ေတာက္ပ႐ႊန္းစိုတဲ့ မ်က္ဝန္းေလးေတြ၊ ဆြဲေဆာင္မႈအားေကာင္းျပီး ရီေဝညႇိဳ႕ငင္တဲ့မ်က္၀န္းေတြဆိုရင္ လူတိုင္းက သေဘာက်ေငးေမာၾကရတာအမွန္ပါ။ ဒါေပမယ့္ မ်က္လံုးေလးေတြ အရမ္းလွလြန္းေနတာ ေကာင္းတဲ့အခ်က္ရွိသလို မေကာင္းတဲ့အခ်က္လည္းရွိေနပါတယ္။

၁။ တျခားအလွေတြမေပၚလြင္ေတာ့ဘူး

တကယ္တမ္းေတာ့ လူတစ္ေယာက္မွာ အလွတစ္ေနရာပဲရွိေနတယ္လို႕ ေျပာလို႕မရပါဘူး။ မ်က္ဝန္းတစ္စံုကပဲ ထင္ရွားဆြဲေဆာင္လြန္းျပီး လွလြန္းေနေတာ့ ကိုယ့္စတိုင္လ္၊ ကိုယ့္အျပင္အဆင္နဲ႕ ကိုယ့္တျခားအလွတရားေတြကို လူေတြက ဘယ္လိုမွသတိမထားမိသလို ျဖစ္လာပါေတာ့တယ္။

၂။ ေနကာမ်က္မွန္နဲ႕စတိုင္လ္ထုတ္လို႕မရေတာ့ဘူး

ေသခ်ာပါတယ္။ မ်က္လံုးလွလွေလးေတြပိုင္ဆုိင္ထားပါတယ္ဆိုမွ ေနကာမ်က္မွန္ၾကီးနဲ႕ကြယ္ထားတာမ်ိဳး ေတာ္ရံုမလုပ္ျဖစ္ေတာ့ပါဘူး။ ကိုယ္က ေနကာမ်က္မွန္တပ္ထားရင္ေတာင္ သိတဲ့သူေတြက "နင့္မ်က္လံုးေလးေတြကလွလိုက္တာ ေနကာမ်က္မွန္ၾကီးဖယ္ထားလိုက္" စသျဖင့္တိုက္တြန္းၾကမွာေသခ်ာပါတယ္။

၃။ ေယာက်္ားပီသတယ္လို႕သိပ္မထင္ေတာ့ဘူး

ဒါကေတာ့ မ်က္လံုးလွလြန္းတဲ့ေယာက်္ားေလးေတြ ၾကံဳရတဲ့ျပႆနာပါ။ ေမြးရာပါ မ်က္၀န္းျပာျပာေလးေတြ၊ စိမ္းလဲ့လဲ့ေလးေတြပိုင္ဆုိင္ထားတဲ့ ေယာက်္ားေလးေတြဟာ ေခ်ာေန၊ ခ်စ္ဖုိ႕ေကာင္းေနၾကတာမွန္ေပမယ့္ တည္ၿငိမ္ရင့္က်က္ျပီး ေယာက်္ားပီသတဲ့သူလို႕ သတ္မွတ္ခံရဖို႕ ရာခိုင္ႏႈန္းနည္းသြားပါတယ္။

၄။ သိသာလြန္းေနတယ္

ကိုယ့္မ်က္လံုးကိုပဲ စိုက္ၾကည့္အကဲခတ္တဲ့ဒဏ္ေတြကိုလည္း အျမဲတေစခံရဖို႕ျပင္ထားပါ။ ထူးျခားလွပေနတဲ့ မ်က္လံုးတစ္စံုေၾကာင့္ ၾကာလာရင္ အေနခက္ရတဲ့အျဖစ္မ်ိဳး ျဖစ္ေကာင္းျဖစ္လာႏုိင္ပါတယ္။

