမျိုးသားရဲ့ပုံစံ မူမမှန်တာကို ရဲတစ်ယောက် ပီပီ ရိပ်မိခဲ့ပါတယ်။

ဒါကြောင့်ပဲ အဆိုပါအမျိုးသား ထွက်သွားပြီးတဲ့နောက် သူမရဲ့ သူငယ်ချင်းကို ပစ္စည်းတွေ စစ်ဆေးဖို့ သတိပေးခဲ့ပါတယ်။ သူတို့ရဲ့ုဖုန်းပျောက်ဆုံးသွားကြောင်း သတိထားမိပြီးနောက် ၁၅ မီတာ အကွာအဝေးလောက် ရောက်နေပြီဖြစ်တဲ့ ခါးပိုက်နှိုက်ကို သူမက လုံးထွေးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top