၅။ မနာလိုခံရတယ္

ဒါကေတာ့ရွင္းပါတယ္။ လွလြန္းတဲ့အရာတစ္ခုခု ပိုင္ဆုိင္ထားရင္ လူေတြမနာလိုတတ္ၾကတာ သဘာ၀ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicoad Version

 တောက်ပရွှန်းစိုတဲ့ မျက်ဝန်းလေးတွေ၊ ဆွဲဆောင်မှုအားကောင်းပြီး ရီဝေညှို့ငင်တဲ့မျက်ဝန်းတွေဆိုရင် လူတိုင်းက သဘောကျငေးမောကြရတာအမှန်ပါ။ ဒါပေမယ့် မျက်လုံးလေးတွေ အရမ်းလှလွန်းနေတာ ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့အချက်လည်းရှိနေပါတယ်။

၁။ တခြားအလှတွေမပေါ်လွင်တော့ဘူး

တကယ်တမ်းတော့ လူတစ်ယောက်မှာ အလှတစ်နေရာပဲရှိနေတယ်လို့ ပြောလို့မရပါဘူး။ မျက်ဝန်းတစ်စုံကပဲ ထင်ရှားဆွဲဆောင်လွန်းပြီး လှလွန်းနေတော့ ကိုယ့်စတိုင်လ်၊ ကိုယ့်အပြင်အဆင်နဲ့ ကိုယ့်တခြားအလှတရားတွေကို လူတွေက ဘယ်လိုမှသတိမထားမိသလို ဖြစ်လာပါတော့တယ်။

၂။ နေကာမျက်မှန်နဲ့စတိုင်လ်ထုတ်လို့မရတော့ဘူး

သေချာပါတယ်။ မျက်လုံးလှလှလေးတွေပိုင်ဆိုင်ထားပါတယ်ဆိုမှ နေကာမျက်မှန်ကြီးနဲ့ကွယ်ထားတာမျိုး တော်ရုံမလုပ်ဖြစ်တော့ပါဘူး။ ကိုယ်က နေကာမျက်မှန်တပ်ထားရင်တောင် သိတဲ့သူတွေက "နင့်မျက်လုံးလေးတွေကလှလိုက်တာ နေကာမျက်မှန်ကြီးဖယ်ထားလိုက်" စသဖြင့်တိုက်တွန်းကြမှာသေချာပါတယ်။

၃။ ယောကျ်ားပီသတယ်လို့သိပ်မထင်တော့ဘူး

ဒါကတော့ မျက်လုံးလှလွန်းတဲ့ယောကျ်ားလေးတွေ ကြုံရတဲ့ပြဿနာပါ။ မွေးရာပါ မျက်ဝန်းပြာပြာလေးတွေ၊ စိမ်းလဲ့လဲ့လေးတွေပိုင်ဆိုင်ထားတဲ့ ယောကျ်ားလေးတွေဟာ ချောနေ၊ ချစ်ဖို့ကောင်းနေကြတာမှန်ပေမယ့် တည်ငြိမ်ရင့်ကျက်ပြီး ယောကျ်ားပီသတဲ့သူလို့ သတ်မှတ်ခံရဖို့ ရာခိုင်နှုန်းနည်းသွားပါတယ်။

၄။ သိသာလွန်းနေတယ်

ကိုယ့်မျက်လုံးကိုပဲ စိုက်ကြည့်အကဲခတ်တဲ့ဒဏ်တွေကိုလည်း အမြဲတစေခံရဖို့ပြင်ထားပါ။ ထူးခြားလှပနေတဲ့ မျက်လုံးတစ်စုံကြောင့် ကြာလာရင် အနေခက်ရတဲ့အဖြစ်မျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

၅။ မနာလိုခံရတယ်

ဒါကတော့ရှင်းပါတယ်။ လှလွန်းတဲ့အရာတစ်ခုခု ပိုင်ဆိုင်ထားရင် လူတွေမနာလိုတတ်ကြတာ သဘာဝပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top